အလွန်ရှားပါးလှပတဲ့ အနက်ရောင် ကျားသစ်နက်တစ်ကောင်ကို အမှတ်မထင်တွေ့ရှိခဲ့ရတဲ့ ဓာတ်ပုံဆရာတစ်ဦး

အိန္ဒိယနိုင်ငံရှိ Tadoba အမျိုးသားဥယျာဉ်၌ တွေ့ရခဲသော ကျားသစ်နက်တစ်ကောင်ကို မကြာသေးမီက တွေ့ရှိခဲ့ပါတယ်။ ၎င်း ရင်သပ်ရှုမောဖွယ်မြင်ကွင်းကို အများပြည်သူထံသယ်ဆောင်လာပေးသူမှာ အသက် ၂၄ နှစ်အရွယ် တောရိုင်းတိရစ္ဆာန် ဓာတ်ပုံဆရာ Anurag Gawande ဘဲဖြစ်ပါတယ်။ Anurag ဟာ ယခုနှစ်အစောပိုင်းမှာ သမင်တစ်ကောင်ကို အမဲလိုက်ရန် ကြိုးပမ်းရင် လမ်းဖြတ်ကူးနေတဲ့ ၎င်းကျားသစ်နက်ကို တွေ့ရှိခဲ့စဉ်က ဆာဖာရီတစ်ခုမှာ ရှိနေခဲ့ပါတယ်။ အဆိုပါ ကံကောင်းလွန်းတဲ့ဓာတ်ပုံဆရာဟာ ၎င်းရှားပါးတောကြောင်နက်ကို တွေ့တဲ့အခါ ပေ 30 ထက်မနည်းအကွာတွင် ရှိနေခဲ့ပါတယ်။ ထုံးစံအတိုင်း၊ Anurag ဟာ ဤမျှလောက် အံ့သြဖွယ်ကောင်းသော သတ္တဝါကိုတွေ့လိုက်ရတဲ့အခါ သူ့မျက်လုံးတွေကို မယုံကြည်နိုင်ဖြစ်ခဲ့ရပါတယ်။

.

“ ကျွန်တော်တို့ ထင်ထားတဲ့အတိုင်း ကျားတစ်ကောင်ကိုတွေ့မယ်လို့ ထင်ခဲ့ပေမဲ့ လမ်းလျှောက်နေတဲ့ ကျားသစ်နက်တစ်ကာင်ကို တွေ့လိုက်ရတော့ အတော်လေး အံ့ဩသွားခဲ့ရတယ် ” ဟု Anurag က ဆိုခဲ့ပါတယ်။ သို့ပေမဲ့လည်း Anurag က ၎င်းဟာ ဒီရှားပါးတိရိစ္ဆာန်ကို တွေ့ရှိခဲ့သည်မှာ သူ့အတွက် တစ်နှစ်အတွင်း ဒုတိယအကြိမ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ “ ဒီရှားပါးကျားသစ်ကို ကြည့်ရတာက ကျွန်တော့်ရဲ့ ဒုတိယ အကြိမ်ပါပဲ ၊ အဲဒါကို ကြည့်နေရင်းနဲ့ ထပ်တူကြည်နူးမှုတွေ ခံစားခဲ့ရပေမယ့် ဒီတစ်ခါတော့ သူ့ရဲ့ အခိုက်အတန့်ကို သိလိုက်ရတယ်။

.

အဲ့ဒီကျားသစ် ထွက်မပြေးသွားဖို့ ကျွန်တော်တို့ကားကို ရပ်တန့်ပြီး လုံလောက်တဲ့ အကွာအဝေးကနေ စောင့်ကြည့်ခဲ့ကြတယ် ” ဟုလည်း ဓာတ်ပုံဆရာက ပြောကြားခဲ့ပါတယ်။ သူ့အတွက် တစ်သက်မှာ တစ်ခါတွေ့ဖူးတဲ့ မြင်ကွင်းကို ပြန်အမှတ်ရခြင်းနှင့်ပတ်သက်ပြီး Anurag က “ အဲ့အချိန်တုန်းက ကျွန်တော်တို့ ကျားတစ်ကောင်ကို ခြေရာခံလိုက်နေပေမယ့် Tadoba အိုင်အနီးမှာ သမင်အော်သံကိုကြားလိုက်ရပြီးနောက်မှာ ကျားသစ်နက်ကို တွေ့လိုက်ရတယ်။ အဲ့ကျားသစ်နက်က လမ်းဘေးမှာ ထိုင်နေရင်း သမင်ကို အမဲလိုက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ ” လို့ဆိုခဲ့ပြီး ၊

.

” ဒါက Tadoba ဥယျာဉ်ရဲ့ တစ်ကောင်တည်းသော ကျားသစ်နက်ပါ” လို့လည်း ဆိုခဲ့ပါတယ်။ ကျွမ်းကျင်ပညာရှင်များ၏အဆိုအရ ကျားသစ်များ၏ ၁၁ ရာခိုင်နှုန်းဝန်းကျင်ဟာ ထူးခြားသောအရောင်ခြယ်မှုများဖြင့် မွေးဖွားလာကာ ၎င်းတို့ကို အလွန်ရှားပါးသော မြင်သာမှုတစ်ခုအဖြစ် သတ်မှတ်ပေးထားပါတယ်။ Melanism ရောဂါဟာ ကျားသစ်တွင်သာမက ကျား၊ မြေခွေး၊ သို့မဟုတ် ပင်ဂွင်းကဲ့သို့သော အခြားတိရိစ္ဆာန်များတွင်လည်း ဖြစ်ပွါးပါတယ်။ Melanism ရောဂါဟာ အရေပြားအရောင်ခြယ်ခြင်းကင်းမဲ့သော Albinism ရောဂါနှင့်မတူဘဲ အမည်းရောင်ခြယ်ပစ္စည်းဖြင့် အရေပြားကို အနက်ရောင်သန်းစေပါတယ်။

Mia (Mckzone daily)

Reference : aubtu

Be the first to comment on "အလွန်ရှားပါးလှပတဲ့ အနက်ရောင် ကျားသစ်နက်တစ်ကောင်ကို အမှတ်မထင်တွေ့ရှိခဲ့ရတဲ့ ဓာတ်ပုံဆရာတစ်ဦး"

Leave a comment

Your email address will not be published.


*