-11 ဒီဂရီ နှင်းမုန်တိုင်းအလယ်မှာ ခွေးလေခွေးလွင့်ကို ၁၈နာရီကြာ ပွေ့ဖက်ရင်း အံ့သြဖွယ်ကောင်းလောက်အောင် အသက်ရှင်ခဲ့တဲ့ မိန်းကလေး



.

.

.

Mia (Mckzone daily)

Reference : khaosod

Unicode

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရုရှားနိုင်ငံမှာ နှင်းမုန်တိုင်းတစ်ခု ဝင်ရောက်ခဲ့ကြောင်း Daily Mail သတင်းဌာနက ဖော်ပြခဲ့ပါတယ် ။ ၎င်းကြောင့် နှင်းပြိုကျမှုများနဲ့ အပူချိန် သိသိသာသာ ကျဆင်းသွားခဲ့ပါတယ် ။ ၁၀နှစ်အရွယ်မိန်းကလေး Vika လေးက ကျောင်းမှ အိမ်အပြန်လမ်းမှာ မုန်တိုင်းတစ်ခုကြောင့် -11ဒီဂရီ နှင်းမုန်းတိုင်းအလယ်မှာ အံ့သြဖွယ်ကောင်းလောက်အောင် အသက်ရှင်သန်နိုင်ခဲ့ပါတယ် ။ Vika လေးက နောက်တစ်နေ့နံနက်မှာ အာဏာပိုင်များ သူမကို မတွေ့ရှိမီ အနီးနားရှိ ခွေးလေခွေးလွင့်ကို ၁၈ နာရီကြာ ပွေ့ဖက်ထားခဲ့ပါတယ် ။

အစပိုင်းမှာ Vika လေးကို နှင်းကိုက်ဒဏ်ရာများ ကုသရန်အတွက် ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပြီး သူမရဲ့ အခြေအနေမှာ ပျော့ပြောင်းခဲ့ပြီး နောက်ပိုင်းတွင် အိမ်ပြန်နိုင်ခဲ့ပါတယ် ။ Vika ရဲ့မိခင်ကလည်း သူမဟာ ငယ်စဉ်ကတည်းက တိရိစ္ဆာန်ချစ်သူတစ်ဦးဖြစ်ပြီး Vika ဟာ ခွေးလေခွေးလွင့်များနဲ့ ကစားရတာကို နှစ်သက်ကြောင်းလည်း အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ် ။ ဒါပေမဲ့လည်း Vika ရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ ခွေးလေခွေးလွင့်က နောက်တစ်နေ့နံနက်မှာ ပျောက်ကွယ်သွားခဲ့ပါတယ် ။

Mia (Mckzone daily)

Be the first to comment on "-11 ဒီဂရီ နှင်းမုန်တိုင်းအလယ်မှာ ခွေးလေခွေးလွင့်ကို ၁၈နာရီကြာ ပွေ့ဖက်ရင်း အံ့သြဖွယ်ကောင်းလောက်အောင် အသက်ရှင်ခဲ့တဲ့ မိန်းကလေး"

Leave a comment

Your email address will not be published.


*