ဖိလစ်ပိုင်နိုင်ငံရှိ Boracay ကျွန်းစုမှာ အားလပ်ရက်ခရီးထွက်ခဲ့တဲ့ အမျိုးသားတစ်ဦးဟာ ကမ်းခြေ၌ parasail တစ်စီးဖြင့် လေပေါ်ရောက်နေစဉ် သူ့လက်ပ်တော့ဖြင့် အလုပ်လုပ်နေခဲ့ရတဲ့ ဗီဒီယိုကို ဆိုရှယ်မီဒီယာမှာ ပြန်မျှဝေကာ အင်တာနက်အသုံးပြုသူများအတွက် ရယ်မောစရာတစ်ခုကိုဖန်တီးပေးခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ် အရောင်းဝန်ထမ်းတစ်ဦးဖြစ်တဲ့ Denver Poria အမည်ရှိအဆိုပါအမျိုးသားဟာ သူ့အလုပ်ကို ပစ်ထားနိုင်မဲ့ ကမ္ဘာပေါ်ရှိ အကောင်းဆုံးကမ်းခြေများထဲမှ တစ်ခုသို့ ခရီးထွက်ခြင်းဖြင့် ၎င်းရဲ့work-from-home အခြေအနေကို အကောင်းဆုံးဖန်တီးဖို့ကြိုးစားခဲ့ပါတယ်။ တကယ်တော့ Denver ဟာ သူ Boracay မှာရှိနေစဉ်အတွင်း အလုပ်လုပ်ဖို့ အလုပ်အချို့ကိုပါ သယ်သွားခဲ့ပြီး သူဟာ အများအားဖြင့် ဖုန်းဖြင့် အလုပ်လုပ်ကြောင်း ပြောကြားခဲ့ပါတယ်။
.
သို့ပေမဲ့ Denver ဟာ အားလပ်ရက်အပန်းဖြေနေစဉ် သူလက်ပ်တော့ဖြင့် အလုပ်လုပ်နေတဲ့ သူ့ကိုယ်တိုင်ရဲ့ဗီဒီယိုကို သူ့သူဌေးထံသို့ ပို့နိုင်ရင် ပိုပျော်စရာကောင်းလိမ့်မယ်လို့ တွေးနေခဲ့ပါတယ်။ ဒီလိုနဲ့ဘဲ သူနဲ့ သူ့ဝမ်းကွဲတို့ parasail စီးဖို့ ဆုံးဖြတ်လိုက်တဲ့အခါ သူ့သူဌေးအား စနောက်ဖို့လုပ်နိုင်မဲ့ ပြီးပြည့်စုံတဲ့ ၎င်းအခွင့်အရေးက သူ့ထံရောက်လာခဲ့ပါတယ်။
.
” ကျွန်တော် ဖောက်သည်အတွက် အလုပ်လုပ်ထားပေးပြီးပါပြီ ၊ ဒါပေမဲ့ ဒေတာက အရမ်းနှေးနေလို့ wi-fi ကို ရှာကြည့်လိုက်အုံးမယ်” လို့ Denver က ၎င်းဗီဒီယိုဖြင့် သူ့သူဌေးက စနောက်ကာ သူ့ရဲ့ Facebook ပို့စ်မှာ ဟာသလုပ်ပြီး ရေးသားလိုက်ပါတယ်။
ကျေးဇူးတင်စွာနဲ့ဘဲ သူဌေးဖြစ်သူကလည်း ဟာသဉာဏ်ရွှင်စွာနဲ့ Denver အား “ မင်း အတော်နောက်တဲ့ကောင်ဘဲ ဟားဟား… ” ဟု ရယ်မောကာ တုံ့ပြန်ပေးခဲ့ပါတယ်။
ရယ်မောခြင်းအတွက် သူ့စတန့်က ထိုက်တန်သည်ဟု ထင်ရပေမဲ့လည်း Denver ဟာ လေထဲ၌ လက်ပ်တော့တစ်လုံးနဲ့ အလုပ်လုပ်နေရတာက အနည်းငယ် တုန်လှုပ်စရာကောင်းခဲ့ကြောင်း ဝန်ခံခဲ့ပြီး “ အစကတော့ လေအရမ်းပြင်းတဲ့အတွက် နည်းနည်းတော့ စိတ်ပူမိတယ်၊ ဒါပေမယ့် အဆင်ပြေတယ်လို့ ကိုယ့်ကိုကိုယ် ဖြေသိမ့်ခဲ့ရတယ် ၊ ကျွန်တော် ခရီးထွက်မယ်လို့ မပြောခဲ့ရလို့ အနည်းဆုံးတော့ သူဌေးက ကျွန်တော့်ကို စိတ်မဆိုးတော့ဘူးပေါ့လေ ” ဟု Denver က ပြောကြားခဲ့ပါသေးတယ်။
Mia (Mckzone daily)
Reference : coconuts
Be the first to comment on "အပန်းဖြေခရီးထွက်လာခဲ့ပေမဲ့ မပြီးပြတ်နိုင်တဲ့အလုပ်ကြောင့် Parasail စီးရင်း လက်ပ်တော့တစ်လုံးနဲ့ လေထဲမှာ အလုပ်လုပ်နေခဲ့တဲ့ အမျိုးသားတစ်ဦးရဲ့ရယ်စရာမြင်ကွင်း (ရုပ်သံ)"