အံ့သြစရာကောင်းလောက်အောင် မီးတောက်လောင်နေတဲ့ သတ္တဝါငယ်လေးတွေနဲ့တူနေတဲ့ ရှားပါး Albino လိပ်များ

မွေးရာပါ albino ရောဂါခံစားနေရတဲ့ ဝေလငါးများ၊ ပင်ဂွင်းများ၊ သစ်ကုလားအုတ်များနှင့် ကျားများကို တော်တော်များများက တွေ့ဖူးကြပေမဲ့လည်း albino လိပ်ကိုကော မြင်ဖူးကြလားဗျာ။ Albino လိပ်တွေဟာ ၎င်းတို့ရဲ့ အနီရောင်မျက်လုံးတွေ၊ လိမ္မော်ရောင်အသားအရည်နဲ့ အခွံတွေနဲ့အတူ မယုံနိုင်စရာကောင်းတဲ့သတ္တဝါတွေပါဘဲ ။ ကံမကောင်းစွာပဲ၊ အခြား albino တိရိစ္ဆာန်များအားလုံးကဲ့သို့ ၎င်းတို့ရဲ့ထူးခြားတဲ့အသွင်အပြင်ဟာ ၎င်းတို့အား မယုံနိုင်လောက်အောင်ပင် ထိလွယ်ရှလွယ်စေပါတယ်။ ၎င်းတို့အား ၎င်းတို့ရဲ့ပုံမှန်အရောင်အသွေးကပေးဆောင်သည့် အရိပ်အယောင်မရှိဘဲ၊ albino လိပ်များဟာ သားကောင်များရဲ့ရန်ကို ပို၍ခံရနိုင်ချေရှိပါတယ်။ ယင်းက ၎င်းတို့ရဲ့ သက်တမ်းကို တိုတောင်းစေပြီး ၎င်းတို့ရဲ့ အမျိုးအစား ရှားပါးမှုကို ဖြစ်ပေါ်စေပါတယ်။

.

ဤကဲ့သို့မျိုးရိုးဗီဇဆိုင်ရာ အားနည်းချက်ရှိပေမဲ့လည်း၊ လိပ်များဟာ albino တိရိစ္ဆာန်များ၌ ကံအကောင်းဆုံးဆိုရမှာပါ။ ၎င်းတို့၏ အခွံမာကျောမှုကို ပံ့ပိုးပေးသော အကာအကွယ်ကြောင့် ၎င်းတို့ဟာ ပုံမှန်လိပ်ထက် အသက်တိုပေမဲ့လည်း ၎င်းတို့၏သက်တမ်းဟာ အခြား albino မျိုးစိတ်များထက် ပုံမှန်အားဖြင့် အသက်ပိုရှည်ကြပါတယ်။ လိပ်များအတွက် albinism ရောဂါဟာ လူ သို့မဟုတ် အခြားတိရိစ္ဆာန်များနှင့် ကွဲပြားပါတယ်။ ဘာကြောင့်လဲဆိုတော့ albino တွားသွားသတ္တဝါများဟာ အများအားဖြင့် ရောင်ခြယ်ပစ္စည်းတစ်မျိုးသာ ရှိနေကြပေမဲ့ လိပ်များကတော့ အဖြူရောင်အစား အနီရောင် သို့မဟုတ် အဝါရောင်များ ပေါ်နေပါတယ်။

.

ဒါ့ကြောင့် လိပ်မျိုးစိတ်အားလုံးတွင်၊ Sulcata လိပ်များဟာ albino ဖြစ်နိုင်ချေများပြီး ၎င်းတို့ဟာ လုံးဝအဖြူရောင်မဟုတ်နေပါဘူး။ ဒါ့ကြောင့်ဘဲ Albino လိပ်များဟာ အလွန်ရှားပါးပြီး အလွန်လှပတဲ့အတွက်ကြောင့် ၎င်းတို့ဟာ အွန်လိုင်းပေါ်၌ လှုပ်လှုပ်ရွရွဖြစ်စေတတ်ပါတယ်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူမ၏ အဝါရောင်ခန္ဓာကိုယ်အပြင်ဘက် ဝမ်းဗိုက်ပေါ်က ပန်းရောင်နှလုံးခုန်သံနှင့်အတူ အလားတူ albino လိပ်တစ်ကောင် မွေးဖွားခဲ့ပါတယ်။

.

Hope ဟု သင့်လျော်စွာ အမည်ပေးထားခဲ့တဲ့ ၎င်းလိပ်မလေးဟာ အွန်လိုင်းတွင် အာရုံစိုက်ခံရတဲ့အရာတစ်ခုဖြစ်လာပြီး ယခုအခါ Instagram ၌ သူမရဲ့တိုးတက်မှုအကြောင်း အပ်ဒိတ်များတင်ပေးသည့် သူမပိုင်ရှင်၏ဂရုစိုက်မှုကြောင့် ဆက်လက်ရှင်သန်နေပါတယ်။ ဤအတောအတွင်းမှာ ဤ albino လိပ်မလေးဟာ ချည်ဆိုးဆေး သို့မဟုတ်… ပီဇာကဲ့သို့ အံ့မခန်းသောအရောင်များဖြင့် အရောင်မသွေးရောနှောလာတာကိုလည်း စိတ်ဝင်စားဖွယ်မြင်တွေ့ခဲ့ရပါတယ်။

Mia (Mckzone daily)

Reference : mymodernmet

Be the first to comment on "အံ့သြစရာကောင်းလောက်အောင် မီးတောက်လောင်နေတဲ့ သတ္တဝါငယ်လေးတွေနဲ့တူနေတဲ့ ရှားပါး Albino လိပ်များ"

Leave a comment

Your email address will not be published.


*