နောက်ပြန်ဆုတ်နေတဲ့ ထရပ်ကားကြီး ဝင်တိုက်မိတော့မဲ့ အဘွားကြီးကို အသက်ရှင်ကယ်တင်လိုက်တဲ့ လူငယ်ရဲ့ လေးစားဖွယ်ရာလုပ်ရပ် (ရုပ်သံ)



.

.

.

JRose (Mckzone daily)

Reference : khaosod

Unicode

တရုတ်နိုင်ငံ မြောက်ပိုင်း ရှန်ရှီပြည်နယ်ရှိ လူငယ်တစ်ဦးရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်ကြောင့် လူအများ လေးစားနေကြပါတယ် ။ ဒီလူငယ်က အဘွားအိုတစ်ဦးကို ထရပ်ကားဖြင့် နောက်ပြန်တိုက်မိခြင်းမှ လွတ်မြောက်အောင် ကူညီဆောင်ရွက်ပေးခဲ့တာပါ ။ အခင်းဖြစ်ပွားတဲ့နေ့က ဇန်နဝါရီ ၂၂ ရက်က ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာမှာ ဖော်ပြပါတယ် ။ နောက်ပြန်ထရပ်ကားကို သတိမထားမိဘဲ လမ်းတစ်လျှောက် လျှောက်သွားနေတဲ့ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးကို စောင့်ကြည့်ကင်မရာများက ဖမ်းယူထားပါတယ် ။

ထရပ်ကားမောင်းသူက ကားရဲ့ နောက် body ကာ ထားတာကြောင့် သက်ကြီးရွယ်အိုအမျိုးသမီးကို မမြင်မိတာနဲ့တူပါတယ် ။ ရုတ်တရက် အသက် ၂၅ နှစ်အရွယ် လူငယ် Mr. Wu Bingchen က ၎င်းကို မြင်ပြီးနောက် မနှောင့်နှေးဘဲ သူက အဘွားကြီးကို ကယ်တင်ဖို့ အလျင်အမြန် တည့်တည့်သွားပြီး အဘွားက အသက်ရှင် လွတ်မြောက်ခဲ့ပါတယ် ။ ဗီဒီယိုကလစ်ကို လွှင့်တင်ပြီးနောက် အွန်လိုင်းလောကမှာ လူငယ်သူရဲကောင်းတစ်ဦးရဲ့ လုပ်ရပ်ကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "နောက်ပြန်ဆုတ်နေတဲ့ ထရပ်ကားကြီး ဝင်တိုက်မိတော့မဲ့ အဘွားကြီးကို အသက်ရှင်ကယ်တင်လိုက်တဲ့ လူငယ်ရဲ့ လေးစားဖွယ်ရာလုပ်ရပ် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*