လမ်းပေါ်က တွင်းပေါက်များကို ပြုပြင်ပေးဖို့ မစောင့်နိုင်တော့တာကြောင့် ငှက်ပျောပင်များ စိုက်ဖို့ ဆုံးဖြတ်ကြတဲ့ ဒေသခံပြည်သူများ




JRose (Mckzone daily)

Reference : worldofbuzz

Unicode

မလေးရှားနိုင်ငံသားများက လမ်းမှာ တွင်းပေါက်များရှိကြောင်း အာဏာပိုင်များထံ သတင်းပို့တဲ့အခါ ထူးဆန်းတဲ့နည်းဖြင့် ပို့ဆောင်တက်ကြပါတယ် ။ ယခုမှာလည်း လူတွေက သူတို့ရဲ့ရပ်ကွက် စည်ပင်သာယာရေး ကောင်စီကို အတင်းအကြပ် လုပ်နေကြပေမယ့် အာဏာပိုင်တွေက လျစ်လျူရှုလို့ မရတဲ့အရာအဖြစ် တွင်းပေါက်တွေကို ပြောင်းလဲနေပါတယ် ။ ဒေသခံရွာသားများက လမ်းမှာရှိတဲ့ အပေါက်တွေကို ငှက်ပျောပင်များ စိုက်ရန် ဆုံးဖြတ်ခဲ့ကြပါတယ် ။

၂နှစ်လောက် တွင်းပေါက်တွေရှိတဲ့ သူတို့ရဲ့လမ်းအခြေအနေကြောင့် မကျေနပ်လို့ ငှက်ပျောပင်နှစ်ပင်စိုက်ခဲ့တာပါ ။ သူတို့ရဲ့ နည်းဗျူဟာတွေက သူတို့အကျိုးအတွက် လုပ်ဆောင်ခဲ့တာ အံ့သြစရာတော့ မဟုတ်ပါဘူး ။ “အချက်အလက်ရရှိတဲ့ ကူလင်မြို့စည်ပင်သာယာရေးကောင်စီက ငှက်ပျောပင်နှစ်ပင်ကို ချက်ချင်းဖယ်ရှားပြီး တွင်းတွေကို ဖာထေးပေးထားပါတယ်” လို့ ဒေသခံတွေက ဆက်လက်ပြောကြားပါတယ် ။

အင်တာနက်အသုံးပြုသူများက အဆိုပါနည်းဗျူဟာက ကိစ္စများကို ပြီးမြောက်စေရန် တစ်ခုတည်းသောနည်းလမ်းဖြစ်မယ်လို့ မှတ်ချက်များပေးခဲ့ကြပါတယ် ။ ဒေသခံ စည်ပင်သာယာရေး ကောင်စီရဲ့ အာရုံစိုက်မှုကို ရရှိရန် ပြည်သူများက အဆိုပါအတိုင်းအတာအထိ သွားရတဲ့အတွက် စိတ်မကောင်းဖြစ်မိသော်လည်း၊ နောက်ဆုံးမှာ ဒီနည်းလမ်းကဘဲ အကျိုးဖြစ်ထွန်းကြောင်း ကျွန်ုပ်တို့ ထင်မြင်ပါတယ် ၊

JRose (Mckzone daily)

Be the first to comment on "လမ်းပေါ်က တွင်းပေါက်များကို ပြုပြင်ပေးဖို့ မစောင့်နိုင်တော့တာကြောင့် ငှက်ပျောပင်များ စိုက်ဖို့ ဆုံးဖြတ်ကြတဲ့ ဒေသခံပြည်သူများ"

Leave a comment

Your email address will not be published.


*