သားသမီး၊မြေးတွေနဲ့ အတူနေထိုင်ပေမဲ့ မိသားစုအဆင်မပြေမှုကြောင့် အလုပ်လုပ်ခဲ့ရာ လက်မှာဒဏ်ရာရရှိတဲ့ အသက် ၈၁ နှစ်အဘွားကို ကူညီခဲ့တဲ့ အမျိုးသား




Jasmine (Mckzone daily)

Reference : sanook

Unicode

ထိုင်းနိုင်ငံ၊ ချင်းမိုင်းခရိုင်ရှိ Northern Hug အဖွဲ့မှ ကိုယ်စားလှယ် Mr. Pek Mae Chaem ဟာ တောထဲမှာရှိတဲ့ Sam Sop ကျောင်းကို သွားပြီး ကျောင်းသားများအတွက် ဖိနပ်နဲ့ အဆာပြေမုန့်များ ယူဆောင်လားရင်း သွားရောက် လေ့လာခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ် ။ အဲ့ဒီနောက် Sam Sop ကျေးရွာရှိ ဆင်းရဲနွမ်းပါးတဲ့ ရွာသူရွာသားများကို သွားရောက်တွေ့ဆုံခဲ့ပါတယ် ။ အိမ်တစ်အိမ်မှာ အဘွားဖြစ်သူ ကရင်တိုင်းရင်းသားတစ်ဦးဖြစ်တဲ့ မမာဝါ ကော်သန့်က အသက် ၈၁ နှစ်ရှိပြီး တဲအိမ်မှာ နေထိုင်ကာ အဘွားက ညာလက်ခလယ်မှာ ဒဏ်ရာ ရရှိခဲ့ကြောင်း တွေ့ခဲ့ပါတယ် ။

အဆိုပါအဆစ်ရဲ့အဆုံးမှာ ရောင်ရမ်းခြင်းနဲ့ ပုပ်ခြင်းရဲ့ အသွင်အပြင်ကို အရိုးမှာ မြင်နိုင်ပါတယ် ။ အဘွား မမာဝါက ခင်ပွန်းသေဆုံးသွားပြီးဖြဖစ်ကြောင်း သူမမှာ သားသမီး ၅ ဦး ထွန်းကားပြီး ၃ ဦး သေဆုံးကာ ၂ ဦး အတူနေထိုင်ခဲ့ကြောင်း သိရပါတယ် ။ အထီးကျန်စိတ်ဝေဒနာ ခံစားနေရတဲ့ အခြားမြေးတစ်ဦးနဲ့ ဆင်းရဲမွဲတေမှုဖြင့် ခဲရာခဲဆစ် ယှဉ်တွဲနေထိုင်ပြီး လွန်ခဲ့တဲ့ ၂နှစ်ခန့်က ထင်းသွားရှာစဉ် ပြုတ်ကျကာ ညာလက်ရဲ့ လက်ခလယ်မှာ ကျောက်တုံးတစ်တုံးနဲ့ ထိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ် ။

ဆွေမျိုးများက မယ်ချန်ဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့ အလုပ်သွားလုပ်ရတော့ ရလဒ်အနေနဲ့ ဒဏ်ရာက ပုပ်ပြီး ရောင်လာပါတယ် ။ ထို့ကြောင့် Northern Hug အဖွဲ့ကို ဦးဆောင်တဲ့ Peck Mae Chaem က အဘွားအိုကို မယ်ချန်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အစာခြောက်၊ ကြက်ဥ၊ ဆန်နဲ့ ငွေများ ပေးအပ်လှူဒါန်းခဲ့ပါတယ် ။

Jasmine (Mckzone daily)

Be the first to comment on "သားသမီး၊မြေးတွေနဲ့ အတူနေထိုင်ပေမဲ့ မိသားစုအဆင်မပြေမှုကြောင့် အလုပ်လုပ်ခဲ့ရာ လက်မှာဒဏ်ရာရရှိတဲ့ အသက် ၈၁ နှစ်အဘွားကို ကူညီခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*