အမွေးအတောင်များမှအစ ကိုယ်တွင်းအင်္ဂါများအထိ အနက်ရောင်အဆင်းရှိတဲ့ ထူးခြားဆန်းပြားတဲ့ကြက်မျိုးစိတ်

ကိုယ်ခန္ဓာအင်္ဂါများအစ အမွေးအတောင်များအထိ ၁၀၀ ရာခိုင်နှုန်းအပြည့် အနက်ရောင်ရှိတဲ့ ထူးခြားဆန်းပြားတဲ့ကြက်မျိုးစိတ်သတ္တဝါမျိုးရှိနေတာကို ကျွန်တော်တို့ အများစုက မယုံကြည်ကြပါဘူး။ “Lamborghini of Chicken” လို့ရည်ညွှန်းထားတဲ့ Ayam Cemani အမည်ရှိဒီကြက်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ရှားပါးပြီး လှပတဲ့ကြက်မျိုးစိတ်ဘဲ ဖြစ်ပါတယ်။ Ayam Cemani ရဲ့ကိုယ်အင်္ဂါအတွင်းပိုင်းကလည်း အနက်ရောင်အသားအရေဖြစ်ပြီး ၎င်းဟာ ကမ္ဘာပေါ်မှာ အထူးခြားဆုံးနှင့် ဆန်းကြယ်တဲ့မျိုးစိတ်များထဲမှ တစ်ခုဖြစ်ပါတယ်။ ဒီလိုကြက်မျိုးစိတ်မှာ အနက်ရောင်အမွေးများ ၊ အနက်ရောင် အရေခွံ ၊ အနက်ရောင် အမောက် ၊ အနက်ရောင် အသားအရေ၊ အနက်ရောင် ကိုယ်အင်္ဂါများနှင့် အနက်ရောင် အရိုးများအထိပါ ပါရှိပါတယ်။

.

ထင်ရှားတဲ့ အနက်ရောင်အသွင်အပြင်နှင့်ပတ်သက်ပြီး ဤမျိုးကွဲမှာ အနက်ရောင်ခြယ်ပစ္စည်း လွန်ကဲမှုကိုဖြစ်စေတဲ့ မျိုးပွါး fibromelanistic မျိုးဗီဇရှိတဲ့အတွက်ကြောင့် အရေပြားနဲ့ တစ်သျှူးများကို မည်းနက်စေပါတယ်။ ရှားပါးတဲ့မျိုးစိတ်ဖြစ်ပေမဲ့လည်း Ayam Cemani က ကိုင်တွယ်ရလွယ်ကူတဲ့ ဖော်ရွေတဲ့ကြက်ဖတစ်ကောင်ပါဘဲ။

.

Ayam Cemani ဟာ အလတ်စား ကြက်တစ်မျိုးဖြစ်ပြီး ကြက်ဖများ နှင့် ကြက်မများရဲ့ ကိုယ်အလေးချိန်က ၄.၅ ကနေ ၆.၅ ပေါင် နှင့် ၃.၅ ကနေ ၄.၅ ပေါင်အထိ အသီးသီးရှိပါတယ်။ ကြက်မများက ၎င်းတို့ရဲ့ ပထမနှစ်မှာ ဥပေါင်း ၆၀ မှ ၁၀၀ ခန့် ဥကြပါတယ်။

.

ဒါပေမယ့် ကြက်မများဟာ ဥဝပ်တာကို သုံးလကနေ ခြောက်လလောက်ကြာမှ ရပ်တန့်ကြပါတယ်။ အာရှမှာ Ayam Cemani လိုမျိုးစိတ်မျိုးမွေးမြူခြင်းက ချမ်းသာမှုနှင့် လူမှုအဆင့်အတန်းရဲ့သင်္ကေတအဖြစ် လူသိများပါတယ်။ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ကြက်မျိုးကွဲဟာ သက်ရှိများနှင့် ဝိညာဉ်ကမ္ဘာကို ချိတ်ဆက်ပေးသည့် မှော်အစွမ်းများပါရှိတယ်လို့လည်း အပြောများကြပါတယ်။

.

ထို့ပြင် နတ်ဘုရားများနှစ်သက်စေရန်အတွက် ယဇ်ကောင်အဖြစ်လည်း အသုံးပြုကြတဲ့အပြင် မီးသွေးနက်ရောင်ရှိတဲ့ကြက်များရဲ့သွေး နှင့် အခြားအစိတ်အပိုင်းများကို တိုင်းရင်းဆေးပြင်ဆင်မှုများမှာ ထည့်သွင်းအသုံးပြုကြပါသေးတယ်။

Mia (Mckzone daily)

Reference : aubtu

Be the first to comment on "အမွေးအတောင်များမှအစ ကိုယ်တွင်းအင်္ဂါများအထိ အနက်ရောင်အဆင်းရှိတဲ့ ထူးခြားဆန်းပြားတဲ့ကြက်မျိုးစိတ်"

Leave a comment

Your email address will not be published.


*