လူပြောများလာတဲ့ ဂျပန်မှ နောက်ဆုံးထွက် ထူးထူးဆန်းဆန်း ပေါင်းစပ်ထားတဲ့ ခေါက်ဆွဲရည်ပူပူပေါ် ရေခဲမုန့်ဟင်းလျာတစ်မျိုး

အကယ်လို့ ရေခဲမုန့်နဲ့ French fries တွဲစားတာကို ထူးဆန်းတယ်ထင်ရင် သင့်အနေနဲ့ ရေခဲမုန့်နဲ့တွဲစားတဲ့ဒီအစားအစာက ပိုထူးဆန်းနေပါလိမ့်မယ်။ မကြာသေးမီက ဂျပန်နိုင်ငံ၊ အိုဆာကာရှိ ခေါက်ဆွဲဆိုင်တစ်ဆိုင်မှာ ထိပ်မှာ တင်ထားတဲ့ ရေခဲမုန့်တစ်ခုနဲ့ ဂျပန်ခေါက်ဆွဲပူပူတစ်ပန်းကန်ကို ဝန်ဆောင်မှုပေး ရောင်းချနေပါတယ်။ ၎င်းထူးဆန်းတဲ့အစားအစာကိုရောင်းချတဲ့ စားသောက်ဆိုင်က “Franken” လို့ခေါ်ပါတယ်။ ၎င်းရေခဲမုန့်ပါတဲ့ ခေါက်ဆွဲတစ်ပန်းကန်ကို ယန်း 850 ကျသင့်ပြီး ရေခဲမုန့်မှာ ချောကလက်နှင့် vanilla အရသာနှစ်မျိုးလုံး ပါဝင်ပါတယ်။ ကာဗိုဟိုက်ဒရိတ်များများလိုချင်ရင်တော့ ထမင်းကြော်တစ်ခြမ်းပါလာတဲ့ set ကို ယန်း 1,100 နဲ့ ရွေးချယ်စားသုံးနိုင်ပါတယ်။

.

စားသုံးတစ်ဦးရဲ့ ပြန်လည်သုံးသပ်ချက်အရ ၎င်းစားသောက်ဆိုင်ရှိ လူတိုင်းဟာ ထိုနေရာ၌ ရှိနေစဉ် ၎င်းထူးဆန်းတဲ့အစားအစာကို တော်တော်များများ မှာစားခဲ့ကြကြောင်း ဆိုထားပါတယ်။ ထို့ပြင် ခေါက်ဆွဲပန်းကန်ထဲ ရေခဲမုန့်ထည့်ခြင်းက Sapporo miso ramen ကိုမှ ထောပတ်လို အရသာရကြောင်း သုံးသပ်သူတစ်ဦးက ပြောကြားထားခဲ့ပါတယ်။ ချိုမြိန်ပြီး creamy ဖြစ်တဲ့ ရေခဲမုန့်ဟာ ခေါက်ဆွဲဟင်းရည်ရဲ့ ချဉ်စပ်စပ်စပ်အရသာကို သိသိသာသာ လျှော့ချရန် ကူညီပေးတယ်လို့လည်း အခြားသုံးသပ်သူတစ်ဦးက ဆိုထားခဲ့ပါတယ်။

.

ရယ်စရာကောင်းတာက ဝေဖန်သူအတော်များများက ရေခဲမုန့်ခေါက်ဆွဲထက် ထမင်းကြော်အနည်းငယ်ပါတဲ့ရေခဲမုန့်ခေါက်ဆွဲကို ပိုသဘောကျကြတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီခေါက်ဆွဲဆိုင်က ထူးထူးဆန်းဆန်း အစားအသောက်တွေ ပေါင်းစပ်နေကျ့မို့ ဒီအစားအစာက မထူးဆန်းနေတော့ပါဘူး။

.

၎င်းတို့ရဲ့ Instagram စာမျက်နှာရဲ့ ဖော်ပြချက်အရ ၎င်းတို့ဟာ အရင်တစ်ချိန်က ခေါက်ဆွဲပူပူပေါ်ကို မုန့်ဆိတ်ဖွားသကြားချိုချဉ်နဲ့ တွဲစားတဲ့အစားအစာကို ကြော်ငြာခဲ့ဖူးပါသေးတယ်။ ဒီလိုနဲ့ မထင်ထားသလိုဘဲ လတ်တလောမှာ ဒီရေခဲမုန့်ခေါက်ဆွဲက ဂျပန်နိုင်ငံမှာ ရေပန်းစားနေသလို ထိုင်းနိုင်ငံမှ လူအချို့ကလည်း ၎င်းမီနူးအသစ်ကို မြည်းစမ်းရင်းကနေ ၎င်းအစားအစာက လူပြောများနေလျက်ရှိပါတယ်။

Jasmine (Mckzone daily)

Reference : mothership

Be the first to comment on "လူပြောများလာတဲ့ ဂျပန်မှ နောက်ဆုံးထွက် ထူးထူးဆန်းဆန်း ပေါင်းစပ်ထားတဲ့ ခေါက်ဆွဲရည်ပူပူပေါ် ရေခဲမုန့်ဟင်းလျာတစ်မျိုး"

Leave a comment

Your email address will not be published.


*