ကျောင်းသို့အသွား လမ်းမှာ ခဏရပ်ပြီး ခွေးလေခွေးလွင့်တွေကို သနားဂရုဏာတက်စွာဖြင့် ပွေ့ဖက်ပေးနေခဲ့တဲ့ ကောင်လေးတစ်ဦးရဲ့ ကြည်နူးဖွယ်မြင်ကွင်း (ရုပ်သံ)

သင့်အနေနဲ့ အခြားသူတွေအတွက် ဟီးရိုးဖြစ်ဖို့ အရမ်းကြီးကျယ်စရာမလိုဘူးဆိုတာကို မကြာသေးမီက နှစ်သစ်ရဲ့အစမှာ မြင်ဖူးသမျှ ကြည်နူးစရာအကောင်းဆုံး ဗီဒီယိုဖြစ်တဲ့ ဒီဗီဒီယိုထဲက ကြင်နာတတ်တဲ့ ဒီကောင်လေးက သက်သေပြပေးခဲ့ပါတယ်။ လမ်းဘေးမှာ ခွေးလေခွေးလွင့်နှစ်ကောင်ကို တွေ့လိုက်တဲ့အချိန်မှာတော့ ဒီကောင်လေးက ကျောင်းကိုသွားနေတဲ့အချိန်ဘဲဖြစ်ပါတယ်။ ဒါပေမယ့် ကောင်လေးဟာ ၎င်းခွေးလေခွေးလွင့်လေးတွေကို လျစ်လျူရှုမယ့်အစား၊ ၎င်းတို့ရဲ့ တစ်နေ့တာကို ပိုကောင်းမွန်အောင်လုပ်ဖို့ သွားနေရာကနေ ရပ်တန့်လိုက်ပါတယ်။ ထိုနေ့ဟာ ရုရှားနိုင်ငံ Chechnya ဒေသရှိ Grozny မြို့မှ လူငယ်လေး Ibrahim အတွက် ပုံမှန်နေ့မှလွဲ၍ ဘာမှမဟုတ်ပါဘူး။

.

ဒါပေမဲ့ ကောင်လေးက ကျောင်းသို့သွားရာ လမ်းတစ်လျှောက် အိမ်ခြေယာမဲ့ ခွေးလေးနှစ်ကောင်ကို တွေ့လိုက်ရတဲ့အခါ သူတွေ့ဆုံသူတိုင်းနှင့် အလွန်ဖော်ရွေကြင်နာစွာ ဆက်ဆံတတ်တဲ့ Ibrahim လေးဟာ အပြစ်ကင်းသောဝိညာဉ်နှစ်ခုကို လျစ်လျူမရှုနိုင်တဲ့အတွက်ကြောင့် ၎င်းတို့အား အချိုမြိန်ဆုံးသော ပွေ့ဖက်မှုပေးခြင်းဖြင့် ၎င်းခွေးလေးတွေအတွက် အကေုင်းဆုံးနေ့ရက်ကို ဖန်တီးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဟုတ်ပါတယ်၊ ကောင်လေးက လူမမြင်သူမမြင်အောင် ထိုကဲ့သို့ အလိုလိုပြုမူနေခဲ့ပေမယ့်လည်း တစ်စုံတစ်ယောက်က ၎င်းချစ်စရာကောင်းတဲ့အခိုက်အတန့်ကို သတိထားမိပြီး ကျေးဇူးတင်စွာနဲ့ ကင်မရာပေါ်မှာ ဖမ်းယူထားမိခဲ့ပါတယ်။

.

တိုတောင်းပေမဲ့လည်း ၎င်းဗိုင်းရပ်ဗီဒီယိုဖိုင်မှာ ခွေးလေးနှစ်ကောင်ကို သနားကရုဏာများစွာဖြင့် ပွေ့ဖက်ပေးနေသည့် ကောင်လေးကို တွေ့မြင်နိုင်ပါတယ်။ ထို့နောက် Ibrahim ဟာ ခွေးလေးတွေကိုထားခဲ့ပြီး ထွက်သွားခဲ့ပေမဲ့ ခွေးတစ်ကောင်က ပွေ့ဖက်ဖို့ လိုအပ်နေသေးတာကိုသိလိုက်ရတဲ့အတွက် သူဟာ နောက်ပြန်လှည့်ပြီး ထိုခွေးလေးကို နောက်တစ်ကြိမ်ထပ်ပြီး ပွေ့ဖက်ပေးလိုက်ပါသေးတယ်။

ကြည်နူးစရာကောင်းတဲ့ ၎င်းဗီဒီယိုဟာ အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပြီး ၎င်းက လူငယ်လေး Ibrahim အား ဒေသခံအသိုင်းအဝိုင်းကြားမှာ သူရဲကောင်းတစ်ဦး ဖြစ်လာစေခဲ့ပါတယ်။

ဒါပေမယ့် Ibrahim လေးကလည်း ၎င်းအတွက် ဘွဲ့တစ်ခုရဖို့ အပြည့်အဝ ထိုက်တန်တယ်လို့လည်း လူအချို့က ပြောကြားခဲ့ကြပါသေးတယ်။ “ ကျွန်မ အဲ့ဗီဒီယိုကို တွေ့လိုက်တယ်။ အဲဒါက တကယ်ဘဲ Ibrahim လေးပါပဲ ၊ သူက ကျွန်မသမီးနဲ့ ကျောင်းသွားတိုင်း သမီးလေးရဲ့အိတ်ကို ကူသယ်ပေးတတ်တယ်။ ကောင်လေးက အရမ်းကြင်နာတတ်တဲ့ ကောင်လေးပါ။” ဟု ကောင်လေးမိသားစုရဲ့ သူငယ်ချင်း Katerina က The Dodo သို့ ရှင်းပြခဲ့ပြီး ထိုမြင်ကွင်းဟာ ၎င်း၏ကိုယ်ကျိုးမဖက်တတ်တဲ့ စိတ်ဓာတ်ရဲ့ ကောင်းသော ရောင်ပြန်ဟပ်မှုဖြစ်ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

Jasmine (Mckzone daily)

Reference : 3lstories

Be the first to comment on "ကျောင်းသို့အသွား လမ်းမှာ ခဏရပ်ပြီး ခွေးလေခွေးလွင့်တွေကို သနားဂရုဏာတက်စွာဖြင့် ပွေ့ဖက်ပေးနေခဲ့တဲ့ ကောင်လေးတစ်ဦးရဲ့ ကြည်နူးဖွယ်မြင်ကွင်း (ရုပ်သံ)"

Leave a comment

Your email address will not be published.


*