တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်နမ်းရှိုက်ရင်း ထာဝရရင်ခွင်ထဲ၌သော့ခတ်ထားခဲ့ကြတဲ့ ချစ်သူစုံတွဲရဲ့အရိုးစုများကို ရှာဖွေတွေ့ရှိခဲ့တဲ့ သုတေသီများ

Iran နိုင်ငံ အနောက်မြောက်ပိုင်းရှိ Teppe Hasanlu ရှေးဟောင်းသုတေသနနေရာ၌ ရှေးဟောင်းသုတေသနပညာရှင်များဟာ တစ်ဦးနှင့်တစ်ဦး လက်ချင်းကိုင်ရင်း ထာဝရရင်ခွင်ထဲ၌ သော့ခတ်ထားခဲ့ကြတဲ့ စုံတွဲအရိုးစုကို ရှာဖွေတွေ့ရှိခဲ့ကြရာ အံ့အားသင့်သွားခဲ့ကြပါတယ်။ သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၈၀၀ ခန့်ရှိမည်လို့ ခန့်မှန်းထားပေမဲ့လည်း အဆိုပါ အရိုးစုများက ဘီစီ ၈၀၀ ခန့်မှ ဆင်းသက်လာတယ်လို့လည်း ယုံကြည်ထားကြပါတယ်။

ထိုအမျိုးသားနှင့် အမျိုးသမီးတို့ချစ်သူစုံတွဲဟာ စစ်ပွဲကြီးအတွင်း ကတုတ်ကျင်းထဲမှာ ပုန်းအောင်းရန် ကြိုးပမ်းခဲ့ကြပေမဲ့လည်း ၎င်းတို့ပုန်းအောင်းရာနေရာသို့ မြေပြိုကျလာတဲ့အတွက်ကြောင့် ၎င်းတို့နှစ်ဦးက အရှင်လတ်လတ် မြှုပ်နှံခံလိုက်ရပုံရပြီး ၎င်းတို့နှစ်ဦးက အလုံပိတ်သင်္ချိုင်းတစ်ခုအဖြစ် ဖန်တီးခဲ့ကြပုံရကြောင်းလည်း သုတေသီများက ယုံကြည်ထားကြပါတယ်။

အမှောင်ထုနှင့် ခက်ခဲကြမ်းတမ်းတဲ့ ထိုအခြေအနေမှာပင် ၎င်းတို့ချစ်သူနှစ်ဦးဟာ အပြင်ထွက်ရန် မကြိုးစားတော့ဘဲ တစ်ဦးနှင့်တစ်ဦး တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားခဲ့ကြပုံရပါတယ်။

၎င်းအရိုးစုရှိ အမျိုးသားရဲ့အရိုးစုက သူ့ခန္ဓာကိုယ်ကို ဘယ်ဘက်လှည့်ကာ သူ့အမျိုးသမီးကိုပွေ့ချီထားတဲ့ပုံပေါ်နေတဲ့အတွက်ကြောင့် ၎င်းတို့နှစ်ဦးရဲ့အရိုးစုပုံက တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်နမ်းရှိုက်နေပုံပေါ်နေပါတယ်။

ယခုအခါ ၎င်းတို့ကို “Hansanlu Lovers” အဖြစ် ခေါ်ဝေါ်ကြသလို ဒါဟာ ရှားပါးပြီး အံ့ဩဖွယ်ကောင်းတဲ့မြင်ကွင်းတစ်ခုဘဲ ဖြစ်ပါတယ်။

တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားရင်း တစ်ယောက်ကို တစ်ယောက် ထာဝရ နမ်းရှိုက်ရင်း အတူတူ အသက်စွန့် မြေမြှုပ်ထားခဲ့ကြတာက အံမခန်းစရာပဲ မဟုတ်လားဗျာ။

၎င်းချစ်သူနှစ်ဦးတို့ရဲ့သေဆုံးမှုအခြေအနေက ဆိုးရွားလွန်းပေမယ့်၊ ၎င်းတို့ဘဝရဲ့ချစ်ခြင်းမေတ္တာနဲ့ ထာဝရရင်ခွင်ထဲမှာ သော့ခတ်ထားတဲ့ နှလုံးသားတစ်ခုရှိတယ်ဆိုတာက Romeo နဲ့ Juliet ဇာတ်လမ်းထက် ပိုလှပနေသလိုဘဲမဟုတ်လားဗျာ။

Mia (Mckzone daily)

Reference : rachfeed

Be the first to comment on "တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်နမ်းရှိုက်ရင်း ထာဝရရင်ခွင်ထဲ၌သော့ခတ်ထားခဲ့ကြတဲ့ ချစ်သူစုံတွဲရဲ့အရိုးစုများကို ရှာဖွေတွေ့ရှိခဲ့တဲ့ သုတေသီများ"

Leave a comment

Your email address will not be published.


*