ရှိုးပွဲလုပ်တိုင်း စင်မြင့်ပေါ်သို့ ပစ်တင်လာတဲ့ဘရာစီယာများအားလုံးကို အိမ်ခြေယာမဲ့အမျိုးသမီးကာကွယ်ရေးဂေဟာများသို့ လှူဒါန်းပေးခဲ့တဲ့ နာမည်ကျော် rapper တစ်ဦး

Tech N9ne အမည်ရှိ နာမည်ကျော် American အမျိုးသား rapper အဆိုတော်တစ်ဦးရဲ့ သီချင်းစာသားများက ထူးထူးဆန်းဆန်းအကြောင်းအရာများစွာကို ဖုံးလွှမ်းထားပေမဲ့လည်း၊ သူ့ရဲ့ကိုယ်ရေးကိုယ်တာပြဿနာများနှင့် ကမ္ဘာ့ပြဿနာအားလုံးကို ဖော်ပြရန်အတွက် သူ့ရဲ့ဂီတကို အသုံးပြုပါတယ်။ “Areola” အမည်ရှိ မိန်းမရင်သားနှင့်ပတ်သက်သည့် သူ့ရဲ့သီချင်းတစ်ပုဒ်က အများအားဖြင့် ၎င်းရဲ့ဖျော်ဖြေပွဲများမှာ အာရုံစိုက်ခံရလေ့ရှိသည့် သီချင်းတစ်ပုဒ်ဘဲ ဖြစ်ပါတယ်။ Rapper Tech N9ne က သူ့ရှိုးပွဲမှာ “Areola” သီချင်းကို ဖျော်ဖြေတဲ့အချိန်တိုင်း ပွဲလာအမျိုးသမီးထုကြီးက ၎င်းတို့ရဲ့ ဘရာစီယာများကို စင်မြင့်ပေါ်သို့ လွှင့်ပစ်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။

.

“ ငါတို့ သီချင်းဆိုတဲ့အရှိန်တက်လာလေလေ၊ စင်ပေါ်သို့ ဘရာစီယာတွေပိုလွှင့်ပစ်လာတာကို ငါ သတိထားမိတယ်။ ငါ လွန်ခဲ့တဲ့ နှစ်တွေတုန်းက စင်ပေါ်မှာ တကယ်ကို ကောင်းကောင်းလုပ်ပြနိုင်ခဲ့လို့လည်း ငါ အခုလို ဘရာစီယာများစွာကို စုဆောင်းထားနိုင်ခဲ့တာနေမှာ။ ငါ့ အလုပ်အကိုင်က အရမ်းကောင်းတယ်လေနော် ” လို့ Rapper Tech N9ne က ၎င်းရဲ့လုပ်ဆောင်ချက်ကို အရွှန်းဖောက်ပြောဆိုခဲ့ပါတယ်။

.

ဒါပေမဲ့ Rapper Tech N9ne နှင့် သူ့အဖွဲ့သားများက ၎င်းဘရာစီယာများကို အမှိုက်ပုံးထဲသို့ စွန့်မပစ်ခဲ့ဘဲ အိမ်တွင်းအကြမ်းဖက်မှုကနေ လွတ်မြောက်လာတဲ့ အိုးမဲ့အိမ်မဲ့အမျိုးသမီးများအတွက် လှူဒါန်းပေးခဲ့ပါတယ်။ Rapper Tech N9ne က သူ့ငယ်ဘဝအတွေ့အကြုံများကြောင့်လည်း ဒီလိုလုပ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

.

Rapper Tech N9ne က သူ ၃ တန်း ၊ ၄ တန်းအရွယ်လောက်တုန်းက သူ့မိခင်ရဲ့ချစ်သူက မိခင်ဖြစ်သူအား အလိုမတူဘဲ ကိုယ်ထိလက်ရောက်ပြုမူခြင်းကို အမြဲမြင်တွေ့ခဲ့ရပြီး နောက်ပိုင်း မိခင်ဖြစ်အား အကြမ်းဖက်မှုတွေအရမ်း ဆိုးလာတော့ သူက သူ့မိသားစုကို တခြားပြည်နယ်ကို ပြောင်းရွှေ့ခိုင်းခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ “ အရိုက်ခံရလို့ ဆေးရုံရောက်သွားတဲ့အမေ့ကိုတွေ့လိုက်ရတဲ့အချိန်က အဲဒီခံစားချက်ကို ငါ ဘယ်တော့မှမေ့မှာ မဟုတ်ပါဘူး။ ဒါဟာ ငါ့အတွက် ဘယ်တော့မှ ဖျောက်ဖျက်လို့ မရနိုင်တဲ့ ပုံရိပ်တစ်ခုပါပဲ ” လို့ Rapper Tech N9ne က သူ့အတိတ်နှင့်ပတ်သက်ပြီးလည်း ပြောပြခဲ့ပါတယ်။

.

ထို့ကြောင့် Rapper Tech N9ne က စင်ပေါ်က အမျိုးသမီးများ ပစ်ထားတဲ့ ဘရာစီယာတွေကို ဘယ်တော့မှ မစွန့်ပစ်ဘဲ သူ့တာဝန်ကို အကောင်းဆုံးထမ်းဆောင်ခဲ့တာဘဲဖြစ်ပါတယ်။ ထို့ပြင် ရင်သားနဲ့ပတ်သက်တဲ့ သူ့ရဲ့”ရယ်စရာကောင်းတဲ့ ၎င်းသီချင်းမြူးမြူး” က လူတော်တော်များများကို ကူညီပေးနိုင်တာကလည်း အံ့ဩစရာကောင်းနေပါတယ်။ Rapper Tech N9ne ရဲ့အခုလှူဒါန်းမှုမှာ ရာနှင့်ချီတဲ့ ဘရာစီယာအထည် ၅၀၀ ကို လှူဒါန်းခဲ့ပြီး ၎င်းဟာ အိမ်တွင်းအကြမ်းဖက်မှုမှ အသက်ရှင်ကျန်ရစ်ခဲ့တဲ့အမျိုးသမီးတစ်ဦးစီကိုလည်း မျှော်လင့်ချက်နှင့် ပြန်လည်စတင်ရန် အကြောင်းပြချက်ပေးဖို့ဘဲဖြစ်ပါတယ်။

Mia (Mckzone daily)

Reference : buzznicked

Be the first to comment on "ရှိုးပွဲလုပ်တိုင်း စင်မြင့်ပေါ်သို့ ပစ်တင်လာတဲ့ဘရာစီယာများအားလုံးကို အိမ်ခြေယာမဲ့အမျိုးသမီးကာကွယ်ရေးဂေဟာများသို့ လှူဒါန်းပေးခဲ့တဲ့ နာမည်ကျော် rapper တစ်ဦး"

Leave a comment

Your email address will not be published.


*