ရုတ်တရက်ချမှတ်လိုက်တဲ့ lockdown ကြောင့် မိဘများစီစဉ်ပေးခဲ့တဲ့ blind date က အမျိုးသားရဲ့အိမ်မှာနေရင်း တစ်လအကြာမှာဘဲ စေ့စပ်လိုက်တဲ့ အမျိုးသမီး

တရုတ်နိုင်ငံရှိ အသက် 28 နှစ်အရွယ် Zhao Xiaoqing အမည်ရှိအမျိုးသမီးဟာ ပြီးခဲ့တဲ့နှစ်ရဲ့ ဒီဇင်ဘာ လလယ်မှာ ကီလိုမီတာ 140 အကွာရှိတဲ့ Shaanxi ပြည်နယ်ရှိ Xianyang မြို့သို့ သူမရဲ့ချိန်းတွေ့မှု နှင့် ၎င်းရဲ့မိဘများထံအလည်အပတ်သွားဖို့ ခရီးထွက်ခဲ့ပေမဲ့ ထို့မြို့အား လျှပ်တပြက် lockdown ချခဲ့တဲ့အတွက်ကြောင့် သူမက ထိုမြို့ထဲမှာ 1 လကြာ ပိတ်မိနေခဲ့ပါတယ်။ Zhao က သူမ lockdown ချခံထားရတဲ့အချိန်ကာလအတွင်း သူမဘဝအကြောင်းကို မှတ်တမ်းတင်ထားတဲ့အတွက်ကြောင့် သူမရဲ့ဇာတ်လမ်းက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ” ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အစောပိုင်းမှာ ကျွန်မရဲ့မွေးရပ်မြေဖြစ်တဲ့ Shaanxi ပြည်နယ် Baoji မြို့ကို အလည်သွားတုန်းက ကျွန်မရဲ့ Blind date ချိန်းတွေ့မှုကို စတင်ခဲ့တာပါ။

.

Blind date မစတင်ခင်ကတည်းက ကျွန်မက အဲ့အမျိုးသားရဲ့ဓာတ်ပုံကိုမြင်ခဲ့ရတော့ ကျွန်မက အဲ့ချိန်းတွေ့မှုကို သိပ်စိတ်မဝင်စားခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မမိဘတွေက ကျွန်မ အသက်ကြီးလာတာနှင့်အမျှ ကျွန်မရဲ့ချစ်သူရည်စားဆက်ဆံရေးအခြေအနေအတွက် စိုးရိမ်ပူပန်နေခဲ့ကြလို့ ကျွန်မနဲ့ဖြစ်နိုင်ခြေရှိတဲ့ ကိုယ်စားလှယ်လောင်းအချို့နှင့် မိတ်ဆက်ပေးခဲ့ကြတယ်။ ကျွန်မရဲ့အလုပ်က မတည်မငြိမ်ဖြစ်နေတဲ့အတွက်ကြောင့် ကျွန်မက အဲဒီတုန်းက အဲ့ blind date ကို မစဉ်းစားချင်ဘူးလို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မ အဲ့ကိစ္စကို နောက်ပိုင်းမှာ လေးလေးနက်နက်တွေးတောပြီး ထိုအမျိုးသားနှင့်တွေ့ဆုံခဲ့တယ်။

.

ဒီ Blind date က ကျွန်မရဲ့ ပထမဆုံး Blind date တော့ မဟုတ်ခဲ့ပါဘူး။ အဲ့အမျိုးသားနဲ့တွေ့ပြီးနောက်မှာတော့ သူက ဓာတ်ပုံထက် အပြင်မှာပိုချောနေတာကိုတော့ ကျွန်မ ဝန်ခံပါတယ်။ ” လို့ Zhao က သူမရဲ့ လက်ရှိချစ်သူနှင့် ဘယ်လိုတွေ့ဆုံခဲ့ရတဲ့အကြောင်းကို ပြန်ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ သူမရဲ့မိဘများက သူမတို့ချိန်းတွေ့မှု တစ်ပတ်အကြာမှာဘဲ အတူတူအခြေချနေထိုင်ရန် တွန်းအားပေးခဲ့ကြပေမဲ့ ၎င်းက အရမ်းမြန်တယ်လို့ သူမ ခံစားနေရတဲ့အတွက်ကြောင့် သူမက သဘောမတူခဲ့ပါဘူး။ “ ဒါပေမယ့် lockdown ကြောင့် ကျွန်မတို့ အိမ်တစ်အိမ်ထဲအတူရှိပြီးနောက် ရက်ပေါင်း 20 အကြာမှာတော့ ကျွန်မနဲ့ သူ့မှာ တူညီတဲ့အရာတွေ အများကြီးရှိနေတာကို တွေ့ရှိခဲ့ရတယ် ” လို့ Zhao က တရုတ်မီဒီယာတစ်ခု သို့ ပြောကြားခဲ့ပါတယ်။

.

တကယ်တော့ Zhao Xiaoqing ဟာ အဆိုပါအမျိုးသားနှင့် ချိန်းတွေ့ရင်း ရုတ်တရက် lockdown မိသွားတဲ့အတွက် အဆိုပါအမျိုးသားရဲ့အိမ်မှာ တစ်လနီးပါးလောက် အတူရှိနေခဲ့ရတာပါ။ Zhao က သူမဟာ ယခင်က ရှန်ဟိုင်းမှာ အလုပ်လုပ်ခဲ့ပြီး ၎င်းရဲ့မွေးရပ်မြေမှာ ပန်းသီးစိုက်ပျိုးသည့် ကိုယ်ပိုင်လုပ်ငန်းကိုစတင်ရန် ၂၀၂၀ ခုနှစ်မှာ နုတ်ထွက်ခဲ့ကြောင်းနှင့် ” lockdown ပြီးသွားရင် ကျွန်မတို့ စေ့စပ်ဖို့ အစီအစဉ်ရှိပါတယ်။ နှစ်သစ်ကူး ဝန်းကျင်ဖြစ်မယ်လို့ ထင်ပါတယ် ” လို့ Zhao က သူမရဲ့ပန်းသီးများကို livestream ပေါ် ရောင်းနေချိန်မှာ သူမရဲ့ချိန်းတွေ့မှုက ထူးဆန်းစွာ သူမနှင့်လိုက်လျောညီထွေဖြစ်စေခဲ့တဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။ ထို့ပြင် ၎င်းတို့ရဲ့အနာဂတ်အစီအစဉ်တွေအတွက်တော့ သူမတို့စုံတွဲက ပန်းသီးရောင်းတဲ့အွန်လိုင်းစီးပွားရေးလုပ်ငန်းကို စတင်ဖို့ ကြိုးစားနေကြောင်းလည်း ဆိုထားခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : mothership

Be the first to comment on "ရုတ်တရက်ချမှတ်လိုက်တဲ့ lockdown ကြောင့် မိဘများစီစဉ်ပေးခဲ့တဲ့ blind date က အမျိုးသားရဲ့အိမ်မှာနေရင်း တစ်လအကြာမှာဘဲ စေ့စပ်လိုက်တဲ့ အမျိုးသမီး"

Leave a comment

Your email address will not be published.


*