အိပ်ခန်းထဲကလူများကိုကြည့်ရုံနဲ့ ၎င်းတို့ရဲ့နေထိုင်မှုဘဝပုံစံ ၊ စိတ်နေသဘောထားနှင့် အကျင့်စရိုက်တို့ကို အထင်သားသိမြင်နိုင်မယ့်ဓာတ်ပုံများ


.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

Mia (Mckzone daily)

Reference : 121clicks

Unicode

ဓာတ်ပုံဆရာ Barbara Peacock ဟာ လူသားများနှင့် ၎င်းတို့၏ အိပ်ခန်းများဖြင့် ၎င်းတို့၏ ကွဲပြားခြားနားသော နေထိုင်မှုပုံစံများကို ပြသနိုင်ရန်အတွက် အမေရိကန်နိုင်ငံသို့ ခရီးသွားခဲ့ပါတယ်။ အိပ်ခန်းဟာ လူတိုင်းအတွက် ကိုယ်ရေးကိုယ်တာအရှိဆုံးနှင့် အရင်းနှီးဆုံးနေရာဖြစ်နိုင်သလို မိမိကိုယ်တိုင်၏ အမှန်ကန်ဆုံးပုံစံဖြစ်နိုင်ပါတယ်။ ပြင်ပကမ္ဘာမှ အနားယူရန်နေရာဖြစ်သလို ကျွန်တော်တို့ရဲ့ တနေ့တာစတင်ရာနှင့် အဆုံးသတ်ရာနေရာလည်းဖြစ်ပါတယ်။ အဲဒါကြောင့် တခြားသူတွေရဲ့ အိပ်ခန်းတွေကို တစေ့တစောင်းကြည့်ရတာကလည်း အံ့သြစရာဖြစ်နိုင်ပါတယ်။ ၎င်းတို့ရဲ့ကိုယ်ရည်ကိုယ်သွေး အစစ်အမှန်ကို တစ်နည်းနည်းနဲ့ သိလာရသလိုမျိုးပေါ့ဗျာ ။ ဤဓာတ်ပုံများဟာ အမေရိကန် အတွေ့အကြုံကို ပေါင်းစပ်ထားသည့် မတူညီသော နေထိုင်မှု အခြေအနေများနှင့် လူနေမှုပုံစံများကို ပြသသည့် “American Bedroom” ဟုခေါ်သော ပရောဂျက်တစ်ခု၏ တစ်စိတ်တစ်ပိုင်းတစ်ခုဘဲဖြစ်ပါတယ်။ ဒီတော့ အိပ်ခန်းကြည့်ရုံနဲ့ ၎င်းတို့ရဲ့လူမှုနေထိုင်မှုပုံစံ ၊ စိတ်နေသဘောထား နှင့် အကျင့်စရိုက်တို့ကို အထင်သားသိမြင်နိုင်တဲ့ ဓာတ်ပုံဆရာ Barbara Peacock က ရိုက်ကူးထားတဲ့ စိတ်ဝင်စားဖွယ်ဓာတ်ပုံအချို့ကို ဆက်လက်ကြည့်ရှုသွားခဲ့ကြပါအုံးဗျ ။

Mia (Mckzone daily)

Be the first to comment on "အိပ်ခန်းထဲကလူများကိုကြည့်ရုံနဲ့ ၎င်းတို့ရဲ့နေထိုင်မှုဘဝပုံစံ ၊ စိတ်နေသဘောထားနှင့် အကျင့်စရိုက်တို့ကို အထင်သားသိမြင်နိုင်မယ့်ဓာတ်ပုံများ"

Leave a comment

Your email address will not be published.


*