ကိုယ္တိုင္သင္ယူေလ့လာတဲ့ အႏုပညာရွင္တစ္ဦးျဖစ္တဲ့ Diego Fazio ဟာ သာမန္အႏုပညာရွင္ေတာ့ မဟုတ္ေနပါဘူး။ သူဟာ ယခင္တက္တူးဆရာအျဖစ္မွ ကိုယ္တိုင္ self-taught လုပ္တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ အီတလီ အႏုပညာရွင္တစ္ဦးျဖစ္ၿပီး သူ႔ရဲ႕လက္ရာေတြမွာ အလြန္ေကာင္းမြန္ေသာ အေသးစိတ္ အခ်က္အလက္မ်ားကို အသုံးျပဳထားပါတယ္။ ဒါေပမယ့္ လက္ေတြ႕ဆန္တဲ့ သူ႔ရဲ႕ပန္းခ်ီကားပုံေတြကို အရမ္းထူးျခားေစမယ့္ အရာတစ္ခုရွိေနပါတယ္။ ၎က Diego Fazio က ထူးထူးျခားျခား သူ႔ပန္းခ်ီကားမ်ားကို ေရးဆြဲရာမွာ ခဲတံႏွင့္ စာ႐ြက္ႏွစ္မ်ိဳးတည္းျဖင့္သာ ေရးဆြဲအသုံးျပဳျခင္းဘဲျဖစ္ပါတယ္။
ဟုတ္ပါတယ္ ၊ ဒီပန္းခ်ီကားေတြက ခဲတံနဲ႔စာ႐ြက္သုံးၿပီး ေရးဆြဲထားတယ္လို႔ လုံးဝမထင္ရေပမဲ့ တကယ္ ခဲတံနဲ႔စကၠဴစာ႐ြက္ႏွစ္မ်ိဳးတည္းကိုသာ အသုံးျပဳထားတာပါ။ Diego Fazio ကေတာ့ သူ႔ရဲ႕ဒီဖန္တီးမႈကို DiegoKoi လို႔အမည္ေပးထားၿပီး ၎ပန္းခ်ီကားမ်ားက လူေတြရဲ႕ တကယ့္ဓာတ္ပုံေတြအတိုင္းပါဘဲ။ Diego Fazio ဟာ “Audience Award Best Artist NonfermArti 2011” အျဖစ္ အသိအမွတ္ျပဳျခင္းကို ရရွိထားသလို ၊
မၾကာေသးမီက စကၤာပူႏိုင္ငံရွိ ပန္းခ်ီျပခန္းတြင္ ၎၏ ပထမဆုံးေသာ ႏိုင္ငံအလိုက္ ျပပြဲကို ဖြင့္လွစ္ခဲ့ပါေသးတယ္။ ဒီပန္းခ်ီကားမ်ားအရ Diego Fazio ဟာ အမ်ိဳးမ်ိဳးေသာ လူအမ်ိဳးမ်ိဳးတို႔ရဲ႕ပုံတူတို႔ကို ေရးဆြဲခဲ့ပါတယ္။ ဒီပန္းခ်ီကားေတြက အလြန္ လက္ေတြ႕ဆန္ေနေပမဲ့ ၎တို႔ကို ခဲတံနဲ႔ စကၠဴနဲ႔သာ ဖန္တီးထားမွန္းသိလိုက္ရရင္ေတာ့ ျမင္သူတိုင္းက ပါးစပ္အေဟာင္းသားနဲ႔ အံ့ဩမဆုံးျဖစ္ၿပီး စိတ္ေတြေထြျပားမိသြားမွာ က်ိန္းေသပါဘဲဗ်ာ။
.
.
.
.
.
.
.
.
Jasmine (Mckzone daily)
Reference : buzznicked
Unicode
ကိုယ်တိုင်သင်ယူလေ့လာတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ Diego Fazio ဟာ သာမန်အနုပညာရှင်တော့ မဟုတ်နေပါဘူး။ သူဟာ ယခင်တက်တူးဆရာအဖြစ်မှ ကိုယ်တိုင် self-taught လုပ်တဲ့ အသက် ၂၂ နှစ်အရွယ် အီတလီ အနုပညာရှင်တစ်ဦးဖြစ်ပြီး သူ့ရဲ့လက်ရာတွေမှာ အလွန်ကောင်းမွန်သော အသေးစိတ် အချက်အလက်များကို အသုံးပြုထားပါတယ်။ ဒါပေမယ့် လက်တွေ့ဆန်တဲ့ သူ့ရဲ့ပန်းချီကားပုံတွေကို အရမ်းထူးခြားစေမယ့် အရာတစ်ခုရှိနေပါတယ်။ ၎င်းက Diego Fazio က ထူးထူးခြားခြား သူ့ပန်းချီကားများကို ရေးဆွဲရာမှာ ခဲတံနှင့် စာရွက်နှစ်မျိုးတည်းဖြင့်သာ ရေးဆွဲအသုံးပြုခြင်းဘဲဖြစ်ပါတယ်။
ဟုတ်ပါတယ် ၊ ဒီပန်းချီကားတွေက ခဲတံနဲ့စာရွက်သုံးပြီး ရေးဆွဲထားတယ်လို့ လုံးဝမထင်ရပေမဲ့ တကယ် ခဲတံနဲ့စက္ကူစာရွက်နှစ်မျိုးတည်းကိုသာ အသုံးပြုထားတာပါ။ Diego Fazio ကတော့ သူ့ရဲ့ဒီဖန်တီးမှုကို DiegoKoi လို့အမည်ပေးထားပြီး ၎င်းပန်းချီကားများက လူတွေရဲ့ တကယ့်ဓာတ်ပုံတွေအတိုင်းပါဘဲ။ Diego Fazio ဟာ “Audience Award Best Artist NonfermArti 2011” အဖြစ် အသိအမှတ်ပြုခြင်းကို ရရှိထားသလို ၊
မကြာသေးမီက စင်္ကာပူနိုင်ငံရှိ ပန်းချီပြခန်းတွင် ၎င်း၏ ပထမဆုံးသော နိုင်ငံအလိုက် ပြပွဲကို ဖွင့်လှစ်ခဲ့ပါသေးတယ်။ ဒီပန်းချီကားများအရ Diego Fazio ဟာ အမျိုးမျိုးသော လူအမျိုးမျိုးတို့ရဲ့ပုံတူတို့ကို ရေးဆွဲခဲ့ပါတယ်။ ဒီပန်းချီကားတွေက အလွန် လက်တွေ့ဆန်နေပေမဲ့ ၎င်းတို့ကို ခဲတံနဲ့ စက္ကူနဲ့သာ ဖန်တီးထားမှန်းသိလိုက်ရရင်တော့ မြင်သူတိုင်းက ပါးစပ်အဟောင်းသားနဲ့ အံ့ဩမဆုံးဖြစ်ပြီး စိတ်တွေထွေပြားမိသွားမှာ ကျိန်းသေပါဘဲဗျာ။
Jasmine (Mckzone daily)
Be the first to comment on "ခဲတံတစ္မ်ိဳးျဖင့္သာ အသုံးျပဳေရးဆြဲထားတဲ့ အႏုပညာရွင္တစ္ဦးရဲ႕ ဓာတ္ပုံအလား လက္ေတြ႕ဆန္လြန္းတဲ့ပုံတူပန္းခ်ီကားမ်ား"