ကျောင်းစတက်တဲ့နေ့မှာ ကိုယ်ပိုင်ပိုက်ဆံနဲ့ ဝယ်ထားတဲ့ ကြက်အရေခွံကြော်တစ်ထုပ်ဝယ်ပေးလိုက်ရလို့ ကျေနပ်ဝမ်းသာနေခဲ့တဲ့ 6 နှစ်အရွယ် ကောင်မလေး

Surprise ဆိုတဲ့အရာတွေက ပုံစံအမျိုးမျိုးနဲ့ လာတတ်ပေမယ့် မိဘတွေအတွက် အမှတ်တရအဖြစ်ဆုံးကတော့ သူတို့ရဲ့ ချစ်ရတဲ့ သားသမီးတွေဆီကနေ လာတဲ့ surprise တွေဘဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ (ဇန်နဝါရီ ၁၇ ရက်နေ့) မှာ အလှအပနှင့် နေထိုင်မှုပုံစံ influencer တစ်ဦးဖြစ်တဲ့ In Bong QiuQiu အမည်ရှိအမျိုးသမီးတစ်ဦးဟာ သူမရဲ့အသက် 6 နှစ်အရွယ် Meredith အမည်ရှိသမီးလေးက ၎င်းရဲ့ကိုယ်ပိုင်မုန့်ဖိုးဖြင့်သုံးပြီး ဝယ်ထားတဲ့ popcorn chicken တစ်ထုပ်နဲ့ သူမအား အံ့အားသင့်စေခဲ့ပုံကို သူမ Facebook ပို့စ်မှာ ပြန်လည်ဝေမျှခဲ့ပါတယ်။ မူလတန်းကျောင်းသူ Meredith ဟာ ကျောင်းတက်ပြီး တစ်ပတ်အကြာမှာ popcorn chicken နဲ့ သူမအမေကို အံ့အားသင့်စေခဲ့တာဘဲဖြစ်ပါတယ်။

.

.

.

သူမ ကျောင်းတက်တာ ရက်သတ္တပတ်များသာရှိသေးပေမဲ့လည်း Meredith ဟာ သူမကြိုက်နှစ်သက်တဲ့ “ကြက်သားအရေခွံ” လို့ခေါ်တဲ့ သရေစာတစ်မျိုးကို သူမ ကျောင်းရဲ့ကန်တင်းမှာ ရှာတွေ့နေခဲ့ပြီဖြစ်ပြီး Meredith ဟာ သူမ ကိုယ်ပိုင်ပိုက်ဆံအလုံအလောက်ရှိတဲ့အခါ သူမရဲ့ ထို ‘ လျှို့ဝှက်ရှာဖွေတွေ့ရှိမှု ‘ ကို သူမရဲ့မိဘများအား အားအံ့သင့်စေရန် လွန်စွာ စိတ်အားထက်သန်နေခဲ့ပုံရပါတယ်။ မိခင် QiuQiu က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက် သောကြာနေ့မှာ ကျောင်းကပြန်မဲ့ သမီး Meredith ကို လာကြိုစဉ် Meredith က ‘popcorn chicken ‘ အထုပ်သေးသေးလေးတစ်ထုပ်ကို စိတ်လှုပ်ရှားဆွဲလာခြင်းဖြင့် သူမကို အံ့အားသင့်စေခဲ့ကြောင်း ဆိုထားပါတယ်။

.

.

.

Popcorn chicken က အကောင်းစားအစားအစာမဟုတ်ပေမဲ့လည်း သူမရဲ့ကိုယ်ပိုင်ပိုက်ဆံနဲ့ မိသားစုအတွက် တစ်စုံတစ်ခုကို ပထမဆုံးအကြိမ် ဝယ်ယူနိုင်ခဲ့ခြင်းအတွက် သူမက ” ကျေနပ် ပီတိဖြစ်ပြီး ပျော်ရွှင်နေခဲ့တယ်” လို့ QiuQiu က ပြောကြားခဲ့ပါတယ်။ တစ်ခါတရံ ဘဝမှာ အရေးကြီးတဲ့အရာတွေက ရိုးရှင်းသလို ပျော်ရွှင်မှုကလည်း အမှန်တကယ်မည်မျှ ရိုးရှင်းကြောင်း ကျွန်တော်တို့အား သတိရစေပါတယ်။ သူမရဲ့မိဘများအတွက် စိတ်အားထက်သန်နေခဲ့တဲ့ Meredith လေးရဲ့စပရိုက်လေးက စာဖတ်သူတို့အားလုံးကို ပြုံးရွှင်သွားစေမယ်လို့ မျှော်လင့်ပါတယ်ဗျာ ။

JRose (Mckzone daily)

Reference : mustsharenews

Be the first to comment on "ကျောင်းစတက်တဲ့နေ့မှာ ကိုယ်ပိုင်ပိုက်ဆံနဲ့ ဝယ်ထားတဲ့ ကြက်အရေခွံကြော်တစ်ထုပ်ဝယ်ပေးလိုက်ရလို့ ကျေနပ်ဝမ်းသာနေခဲ့တဲ့ 6 နှစ်အရွယ် ကောင်မလေး"

Leave a comment

Your email address will not be published.


*