အခြားတိရိစ္ဆာန်များထက် ခွေးများက လူသားများနှင့် ထူးခြားတဲ့နှောင်ကြိုးများကို မျှဝေကြပါတယ်။ ၎င်းတို့ရဲ့မယုံနိုင်လောက်တဲ့ သစ္စာစောင့်သိမှုအပြင် ခွေးများက လူသားများအတွက် ကျယ်ပြန့်သော အခန်းကဏ္ဍများ၌လည်း ပါဝင် ကူညီလုပ်ဆောင်ပေးတတ်ကြပါတယ်။ ၎င်းတို့က ကျွန်တော်တို့ရဲ့ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျခြင်းကို လျှော့ချပေးနိုင်ပြီး အထီးကျန်မှုကိုလည်း သက်သာစေနိုင်ပါတယ်။ တစ်ခါက ခွေးချစ်သူတစ်ဦးဖြစ်တဲ့ Will Rogers အမည်ရှိနာမည်ကျော် အမေရိကန်မင်းသားတစ်ဦးကလည်း ခွေးနှင့်ပတ်သက်ပြီး “ ကောင်းကင်မှာ ခွေးတွေမရှိရင် ငါသေတဲ့အခါ သူတို့သွားတဲ့နေရာကို လိုက်သွားချင်တယ် ” ဟုလည်း ပြောခဲ့ဖူးပါတယ်။
.
.
တောထဲမှာ ပိတ်မိနေပြီး အကူအညီလိုအပ်သူများကို ကယ်ဆယ်ပေးဖို့ ကယ်ဆယ်ရေးစခန်းမှ ခွေးများကို ကူညီလေ့ကျင့်ပေးသည့် ပရဟိတအဖွဲ့တစ်ခုဖြစ်တဲ့ Mountain Rescue Search Dogs England’ ဟာ မကြာသေးမီက ခွေးတွေက သစ္စာစောင့်သိတဲ့အမှန်တရားကို ထပ်မံအတည်ပြုနိုင်မယ့် ဗီဒီယိုဖိုင်တစ်ခုကို လွှင့်တင်ပေးခဲ့ပါတယ်။
၎င်းပရဟိတအဖွဲ့ဟာ အခြားကျွမ်းကျင်မှုများအပြင်၊ ကယ်ဆယ်ရေးခွေးများအား နှင်းထဲ၌ နစ်မြုပ်နေသူများကို ရှာဖွေရန်နှင့် မျှော်လင့်ချက်ပျောက်ဆုံးနေသူများကို ရှာဖွေရန် ပုံမှန်လေ့ကျင့်ပေးလျက်ရှိပါတယ်။
.
.
ထိုကဲ့သို့ လေ့ကျင့်ရေးစစ်ဆင်ရေးအတွင်း စေတနာ့ဝန်ထမ်းတစ်ဦးဟာ ကယ်ဆယ်ရေးခွေးများက သူအားလာရောက်ကယ်ဆယ်ရန်အတွက် သူ့ကိုယ်သူ နှင်းထဲမှာမြှုပ်နှံထားခဲ့ပြီး သူ့အားလာရောက်ကယ်တင်ပေးတဲ့ တောင်ပေါ်ကယ်ဆယ်ရေးခွေးတစ်ကောင်ကို ကင်မရာတစ်လုံးဖြင့် မှတ်တမ်းတင်ထားခဲ့ပါတယ်။
မှတ်တမ်းတင်ထားတဲ့ ထိုဗီဒီယိုထဲမှာ အသက် 4 နှစ်အရွယ် Flo အမည်ရှိကယ်ဆယ်ရေးခွေးမတစ်ကောင်က နှင်းထဲမှာနစ်မြှုပ်နေတဲ့ စေတနာ့ဝန်ထမ်းတစ်ဦးအား ကယ်ဆယ်ရန် သူမရဲ့ခန္ဓာကိုယ်ဖြင့် နှင်းနံရံကို ဖြိုချရင်း အဆိုပါအမျိုးသားအား ကယ်ထုတ်နိုင်ရန် အစွမ်းကုန် ကြိုးစားနေတာကို မြင်တွေ့ခဲ့ရပြီး Flo လေးရဲ့ထိုဗီဒီယိုဖိုင်က လူအများရဲ့နှလုံးသားများကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Mia (Mckzone daily)
Reference : 3lstories
Be the first to comment on "တောင်ပေါ်ကယ်ဆယ်ရေးခွေးလေးတစ်ကောင်ရဲ့အကူအညီကြောင့် ထူထပ်နေတဲ့နှင်းထဲကနေ လွတ်မြောက်လာခဲ့တဲ့ အမျိုးသား (ရုပ်သံ)"