တစ်ခါမှ လက်ဆောင်မရဖူးခဲ့လို့ အရုပ်လေးကို တင်းကျပ်စွာ ဖက်ထားရင်း မပျော်ရွှင်ဘဲ မနေနိုင်တဲ့ ပင်လယ်ဖျံတစ်ကောင်ရဲ့ ချစ်စဖွယ်မြင်ကွင်း

ပင်လယ်ဖျံများဟာ ချစ်စရာကောင်းသော နို့တိုက်သတ္တဝါများဖြစ်ပြီး ဒီသတ္တဝါတွေရဲ့ ချစ်စရာကောင်းတဲ့ ဓါတ်ပုံတွေကို တော်တော်များများ လူမှုကွန်ရက်ပေါ်မှာ တွေ့ဖူးကြမှာပါ။ ဒီချစ်စရာကောင်းတဲ့ ပင်လယ်ဖျံလေးတစ်ကောင်ကတော့ ပျော်စရာကိစ္စလေးတစ်ခုကြောင့် ဓာတ်ပုံဆရာကို ဝှေ့ယမ်းပြပြီး ကင်မရာဖက်ကို မျက်လုံးတစ်ဖက်မှိတ်ပြရင်း ရွှင်လန်းပျော်ရွှင်နေခဲ့ပါတယ်။ ဤဓာတ်ပုံများဟာ အင်တာနက်အသုံးပြုသူများ၏ မသေချာမရေရာသောနေ့ရက်များအတွင်း အလွန်လိုအပ်နေတဲ့ အပြုံးနှင့်ရယ်မောခြင်းကို အမြဲဆောင်ကြဉ်းပေးနေခဲ့ပါတယ်။ အောက်ဖော်ပြပါပုံများက သင့်နှလုံးသားကို အရည်ပျော်စေမှာပါ။ ဒီပင်လယ်ဖျံလေးတစ်ကောင်ဟာ သူ့ကိုယ်ပွါး အရုပ်သေးသေးလေးကို လက်ခံရရှိတဲ့အတွက် မပျော်ရွှင်ဘဲမနေနိုင်ခဲ့ပါဘူး။

.

သူ့အရုပ်ကို ပွေ့ဖက်တာကိုမတားနိုင်ဘဲ သူဟာ သူအရမ်းချစ်ပြီး သဘောကျကြောင်းကိုပါ ပြသနေခဲ့ပါတယ်။ ဤအရာဟာ ယခုအချိန်အထိ သူရရှိတဲ့ အံ့သြဖွယ်အကောင်းဆုံးအရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပင်လယ်ဖျံလေးရဲ့ချစ်စရာကောင်းတဲ့အမူအရာလေးဟာ အကြိုက်ဆုံးလက်ဆောင်တစ်ခုပေးတဲ့အခါ ကျွန်တော်တို့အား ဘယ်လောက်တောင်ပျော်ရွှင်စေကြောင်းကို အမှတ်ရစေပါတယ်။

.

ဥပမာ ကျွန်တော်တို့စိတ်နှလုံးသားရဲ့ အခက်ခဲဆုံး အစိတ်အပိုင်းများကို ပျော့ပျောင်းစေသည့် အံ့အားသင့်စရာတစ်ခုလိုပေါ့ဗျာ။ ပျော်ရွှင်မှုဆိုတာ တစ်ခါတရံမှာ ရိုးရှင်းပါတယ်။ အဆိုပါ ရေနေသတ္တဝါဟာ ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုးခရိုင်ရှိ ဆွဲဆောင်မှုရှိတဲ့ Mombetsu Land တွင် နေထိုင်လျက်ရှိပြီး ၊

.

၎င်းရဲ့ မီနီကိုယ်ပွါးအရုပ်လေးက တိရိစ္ဆာန်ရုံဝန်ထမ်းများထံမှ သူ့အတွက် ဖန်တီးပေးထားတဲ့အထူးလက်ဆောင်တစ်ခုဘဲဖြစ်ပါတယ်။ မြင်တွေ့ရတဲ့အတိုင်း ရေနေနို့တိုက်သတ္တဝါများဟာလည်း ကလေးအားလုံးနီးပါးကဲ့သို့ အရုပ်များကို နှစ်သက်ကြပါတယ်။ ၎င်းတို့က အရုပ်တွေကို ၎င်းတို့ရဲ့ သူငယ်ချင်းလို့ မှတ်ယူကြပြီး နေရာတိုင်းသို့ ကိုယ်နှင့်တစ်ပါးတည်း ယူဆောင်သွားခြင်းကိုလည်း မရပ်တန့်နိုင်ကြပါဘူး။ စာဖတ်သူတို့အနေနဲ့ ပင်ပန်းနွမ်းနယ်နေတဲ့နေ့အတွက် ဗီတာမင်တွေကို ရှာဖွေနေတယ်ဆိုရင်တော့ ဒီပုံလေးတွေကို ကြည့်လိုက်ပါ။ အနည်းဆုံးတော့ ဒီချစ်စရာကောင်းတဲ့ ပင်လယ်ဖျံလေးရဲ့ ချစ်စရာအမူအရာများ၊ စစ်မှန်သောခံစားချက်များကို ခံစားမိသွားမှာပါ။

Mia (Mckzone daily)

Reference : aubtu

Be the first to comment on "တစ်ခါမှ လက်ဆောင်မရဖူးခဲ့လို့ အရုပ်လေးကို တင်းကျပ်စွာ ဖက်ထားရင်း မပျော်ရွှင်ဘဲ မနေနိုင်တဲ့ ပင်လယ်ဖျံတစ်ကောင်ရဲ့ ချစ်စဖွယ်မြင်ကွင်း"

Leave a comment

Your email address will not be published.


*