တိမ်တိုက်များ လူ့လောကထဲသို့ ကျူးကျော်ဝင်ရောက်လာတဲ့ ချစ်စဖွယ်ဧရာမတစ္ဆေသရဲများအလား ဖန်တီးသရုပ်ဖော်ထားတဲ့ စိတ်ဝင်စားဖွယ် ဓာတ်ပုံများ

တိမ်တိုက်တိမ်စိုင်တွေဟာ လူအများကို စိတ်အေးချမ်းကြည်လင်စေတဲ့ခံစားချက်ကို ပေးစွမ်းနိုင်တာကြောင့် ၎င်းကို အမြင်အေးချမ်းစေတဲ့အရာအဖြစ် လူသိများပါတယ်။ သို့ပေမဲ့ Barcelona အခြေစိုက် အနုပညာရှင်တစ်ဦးဖြစ်တဲ့ Vorja Sánchez ကတော့ သူ့ရဲ့ongoing စီးရီးဖြစ်တဲ့ Interventions ၌ တိမ်တိုက်တွေကို အဖြူရောင်တစ္ဆေသရဲဇာတ်ကောင်များအဖြစ်ဖန်တီးကာ ကျေးလက်ရှုခင်းများကို ၎င်းတိမ်တိုက်သရဲတစ္ဆေများ၏ နေရာတစ်ခုအဖြစ် စိတ်ကူးယဉ်ထားသည့် အိပ်မက်ကဲ့သို့ နယ်မြေများအဖြစ် ပြောင်းလဲဖန်တီးထားပါတယ်။ Sánchez ဟာ သူ့ရဲ့ အနီးနားရှိ ကျေးလက်ဒေသကို ဓာတ်ပုံရိုက်ခြင်းဖြင့် စတင်ပြီးနောက်မှာ မှင်ဖြူဖြင့် မျဉ်းဖြောင့်ဘောပင်ကို အသုံးပြုပြီး သူ့ရဲ့ ရှုပ်ယှက်ခတ်နေသော ဇာတ်ကောင်များကို မြင်ကွင်းထဲသို့ စေ့စေ့စပ်စပ်ဆွဲထည့်ခဲ့ပါတယ်။

.

.

.

.

တိမ်တိုက်သတ္တဝါတိုင်းဟာ မြူခိုးများမှ ထွက်ပေါ်လာပြီး ၎င်းတို့ရဲ့ ခြေလက်အင်္ဂါများနှင့် ပြန့်ကျဲနေသော ချည်မျှင်ကဲ့သို့ လက်ချောင်းများဖြင့် တောင်များနှင့် သစ်တောများပေါ်သို့ ဆုပ်ကိုင်ထားပုံရပါတယ်။ ၎င်းတို့၏ ကြီးမားသော အနက်ရောင်မျက်လုံးများက သံသယကင်းသော တောင်တက်သမားများနှင့် မွေးမြူရေးတိရိစ္ဆာန်များထံ လှည့်ဖြားရန် ကြိုးပမ်းနေသည့် လှိုင်းလုံးကြီးများနှင့်တူနေပါတယ်။

.

.

.

.

Sánchez ၏တိမ်တိုက်သတ္တဝါများက ထူးဆန်းပြီး ၊ မှော်ဆန်ဆန်ပုံစံသဏ္ဌာန်ရှိ​ပေမဲ့လည်း ၎င်းက အထင်လွဲစရာကောင်းနေပါတယ်။ တိမ်တိုက်သတ္တဝါတော်တော်များများက ရှက်တတ်ပြီး သတိထားတတ်သလို၊ သိမ်မွေ့ပုံပေါ်နေကာ ၎င်းတို့ရဲ့ vortex နဲ့တူတဲ့ မျက်လုံးတွေကို မကောင်းတဲ့အရာလို့ အဓိပ္ပာယ်ဖွင့်နိုင်ပေမယ့်လည်း ဇာတ်ကောင်တစ်ခုစီကို ချစ်စရာကောင်းပြီး စပ်စုတတ်တဲ့ အမူအရာမျိုးကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ၎င်းသတ္တဝါတွေဟာ ဤလောကထဲကို အေးချမ်းငြိမ်သက်စွာ ရောက်ရှိလာပုံနှင့်တူနေပါတယ်။ ဒီတော့ ဖန်တီးရှင် Vorja Sánchez ရဲ့ Interventions စီးရီးထဲ၌ပါဝင်တဲ့ စိတ်ဝင်စားဖွယ်ဓာတ်ပုံအချို့ကိုလည်း ဆက်လက်ကြည့်ရှုသွားနိုင်ပါတယ်ဗျာ ။

Jasmine (Mckzone daily)

Reference : mymodernmet

Be the first to comment on "တိမ်တိုက်များ လူ့လောကထဲသို့ ကျူးကျော်ဝင်ရောက်လာတဲ့ ချစ်စဖွယ်ဧရာမတစ္ဆေသရဲများအလား ဖန်တီးသရုပ်ဖော်ထားတဲ့ စိတ်ဝင်စားဖွယ် ဓာတ်ပုံများ"

Leave a comment

Your email address will not be published.


*