ခန္ဓာကိုယ်တစ်ခုလုံးကို ဆေးမင်ကြောင်ထိုးထားပြီး အပေါက်များဖောက်ကာ ဒေါ်လာ 150,000 လောက် ကုန်ကျခဲ့တဲ့ တက်တူးဝါသနာရှင်
JRose (Mckzone daily)
Reference : ladbible
Unicode
ကနေဒါနိုင်ငံက အသက် 33 နှစ်အရွယ် စားဖိုမှူး Remy က သူ့ရဲ့ပထမဆုံးမျက်နှာကို 2001 မှာ ဖောက်ခဲ့ပြီး 2009 ခုနှစ်မှာ သူ့ရဲ့ ပထမဦးစွာမွေးဖွားလာတဲ့ သားအမည်ကို ပထမဆုံးတက်တူးဖြင့် ထိုးခဲ့ပါတယ် ။ “ကျွန်တော် တက်တူးထိုးပြီးကတည်းက $120,000-130,000 ဝန်းကျင်လောက်မှာ တစ်နေရာရာမှာ သုံးခဲ့ပါတယ် ။ ဒါပေမယ့် နှုတ်ခမ်းအပေါ်အောက်် ဖောက်ထားတဲ့ ပါးချိုင့်တွေ၊ အပေါက်ဖောက်တာနဲ့ လက်ဝတ်လက်စားတွေအပါအဝင်ဆိုရင် $150,000 CAD (£87,000) ကျော်ကုန်ကျပါတယ် ။”လို့ Remy က ပြောပါတယ် ။
Remy က တက်တူးထိုးတဲ့အခါ ပိုနာကျင်တာက “ပါးစပ်ရဲ့ အတွင်းပိုင်းဖြစ်ပါတယ် ။ အဲဒီနေရာတွေက အတော်လေး ထိလွယ်ရှလွယ်ပါတယ်” လို့ ဆိုပါတယ် ။ မှင်မထိုးထားတဲ့ ဧရိယာများနဲ့ ပတ်သက်လာလျှင် အများစုမှာ မျက်နှာ၊ နားရွက်၊ ခြေဖဝါးနှင့် လက်ဖဝါး အစိတ်အပိုင်းများ ဖြစ်ပါတယ် ။ Remy က ဒီလိုတက်တူးထိုးတာဟာ မိသားစုဆီမှာ ဆိုးတယ်၊ မုန်းဖို့ကောင်းလိုက်တာ ဆိုတဲ့ မှတ်ချက်တွေ မရခဲ့ပါဘူး ။
JRose (Mckzone daily)
Be the first to comment on "ခန္ဓာကိုယ်တစ်ခုလုံးကို ဆေးမင်ကြောင်ထိုးထားပြီး အပေါက်များဖောက်ကာ ဒေါ်လာ 150,000 လောက် ကုန်ကျခဲ့တဲ့ တက်တူးဝါသနာရှင်"
Leave a comment
Your email address will not be published.
*