ဘူဖေးဆိုတိုင်း ဆူရှီတွေကို အလွန်အကျွံစားသုံးခဲ့ပြီးနောက် နောက်နေ့မနက်မှာဘဲ ဆေးရုံတန်းရောက်သွားခဲ့ရတဲ့ မိန်းကလေးတစ်ဦး

ဆူရှီအား ဘူဖေးစားခဲ့တဲ့ အမျိုးသမီးတစ်ဦးဟာ ဆေးရုံကို ခရီးထွက်ဖို့ အဆုံးသတ်သွားခဲ့ရပါတယ်။ အသက် ၂၄ နှစ်အရွယ် Danielle Shapiro အမည်ရှိမိန်းကလေးတစ်ဦးဟာ မကြာသေးမီညတစ်ညမှာ ကယ်လီဖိုးနီးယားတွင် စားသုံးသူတို့ စားချင်သလောက်ယူစားနိုင်တဲ့ ဒေါ်လာ ၅၀ ပေးရသည့် ဆူရှီဘူဖေးဆိုင်တစ်ဆိုင်သို့ သွားရောက်ခဲ့ပါတယ်။ TikTok တွင် @daniellesap အသုံးပြုသူအဖြစ် တင်ထားသည့် Danielle ဟာ ထိုညမှာ ဒေါ်လာ ၅၀ တန်အောင် စားဖို့ဆုံးဖြတ်ခဲ့ပြီး ဆူရှီအလိပ် 32 လိပ်၊ gyozas လေးခု၊ edamame ပဲစေ့တစ်ပန်းကန်၊ jalapeño poppers နှစ်ခုနှင့် miso ဟင်းချိုတစ်ပန်းကန်တို့ကို ကြေမွစွာ စားသုံးခဲ့ပါတယ်။ Danielle ရဲ့ဆူရှီစားနိုင်တဲ့စကေးကတော့ တော်တော် အထင်ကြီးလေးစားစရာပါပဲ။

.

ဒါပေမယ့် အဲ့ညက သူမအတွက် ဂိမ်းကစားသလို ပျော်စရာ​ကောင်းနေခဲ့ပေမဲ့ သူမရဲ့ပြုမူတွေရဲ့ နောက်ဆက်တွဲရလဒ်က နောက်ရက်မှာ သူမအား အတော်လေး ဗိုက်နာစေပြီး လန့်နိုးလာစေခဲ့ပါတယ်။ ထို့နောက် သနားစရာ Danielle ဟာ အစာအိမ်အက်ဆစ်ဟာ အစာပြွန်ထဲကို ပြန်ဝင်လာတဲ့အခါ ဖြစ်ပွါးတဲ့ gastroesophageal reflux အစာဆိပ်များ အစာမျိုပြွန်ဆီပြန်တက်တဲ့ရောဂါဖြစ်နေကြောင်းသိလိုက်ရတဲ့အခါမှာ ဆေးရုံသို့ရောက်သွားခဲ့ရပါတယ်။ Danielle က ထိုညကအဖြစ်အပျက်နှင့်ပတ်သက်ပြီး “ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်း Amanda က အားလပ်ရက်အတွက် မြို့ပေါ်ရောက်နေတော့ သူမက ဆူရှီကိုကြိုက်တဲ့အတွက် ဆူရှီစားနိုင်တဲ့ အတွေ့အကြုံကို နှစ်ယောက်လုံး စောင့်မျှော်နေခဲ့ကြတယ် ၊

.

အဲ့တာနဲ့ ကျွန်မတို့နှစ်ယောက်က ဒေါ်လာ ၅၀ ပေးစားရတဲ့ ဆူရှီဘူဖေးဆိုင်မှာ အဝစားခဲ့ကြတာပေါ့လေ ၊ နားနားပြီး စားရလို့ ကျွန်မတို့ ညစာစားချိန်က နှစ်နာရီခန့်ကြာခဲ့တယ် ၊ ညစာစားပြီးပြီးချင်း ဗိုက်ပြည့်လွန်းလို့ အိမ်ကိုမမောင်းခင် မိနစ် 30 လောက်မှာ ကားထဲမှာ ထိုင်ခဲ့ရသေးတယ်၊ အဲ့တုန်းက ဆူရှီတွေကြောင့် ဗိုက်ထဲက အရမ်းတောင့်တင်းနေသလိုတောင် ခံစားလိုက်ရသေးတယ် ” လို့ ပြောပြခဲ့ပါတယ်။ ထို့နောက် Danielle ဟာ ထိုညမှာ သူမရဲ့ချစ်သူအိမ်မှာ အိပ်ခဲ့ပြီး သူမဗိုက်အောင့်နေခဲ့ပေမဲ့လည်း သူမက ၎င်းပြဿနာကို ရေးကြီးခွင်ကျယ်မစဉ်းစားခဲ့ပါဘူး။

.

နောက်နေ့မနက် ၆ နာရီမှာ Danielle ဟာ ဗိုက်နဲ့ ရင်ဘတ်မှာ မခံမရပ်နိုင်အောင် ပြင်းထန်စွာ နာကျင်ခဲ့ရပြီး အသက်ပြင်းပြင်းရှူဖို့တောင် ခက်ခဲလာခဲ့ပါတယ်။ နာကျင်မှုက ပြင်းထန်လွန်းမှန်း သိပြီးနောက်၊ Danielle ရဲ့ချစ်သူနဲ့ သူမရဲ့အဘွားတို့က သူမအား အလျင်အမြန် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပါတယ်။ ကံကောင်းထောက်မစွာ၊ ယခု Danielle ဟာ နေကောင်းနေပြီဖြစ်ပြီး ၎င်းအတွေ့အကြုံတစ်ခုလုံးက သူမကို ဆူရှီထပ်စားဖို့ မတားနိုင်ကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : ladbible

Be the first to comment on "ဘူဖေးဆိုတိုင်း ဆူရှီတွေကို အလွန်အကျွံစားသုံးခဲ့ပြီးနောက် နောက်နေ့မနက်မှာဘဲ ဆေးရုံတန်းရောက်သွားခဲ့ရတဲ့ မိန်းကလေးတစ်ဦး"

Leave a comment

Your email address will not be published.


*