အခ်ိန္ပိုင္းလုပ္အားခေငြေလးနဲ႔ ဇနီးနဲ႔ကေလးေတြအတြက္ ႐ိုးရွင္းသပ္ရပ္တဲ့အိမ္အေသးေလးတစ္လုံးကို ၂၅ ရက္တည္းနဲ႔ အၿပီးေဆာက္လုပ္ေပးခဲ့တဲ့ အမ်ိဳးသား

မၾကာေသးမီက PHP 50,000 ( ၁၇ သိန္း ေက်ာ္ ) ျဖင့္ အိမ္တစ္လုံးေဆာက္ခဲ့တဲ့ဖခင္တစ္ဦးဟာ အင္တာနက္အသုံးျပဳသူ အမ်ားအျပားရဲ႕ သေဘာက်ခ်ီးက်ဴးျခင္းကို ခံခဲ့ရပါတယ္။ အဆိုပါအမ်ိဳးသားဟာ Henry Tugot လို႔အမည္ရၿပီး ၎မွာ Rejeen Tugot လို႔ေခၚတဲ့ဇနီးႏွင့္ ကေလးႏွစ္ေယာက္ရွိပါတယ္။ Henry ေဆာက္ခဲ့တဲ့ အိမ္ရဲ႕ မေဆာက္ခင္ႏွင့္ ေဆာက္ၿပီး ဓာတ္ပုံေတြကို Facebook page တစ္ခုမွာ တင္ေပးခဲ့တာပါ။ သတင္းေထာက္ Russel Simorio ၏ ပို႔စ္တစ္ခုအရ Henry ဟာ ဇနီးျဖစ္သူႏွင့္ကေလးေတြအတြက္ အိမ္တစ္လုံးေဆာက္ေပးဖို႔ သူ႔ရဲ႕အခ်ိန္ပိုင္းအလုပ္မွ PHP 50,000 ကို စုေဆာင္းထားခဲ့တာပါ။ Henry ၏ အံ့အားသင့္စရာမွာ၊ သူဟာ တစ္ေယာက္တည္းနဲ႔ ၂၅ ရက္အတြင္း ႐ိုးရွင္းေသာ အိမ္တစ္လုံးကို တည္ေဆာက္ႏိုင္ခဲ့ျခင္းပါတယ္။

စုစုေပါင္းအ႐ြယ္အစား 14×16 ေပရွိတဲ့ ၎ေနအိမ္ေသးေသးေလးမွာ အိပ္ခန္းတစ္ခန္း၊ ဧည့္ခန္း၊ မီးဖိုေခ်ာင္ႏွင့္ ဆင္ဝအေပါက္ေသးေသးပါ ပါရွိပါတယ္။ ဓါတ္ပုံေတြအရေတာ့ ၎အိမ္ေလးက ေလဝင္ေလထြက္ေကာင္းပုံလည္းရပါတယ္။ အိမ္၏အက်ယ္အဝန္းက က်ဥ္းေပမဲ့လည္း Henry ဟာ အိမ္ရဲ႕အတြင္းခန္းကို အေကာင္းဆုံးအလွဆင္ထားခဲ့ပါတယ္။ တင္ထားတဲ့ဓာတ္ပုံေတြမွာ ပုံသြင္းထားတဲ့ပုံစံမွ အေခ်ာထည္မ်ားအထိ ၎အိမ္ငယ္ေလးရဲ႕ before and after ပုံမ်ားကို ေတြ႕ျမင္ႏိုင္ပါတယ္။ ေရာင္စုံေဆးသုတ္ျခင္းႏွင့္ ေနာက္ခံပုံမ်ားအသုံးျပဳျခင္းကလည္း အိမ္အတြင္းႏွင့္အျပင္ကို ပိုမိုေကာင္းမြန္ေစသလို အိမ္ရဲ႕အျပင္ဘက္မွာ အလွဆင္ဖို႔ ပန္းအိုးေတြနဲ႔ ျပည့္ေနၿပီး ႐ိုးရွင္းေပမဲ့လည္း လွပတင့္တယ္ေနတာကို ျမင္ေတြ႕ႏိုင္ပါတယ္။

Mia (Mckzone daily)

Reference : everytruenews24

Unicode

မကြာသေးမီက PHP 50,000 ( ၁၇ သိန်း ကျော် ) ဖြင့် အိမ်တစ်လုံးဆောက်ခဲ့တဲ့ဖခင်တစ်ဦးဟာ အင်တာနက်အသုံးပြုသူ အများအပြားရဲ့ သဘောကျချီးကျူးခြင်းကို ခံခဲ့ရပါတယ်။ အဆိုပါအမျိုးသားဟာ Henry Tugot လို့အမည်ရပြီး ၎င်းမှာ Rejeen Tugot လို့ခေါ်တဲ့ဇနီးနှင့် ကလေးနှစ်ယောက်ရှိပါတယ်။ Henry ဆောက်ခဲ့တဲ့ အိမ်ရဲ့ မဆောက်ခင်နှင့် ဆောက်ပြီး ဓာတ်ပုံတွေကို Facebook page တစ်ခုမှာ တင်ပေးခဲ့တာပါ။ သတင်းထောက် Russel Simorio ၏ ပို့စ်တစ်ခုအရ Henry ဟာ ဇနီးဖြစ်သူနှင့်ကလေးတွေအတွက် အိမ်တစ်လုံးဆောက်ပေးဖို့ သူ့ရဲ့အချိန်ပိုင်းအလုပ်မှ PHP 50,000 ကို စုဆောင်းထားခဲ့တာပါ။ Henry ၏ အံ့အားသင့်စရာမှာ၊ သူဟာ တစ်ယောက်တည်းနဲ့ ၂၅ ရက်အတွင်း ရိုးရှင်းသော အိမ်တစ်လုံးကို တည်ဆောက်နိုင်ခဲ့ခြင်းပါတယ်။

စုစုပေါင်းအရွယ်အစား 14×16 ပေရှိတဲ့ ၎င်းနေအိမ်သေးသေးလေးမှာ အိပ်ခန်းတစ်ခန်း၊ ဧည့်ခန်း၊ မီးဖိုချောင်နှင့် ဆင်ဝအပေါက်သေးသေးပါ ပါရှိပါတယ်။ ဓါတ်ပုံတွေအရတော့ ၎င်းအိမ်လေးက လေဝင်လေထွက်ကောင်းပုံလည်းရပါတယ်။ အိမ်၏အကျယ်အဝန်းက ကျဉ်းပေမဲ့လည်း Henry ဟာ အိမ်ရဲ့အတွင်းခန်းကို အကောင်းဆုံးအလှဆင်ထားခဲ့ပါတယ်။ တင်ထားတဲ့ဓာတ်ပုံတွေမှာ ပုံသွင်းထားတဲ့ပုံစံမှ အချောထည်များအထိ ၎င်းအိမ်ငယ်လေးရဲ့ before and after ပုံများကို တွေ့မြင်နိုင်ပါတယ်။ ရောင်စုံဆေးသုတ်ခြင်းနှင့် နောက်ခံပုံများအသုံးပြုခြင်းကလည်း အိမ်အတွင်းနှင့်အပြင်ကို ပိုမိုကောင်းမွန်စေသလို အိမ်ရဲ့အပြင်ဘက်မှာ အလှဆင်ဖို့ ပန်းအိုးတွေနဲ့ ပြည့်နေပြီး ရိုးရှင်းပေမဲ့လည်း လှပတင့်တယ်နေတာကို မြင်တွေ့နိုင်ပါတယ်။

Mia (Mckzone daily)

Be the first to comment on "အခ်ိန္ပိုင္းလုပ္အားခေငြေလးနဲ႔ ဇနီးနဲ႔ကေလးေတြအတြက္ ႐ိုးရွင္းသပ္ရပ္တဲ့အိမ္အေသးေလးတစ္လုံးကို ၂၅ ရက္တည္းနဲ႔ အၿပီးေဆာက္လုပ္ေပးခဲ့တဲ့ အမ်ိဳးသား"

Leave a comment

Your email address will not be published.


*