ဂျပန်နိုင်ငံရှိ Ehime စီရင်စုတွင် တည်ရှိသော Aoshima ကျွန်းငယ်လေးဟာ ကမ္ဘာပေါ်တွင် တွေ့ရှိနိုင်သော ကြောင်ဆိပ်နှင့် အနီးစပ်ဆုံးဖြစ်ပါတယ်။ ထိုနေရာ၌ နေထိုင်သူများ အနှောက်အယှက်ဖြစ်စေသော ကြွက်ပြဿနာကို တားဆီးရန် လွန်ခဲ့သည့်ဆယ်စုနှစ်များက ဝေးလံခေါင်သီသော ကျွန်းသို့ ကြောင်အနည်းငယ်များဟာ ၎င်းနေရာသို့ ခေါ်ဆောင်လာခြင်းခံခဲ့ရပါတယ်။ ၎င်းအစီအစဉ်က အလွန်ကောင်းမွန်ပေမဲ့လည်း နောက်ပြန်လှည့်လို့မရတဲ့အချက်မှာ ကြောင်များဟာ တဖြည်းဖြည်း များပြားလာပြီး ယခုအခါ ကြီးထွားလာခြင်းကြောင့် ၎င်းတို့ဟာ ကျွန်းပေါ်လူဦးရေ 6 ပုံမှာ ၅ ပုံလောက်အထိ များပြားလာခဲ့ပါတယ်။ ဒီတော့ ကြောင်တွေအပြည့်ရှိတဲ့ကျွန်းတစ်ကျွန်းက ကြောင်တွေကို catnip ပင်တွေနဲ့ မိတ်ဆက်ပေးတဲ့အခါ ဘာဖြစ်သွားမယ်ထင်လဲဗျာ။
.
ကြောင်ချစ်တဲ့ ကမ္ဘာလှည့်ခရီးသည် ရာပေါင်းများစွာဟာ ၎င်းအမွေးပွလေးတွေနဲ့ ဝန်းရံထားရုံနဲ့ နှစ်စဉ် ၎င်းကျွန်းသို့ လာရောက်လည်ပတ်ကြပြီး ကျွန်းပေါ်ရှိနေထိုင်သူ လက်တစ်ဆုပ်စာလောက်က ကြောင်တွေကို အထူးဂရုမစိုက်ပေမဲ့လည်း ၎င်းတို့က ဥယျာဉ်တစ်ခု သို့မဟုတ် နှစ်ခု တို့ကိုပျက်စီးကြတဲ့အခါ တစ်ခါတစ်ရံမှာ ကြောင်တွေကို ငြီးငွေ့လာတတ်ကြပါတယ်။ ဒါပေမဲ့ ပူရှိုန်းအရသာလို mint မိသားစုဝင်ဖြစ်သည့် catnip ပူစိနံပင်နှင့် ကြောင်တွေကို မိတ်ဆက်ပေးတဲ့အခါမှာ ၎င်းတို့ရရှိသည့် တုံ့ပြန်မှုဟာ ရယ်စရာကောင်းလှပါတယ်။ Catnip အပင်မှာ ပါဝင်သည့် တက်ကြွစေတဲ့ပါဝင်ပစ္စည်း nepetalactone ဟာ လှုံ့ဆော်ပေးသည့်ဆေးတစ်မျိုးဖြစ်ပြီး ၊
.
အကယ်လို့ catnip အပင်ကို ကြောင်က အနံ့ခံလိုက်တဲ့အခါ ဆေးခြောက် ဒါမှမဟုတ် LSD နဲ့ ဆင်တူတယ်လို့ ဖော်ပြထားတဲ့ “မြင့်မားတဲ့စွမ်းရည်” ကိုရမှာဖြစ်ပြီး သက်ရောက်မှုက ၎င်းအား အနံရှုပြီး 10 မိနစ်ခန့်ကြာပြီးမှ ကြောင်က ပုံမှန်ပြန်ဖြစ်သွားမှာဖြစ်ပါတယ်။ ကြောင်တစ်ကောင်ဟာ catnip ပင်ကိုစားသုံးလိုက်တဲ့အခါမှာ ၎င်းက စိတ်ငြိမ်ဆေးအဖြစ် လုပ်ဆောင်တဲ့အတွက်ကြောင့် အလွန်ငိုက်မျဉ်းလာကြမှာဘဲဖြစ်ပါတယ်။ အချို့သောသုတေသီများက catnip ပင်ကို ကြောင်တွေ ဘာကြောင့်တုံ့ပြန်ကြသည်ကိုရှာဖွေရန် သုတေသနပြုထားပြီး အချို့ကြောင်များကလည်း မျိုးရိုးဗီဇကြောင့် ၎င်းရဲ့အကျိုးသက်ရောက်မှုများကိုခံနိုင်ရည်ရှိကြတာကို တွေ့ရှိခဲ့ရပါတယ်။
.
ကြောင်တစ်ကောင်ရဲ့ catnip ပင်အပေါ် အာရုံခံနိုင်စွမ်းဟာ အမွေဆက်ခံပုံခြင်းကြောင့် ၎င်းအပေါ် တုံ့ပြန်မှုများ ကွဲပြားသည်ဟုလည်း ဆိုကြပါတယ်။ ခြင်မကိုက်စေရန်အတွက် မူလက အသုံးပြုခဲ့တဲ့ catnip ပင်ဟာ ကြောင်များအတွက် ဘေးကင်းပြီး ၎င်းက ကြောင်များအတွက် အလွန်အကျွံစားသုံးမိပါက အော့အန်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းဖြစ်နိုင်ပေမဲ့လည်း အချိန်တိုအတွင်း ပုံမှန်ပြန်ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် ၎င်းကြောင်ကျွန်းရှိ နေထိုင်သူများဟာ ကြောင်များ ပန်းခြံဖျက်စီးခြင်းရန်မှကာကွယ်ဖို့ ၎င်းတို့ရဲ့နေအိမ်ပတ်လည်မှာ ၎င်း catnip ပင်များကို စိုက်ပျိုးကာ ကြောင်များကို စိတ်ငြိမ်အောင် ဆွဲဆောင်ထားကြပါတယ်။
တကယ်လည်း သင်သိထားသလိုဘဲ၊ catnip အပင်ဟာ လူသားများကို ကူညီရန် လူသိများပြီး စိတ်ကို သက်သာစေသော ၎င်းရဲ့ ဂုဏ်သတ္တိများအတွက် ရာစုနှစ်များစွာ အသုံးပြုခဲ့ပါတယ်။ အပင်၏အကျိုးသက်ရောက်မှုကို chamomile လက်ဖက်ခြောက်နှင့်နှိုင်းယှဉ်နိုင်ပြီး ဤအပင်များဟာ အလွန်ကောင်းမွန်သော ခြင်ဆေးတစ်မျိုးလည်းဖြစ်တဲ့အတွက် သင့်အိမ်မှာ စိုက်ဖို့ ဆုံးဖြတ်ထားရင်တော့ အနီးနားပတ်ဝန်းကျင်က ကြောင်တွေကို ဆွဲဆောင်နိုင်တယ်ဆိုတာကိုလည်း သိထားသင့်ပါတယ်ဗျ ။
Mia (Mckzone daily)
Reference : gtgoodtimes
Be the first to comment on "၎င်းတို့အတွက် စိတ်ကြွဆေးလိုဖြစ်နေတဲ့ Catnip ပင်များကို ရှုရှိုက်မိသွားတဲ့ကြောင်ကျွန်းရှိကြောင်များရဲ့ ရယ်စရာရလဒ်ပုံရိပ်များ"