ကင်မရာဖြင့် အမိအရရိုက်ကူးထားနိုင်ခဲ့တဲ့ ကမ္ဘာပေါ်ရှိ တစ်ကောင်တည်းသော ရှားပါး ပန်းရောင် manta ray ငါးတစ်ကောင်

Albinism နှင့် Melanism မွေးရာပါရောဂါတွေကြောင့် ထူးထူးခြားခြား အရောင်အသွေးရှိနေတဲ့ တိရိစ္ဆာန်များဟာ အမြဲကြည့်ရှုရမည့် မြင်ကွင်းတစ်ခုဖြစ်ပေမဲ့လည်း ပန်းရောင်ရောင်ရှိသော တိရိစ္ဆာန်များအကြောင်းတော့ အတူတူဘဲလို့ ပြောမရနိုင်ပါဘူး။ မည်သို့ပင်ဆိုစေကာမူ၊ ကံထူးရှင်ဓာတ်ပုံဆရာတစ်ဦးဟာ ကမ္ဘာပေါ်၌ တစ်ကောင်တည်းသော ပန်းရောင် manta ray ငါးတစ်ကောင်ကို မတော်တဆတွေ့ရှိပြီးနောက် ဤအလွန်ထူးခြားသောကလပ်အသင်းဟာ ပိုမိုကြီးမားလာခဲ့ပါတယ်။ လင်းပိုင်များနှင့် ချစ်စရာကောင်းသော ဆင်နှာမောင်းတို့ပြီးနောက်မှာ ယခု ရေအောက်သတ္တဝါဟာ ယခင်က မမြင်ဖူးသော ပန်းရောင် အရေပြားအရောင်ဖြင့် လူတိုင်းကို ထိတ်လန့်စေခဲ့ပါတယ်။

.

ဤထူးခြားသော ပန်းရောင် manta ray ကို 2015 ခုနှစ်၌ ဩစတေးလျကမ်းရိုးတန်းအနီးတွင် စတင်တွေ့ရှိခဲ့ပြီး မကြာသေးမီက တောရိုင်းတိရိစ္ဆာန်ဓာတ်ပုံဆရာ Kristian Laine ဟာ အံ့ဩဖွယ်ကောင်းတဲ့ ဒီရေအောက်သတ္တဝါရဲ့ အရိပ်အယောင်ကို ဖမ်းယူရိုက်ကူးထားနိုင်ခဲ့ပါတယ်။ အရှည် 11 ပေနီးပါးရှည်သော ၎င်း ပန်းရောင် manta ray ကောင်ဟာ ဩစတြေးလျနိုင်ငံ Great Barrier Reef သန္တာကျောက်တန်းရှိ Lady Elliot ကျွန်း၏ ရေပြင်တွင် နေထိုင်လျက်ရှိပါတယ်။ ၎င်းကို ရှာဖွေတွေ့ရှိကတည်းက ရေနေသတ္တဝါကို Project Manta သုတေသနအဖွဲ့မှ ဂရုတစိုက် ကြီးကြပ်ထားခဲ့ပြီး ၊ သိပ္ပံပညာရှင်များက ၎င်းကို The Pink Panther မှ နာမည်ကြီး ဇာတ်ကောင်ကိုအစွဲပြုပြီး Inspector Clouseau ဟု အမည်ပေးခဲ့ကြပြီး Laine ရဲ့ အံ့သြဖွယ်ရာ ဓာတ်ပုံများရဲ့ကျေးဇူးကြောင့် ၎င်းဟာ မကြာသေးမီကမှဘဲ ရေပန်းစား ပျံ့နှံ့လာခဲ့ပါတယ်။

.

သြစတြေးလျအခြေစိုက် ဓာတ်ပုံဆရာ Laine က Inspector Clouseau ထံ ရောက်ရှိလာတဲ့အခါမှာ သူမရဲ့ကင်မရာ ပျက်သွားတယ်လို့သာ ထင်နေခဲ့ပေမဲ့ Inspector Clouseau ရဲ့ မမျှော်လင့်ထားသောအရောင်က သူမရဲ့ကင်မရာပျက်တာမဟုတ်မှန်းကို သက်သေပြနေခဲ့ကြောင်းကို ” ကမ္ဘာပေါ်မှာ ပန်းရောင် manta ကောင်တွေရှိတယ်ဆိုတာ ကျွန်မမသိခဲ့ဘူး၊ အဲ့ထူးခြားတဲ့ပန်းရောင်သတ္တဝါကို ဓာတ်ပုံရိုက်နေတုန်း ကျွန်မကင်မရာကဘဲ ကွဲသွားတာလား ဒါမှမဟုတ် ထူးထူးဆန်းဆန်းတစ်ခုခုဖြစ်နေတာလားလို့ဘဲ ထင်နေခဲ့တာ” ဟု Laine ကရှင်းပြခဲ့ပါတယ်။

.

Inspector Clouseau ရဲ့ပန်းရောင်အရောင်ကို မည်သည့်အရာက ဖြစ်စေသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့လည်း ၎င်းဟာ erythrism လို့ခေါ်တဲ့ အလွန်ရှားပါးသော အခြေအနေတစ်ခု ဖြစ်နိုင်ကြောင်း သုတေသီများက ယုံကြည်ထားကြပါတယ်။ Albinism နှင့် Melanism ရောဂါများကဲ့သို့ပင်၊ အရေပြားရောင်ခြယ်မှု (erythrism) ဟာလည်း သဘာဝအတိုင်း အရောင်ခြယ်မှု ကင်းမဲ့သွားစေနိုင်ပါတယ်။

Mia (Mckzone daily)

Reference : 3lstories

Be the first to comment on "ကင်မရာဖြင့် အမိအရရိုက်ကူးထားနိုင်ခဲ့တဲ့ ကမ္ဘာပေါ်ရှိ တစ်ကောင်တည်းသော ရှားပါး ပန်းရောင် manta ray ငါးတစ်ကောင်"

Leave a comment

Your email address will not be published.


*