ရုတ်တရက် ကျယ်လောင်တဲ့အသံကိုကြားရပြီးနောက် ကလေးငယ်ရဲ့တွန်းလှည်းရှေ့မှာတင် တိုက်ခန်းကြွေပြားများကွဲအက်သွားခဲ့တဲ့ ထိတ်လန့်ဖွယ်အဖြစ် (ရုပ်သံ)

ကျွန်တော်တို့ရဲ့နေအိမ်များက ကျွန်တော်တို့ရဲ့အစောင့်အကြပ်များကို လျော့နည်းစေပြီး အပန်းဖြေနိုင်သည့်နေရာတွေဘဲဖြစ်ပါတယ်။သို့ပေမဲ့လည်း တစ်ခါတစ်ရံမှာ မမျှော်လင့်ထားသော—နှင့် အန္တရာယ်ရှိနိုင်သော အဖြစ်အပျက်များလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ ဇန်နဝါရီလ ၂၃ရက်နေ့၌ Tampines တိုက်ခန်းအိမ်ရာနေထိုင်သူတစ်ဦးဟာ ၎င်း၏ကလေးငယ်ရှေ့တွင် တိုက်ခန်းကြမ်းခင်းကြွေပြားများ ကွဲအက်သွားသည့် အဖြစ်အပျက်တစ်ခုကို Facebook ပေါ်မှာ ဝေမျှခဲ့ပါတယ်။ အရွယ်အစားကြီးမားတဲ့ကြမ်းပြင်ဧရိယာကို သိမ်းပိုက်ထားသည့် ကြွေပြားများက ပေါက်ထွက်ကာ အက်ကွဲသွားပုံပေါ်ပါတယ်။ ကံကောင်းစွာနဲ့၊ ၎င်းဖြစ်ရပ်မှာ မည်သူမျှ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ စနေနေ့ က သာမန်ညနေခင်းတစ်ခုအဖြစ် စတင်ခဲ့ပြီး ၊ အဆိုပါအမျိုးသားရဲ့ လမ်းလျှောက်တတ်စကလေးဟာ ၎င်းတို့တိုက်ခန်းရဲ့ဧည့်ခန်းမှာ ၎င်းရဲ့ကစားစရာနေရာဘေးမှာ တွန်းလှည်းဖြင့်ထိုင်နေခဲ့တာပါ။

.

သို့ပေမဲ့ ည ၇ နာရီ ၃၄ နာရီခန့်မှာ ၎င်း Tampines ရဲ့ ၄၅ လမ်းတစ်လျှောက်ရှိ တိုက်ခန်းတွေမှာ ကျယ်လောင်သော ပေါက်ကွဲသံများကို ပေါ်ထွက်လာခဲ့ပါတယ်။ အိမ်ထဲက ကင်မရာဗီဒီယိုအရ ဆူညံသံများ ဆက်တိုက်ကြားနေရသည်နှင့်အမျှ အဘွားတစ်ဦးဟာ ၎င်းဆူညံသံရဲ့အရင်းအမြစ်နေရာအတွက် တိုက်ခန်းတစ်ဝိုက်မှာ လှည့်ကြည့်နေတာကို မြင်တွေ့နိုင်ပါတယ်။ ထို့နောက် ရုတ်တရက်၊ လမ်းလျှောက်တတ်စကလေးရဲ့ရှေ့ရှိ ကြွေပြားများဟာ ကျယ်လောင်တဲ့အသံနှင့်အတူ ကွဲအက်သွားကာ ဖြစ်စဉ်မှာ ကလေးငယ်ကို ထိတ်လန့်စေခဲ့ပြီး ကလေးငယ်ရဲ့ရှေ့မှာ ကြွေပြားများအက်ကွဲသွားခဲ့ပါတယ်။

.

ထို့နောက် အဘွားဖြစ်သူက တွန်းလှည်းပေါ်က လမ်းလျှောက်တတ်စ ကလေးငယ်ကို အမြန်ဆွဲကိုင်ကာ တွန်းဖယ်နိုင်ခဲ့ပါတယ်။ ပို့စ်အရ ‘ပေါက်ကွဲသံ’ ဟာ အလွန်ကျယ်လောင်တဲ့အတွက်ကြောင့် အိမ်နီးချင်းများကလည်း ကြားခဲ့ရပေမဲ့လည်း ၎င်းအမျိုးသားရဲ့တိုက်ခန်းတစ်ခုတည်းကဘဲ ထိခိုက်မှုဖြစ်သွားခဲ့ပုံရပါတယ်။ နောက်တစ်နေ့တွင် ၎င်းမိသားစုဟာ Essential Maintenance Service Unit (EMSU) သို့ ဆက်သွယ်ခဲ့ပေမဲ့လည်း ယင်းအစား Housing Development Board (HDB )သို့ ညွှန်ကြားခဲ့ပါတယ်။

.

တနင်္လာနေ့ (ဇန်နဝါရီ 24 ရက်) ၏နောက်ဆုံးသတင်းတစ်ခုမှာတော့ နေထိုင်သူဟာ ပွင့်လင်းဈေးကွက်မှာ ပြန်လည်ရောင်းချတဲ့တိုက်ခန်းကိုဝယ်ယူတဲ့အတွက်ကြောင့် HDB ဟာ ၎င်းပျက်စီးဆုံးရှုံးမှုများအတွက်တာဝန်မရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ၎င်းမိသားစုက HDB ထံဆက်လက် ဆက်သွယ်ခဲ့ရာ ထိုနေ့ နေ့လည်လောက်မှာ HDB ပြုပြင်ထိန်းသိမ်းရေးအရာရှိတစ်ဦးက ၎င်းတို့ရဲ့တိုက်ခန်းကို စစ်ဆေးရန်ရောက်ရှိလာခဲ့ပါတယ်။ ထို့နောက် တိုက်ခန်းအခြေအနေကိုကြည့်ပြီး စိတ်စေတနာကောင်းတဲ့အရာရှိက ၎င်းအပျက်အစီးကို တာဝန်ယူကာ ပြန်လည်ပြုပြင်ပေးဖို့ သဘောတူပေးခဲ့ပါတယ်။

ကြမ်းပြင်ကြွေပြားများ ‘ပေါက်ကွဲ’ ပြီး သတိပေးချက်မရှိဘဲ ကွဲထွက်ရခြင်းက အထူးသဖြင့် တိုက်မြင့်တွေမှာနေထိုင်တဲ့ နေထိုင်သူတွေအတွက် ကြောက်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခုပါဘဲ။ ဒီအဖြစ်စဉ်မှာ သေချာပေါက် အနီးကပ်ဖြစ်သွားခဲ့ပေမယ့် ဘယ်သူကိုမှ ထိခိုက်ဒဏ်ရာမရခဲ့လို့ ဝမ်းသာမိပါတယ်။ ဒါ့ကြောင့် ဒီဖြစ်ရပ်ကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့အနေနဲ့လည်း ကျွန်တော်တို့ရဲ့နေအိမ်များ အခြေအနေကောင်းမွန်ကြောင်း သေချာစေရန် ပုံမှန်စစ်ဆေးမှုများရဲ့အရေးပါမှုမှာ သံသယဖြစ်ဖွယ်မရှိပါဘူးဗျာ ။

Mia (Mckzone daily)

Reference : mustsharenews

Be the first to comment on "ရုတ်တရက် ကျယ်လောင်တဲ့အသံကိုကြားရပြီးနောက် ကလေးငယ်ရဲ့တွန်းလှည်းရှေ့မှာတင် တိုက်ခန်းကြွေပြားများကွဲအက်သွားခဲ့တဲ့ ထိတ်လန့်ဖွယ်အဖြစ် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*