Online shop တစ်ခုမှာ မှာခဲ့တဲ့ဝတ်စုံကိုဝတ်ကြည့်နေရင်း ရင်သားတစ်ဖက်လျှံထွက်သွားခဲ့တဲ့သူမရဲ့ရယ်စရာအဖြစ်ကို ပြန်လည်မျှဝေခဲ့တဲ့ မိန်းကလေး

မှန်ရှေ့မှာ ခန္ဓာကိုယ်လှည့်ပတ်ကြည့်ရင်း ကြပ်ညှပ်နေတဲ့သူမရဲ့မွေးနေ့ဝတ်စုံမှာ ရင်သားတစ်ဖက် ထွက်လာခဲ့ပြီးနောက်မှာ အွန်လိုင်းဈေးဝယ်သူမိန်းကလေးတစ်ဦးဟာ ဒေါသူထွက်သွားခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံ Birmingham မြို့မှ Chloe Maguire အမည်ရှိအဆိုပါမိန်းကလေးဟာ သူမရဲ့ 23 နှစ်ပြည့် မွေးနေ့ညမှာ ၀တ်ဆင်ရန် အွန်လိုင်းဖက်ရှင်အမှတ်တံဆိပ် Oh Polly မှ ဝတ်စုံအချို့ကို မှာယူခဲ့တာပါ။ ဒါပေမယ့် သူမရဲ့ ပေါင် 40 တန် အစိမ်းရောင် ၀တ်စုံကို စမ်းဝတ်ကြည့်ပြီးနောက် မကြာခင်မှာပဲ သူမရဲ့ရင်သားတစ်ဖက်က ရုတ်တရက် ပြုတ်ထွက်လာခဲ့ပါတယ်။ ထို့နောက် အခွန်စာရင်းကိုင်တစ်ဦးဖြစ်တဲ့ Chloe က ၎င်းဗီဒီယိုကို သူမသူငယ်ချင်းများအား ပြသခဲ့ပြီး ၊ ၎င်းဗီဒီယိုကို TikTok မှာ ပြန်လည်မျှဝေကာ ညဘက် ၎င်းဝတ်စုံနဲ့ night out ထွက်နေရင်း အဲ့လိုရင်သားတစ်ဖက်သာ လျှံထွက်လာရင်တော့ အခြားသူတွေ နှလုံးဖောက်သွားနိုင်တယ်ထင်တယ်လို့ ရယ်ရခက် ငိုရခက်ဖြင့် စနောက်ပြောကြားခဲ့ပါတယ်။

.

.

ထို့ပြင် Chloe က ” ကျွန်မ ဒီဟာကိုသာ ဆက်ဝတ်သွားရင် လူတိုင်း နှလုံးရောဂါရသွားနိုင်တယ်၊ ကလပ်ကလူတွေတောင် ထွက်ပြေးသွားလောက်တယ် ၊ ကျွန်မ ရင်သားနဲ့ဆံအောင် ဝတ်စုံကို ကြိုးစားဝတ်ခဲ့ပါသေးတယ်။ ဒါမဲ့လည်း ဒီဗီဒီယိုထဲကလိုဘဲ၊ ကျွန်မနို့တစ်ဖက်က လျှံထွက်လာတယ် ၊ တကယ်ကို စိတ်ပျက်စရာပါဘဲ ” လို့လည်း ပြောကြားခဲ့ပါတယ်။ ထို့ပြင် Chloe က သူမ ပုံမှန်ဝတ်နေကျ့ ဆိုဒ်ထက် ပိုကြီးတဲ့ ဆိုဒ်ကိုမှာခဲ့ပေမဲ့လည်း ၎င်းအစိမ်းရောင်ဝတ်စုံက သူမနဲ့ အံဝင်ခွင်ကျဖြစ်မနေခဲ့ကြောင်းပြောကြားခဲ့ပါသေးတယ်။

.

.

ထို့နောက် ထိုညမှာ သူမဟာ သူမအားခဲထားခဲ့တဲ့၎င်းဝတ်စုံကိုမဝတ်လိုက်ရဘဲ နို့နှစ်ရောင်ဝတ်စုံကိုသာ ဝတ်ခဲ့ရကြောင်းလည်းပြောကြားခဲ့ပါတယ်။ Chloe ရဲ့ ၎င်းရင်သားတစ်ဖက် လျှံထွက်သွားတဲ့ဗီဒီယိုဟာ TikTok မှာ ညတွင်းချင်း လူပြောများသွားခဲ့ပါသေးတယ်။ ထို့ပြင် “ နောက်တစ်နေ့အလုပ်သွားတော့ ရုံးက ကောင်မတွေက ကျွန်မကို “ အိုးး နင် အဲ့ဝတ်စုံစမ်းဝတ်လိုက်သေးတာလား ” လို့မေးခဲ့ကြတယ် ၊ အဲ့နဲ့ ကျွန်မကလည်း “ အေး စိတ်ပျက်စရာကောင်တယ် ” လို့ဘဲ ပြန်ဖြေခဲ့တာပေါ့လေ ” ဟု Chloe က ရယ်စရာကောင်းတဲ့သူမရဲ့အဖြစ်နဲ့ပတ်သက်ပြီး ထပ်မံပြောကြားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : ladbible

Be the first to comment on "Online shop တစ်ခုမှာ မှာခဲ့တဲ့ဝတ်စုံကိုဝတ်ကြည့်နေရင်း ရင်သားတစ်ဖက်လျှံထွက်သွားခဲ့တဲ့သူမရဲ့ရယ်စရာအဖြစ်ကို ပြန်လည်မျှဝေခဲ့တဲ့ မိန်းကလေး"

Leave a comment

Your email address will not be published.


*