လိုချင်တဲ့အရုပ်ကို မဝယ်ပေးလို့ လူမြင်ကွင်းမှာ လဲလျောင်းကာ ငိုနေတဲ့ သားလေးကို သွားမလျော့ဘဲ တစ်နာရီကြာ လက်ပိုက်ကြည့်နေခဲ့တဲ့ မိခင်

ကလေးတော်တော်များများက သူတို့လိုချင်တဲ့အရာကို ရအောင်ယူတတ်ပြီး အရုပ်တစ်ခုတောင်းပြီး မလိုက်လျောတဲ့အခါ လူမြင်ကွင်းကြမ်းပြင်တွေပေါ်မှာ လဲလျောင်းရင်းတောင် အော်ဟစ်ငိုယိုတက်ကြပါတယ် ။ မကြာသေးမီက Sohu page မှ မိခင်က သူ့ရဲ့ စိတ်ကြိုက်အရုပ်ကို မဝယ်ပေးလို့ လမ်းသွားလမ်းလာမှာ မျက်ရည်ကျကာ လဲလျောင်းနေတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဓာတ်ပုံကို မျှဝေထားပါတယ် ။ ဒါပေမယ့် လူတိုင်းရဲ့အာရုံကိုဖမ်းစားနိုင်တာက မိခင်ရဲ့အမူအရာပါပဲ ။ ကလေးက ငိုပြီးလှိမ့်နေပေမဲ့ သူမက တစ်နာရီခန့် ငြိမ်သက်စွာ လက်ပိုက်ကြည့်ပြီး မတ်တပ်ရပ်နေခဲ့ပါတယ် ။

.

အိမ်မှာ ကလေးကစားစရာ အရုပ်တွေ အများကြီးရှိနေပြီလို့ အမေက ထင်တဲ့အတွက် သားရဲ့ဆန္ဒကို မလိုက်လျောဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ အခြားတစ်ဖက်မှာမူ ကလေးက သူလိုချင်တဲ့အရာကို ရယူရန် စိတ်ပိုင်းဖြတ်ထားဆဲဖြစ်သောကြောင့် ကြိမ်ဖန်များစွာ ငိုယိုနေခဲ့ပါတယ် ။ အမေက သူ့ကို ထပြီး အိမ်ပြန်ဖို့ခေါ်တဲ့အခါ ကောင်လေးက ပိုကျယ်လောင်စွာ အော်ဟစ်ပြီး မြေကြီးပေါ် မှောက်ကျသွားပါတယ် ။

.

တစ်နာရီခန့်အကြာမှာ ကလေးငယ်က အခြေအနေအမှန်ကို သိရှိသွားပုံရသဖြင့် မတ်တပ်ရပ်ကာ ရှက်ကိုးရှက်ကန်းဖြင့် မိခင်ဆီ လျှောက်သွားခဲ့ပါတယ် ။ Post အောက်မှာ လူများစွာက ရောထွေးတဲ့ မှတ်ချက်များ ထားခဲ့ကြပါတယ် ။ အရုပ်နဲ့ သကြားလုံးဝယ်ခိုင်းတဲ့အခါ ကလေးတွေ ငိုတာ မဆန်းပါဘူး ။

.

ဒီလိုအချိန်မျိုးမှာ မိဘတော်တော်များများက သားသမီးတွေကို ဆုံးမသွန်သင်ပြီး ကလေးရဲ့မနာခံမှုကို ထိန်းချုပ်ဖို့ နည်းလမ်းရှာကြပေမယ့် နူးညံ့သိမ်မွေ့ပြီး ကလေးရဲ့ဆန္ဒကို လိုက်လျှောက်တဲ့ မိဘတွေလည်း ရှိပါတယ် ။

JRose (Mckzone daily)

Reference : bestie

Be the first to comment on "လိုချင်တဲ့အရုပ်ကို မဝယ်ပေးလို့ လူမြင်ကွင်းမှာ လဲလျောင်းကာ ငိုနေတဲ့ သားလေးကို သွားမလျော့ဘဲ တစ်နာရီကြာ လက်ပိုက်ကြည့်နေခဲ့တဲ့ မိခင်"

Leave a comment

Your email address will not be published.


*