ဖီလစ်ပိုင်နိုင်ငံက Cristhel Gardoce Bulabon ဆိုတဲ့ မိန်းကလေးဟာ အလုပ်ကြိုးစားမှုနဲ့ ဆင်းရဲမွဲတေမှုဖြင့် ကြီးပြင်းခဲ့ပါတယ် ။ ခုနစ်နှစ်သားအရွယ်မှာ မောင်နှမတွေကို ပြုစုစောင့်ရှောက်နေရပါတယ် ။ သူတို့ရဲ့မိဘတွေက သူတို့ကို Bacolod City မှာ သူ့ဦးလေးရဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာ ထားခဲ့ပါတယ် ။ ဒါပေမယ့် သူတို့ကို ပြုစုစောင့်ရှောက်မယ့်အစား Cristel နဲ့ သူ့မွေးချင်းတွေကို အလုပ်ကြမ်းတွေခိုင်းပြီး အစားအသောက်တွေလည်း အလုံအလောက်မစားရပါဘူး ။
.
ညီအစ်ကိုမောင်နှမများကို ချစ်မြတ်နိုးခြင်းကြောင့် Cristhel က ၎င်းတို့ရဲ့အိမ်နီးနားချင်းမှာ ပန်းကန်ဆေးရန်အတွက် အလုပ်လုပ်ကာ ဝင်ငွေရှာနိုင်ရန် ဆာရီစတိုးဆိုင်မှာ အလုပ်ဝင်လုပ်ရန် ဆုံးဖြတ်ခဲ့ပါတယ် ။ ဦးလေးက သူတို့ကို ကြမ်းတမ်းစွာ ဆက်ဆံနေတာကြောင့် Cristhel က သူ့ညီအစ်ကိုတွေနဲ့အတူ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ပါတယ် ။ သူမက လမ်းများပေါ်မှာ အမှိုက်တွေကို ကောက်ကာ အဝတ်လျှော်တဲ့ အလုပ်များကို လုပ်ကိုင်ခဲ့ပါတယ် ။ ဆင်းရဲမွဲတေမှုမှ လွတ်မြောက်လိုသောကြောင့် စောစီးစွာလက်ထပ်ခဲ့ကြောင်း Cristhel က ဝန်ခံခဲ့ပါတယ် ။
.
ဒါပေမဲ့ အဆင်မပြေမှုကြောင့် ခင်ပွန်းနဲ့ကွဲသွားပြီး Cristhel က နိုင်ငံခြားမှာ အလုပ်လုပ်ခဲ့ပါတယ် ။ ဖိလစ်ပိုင်သို့ ပြန်ရောက်တဲ့အခါ စီးပွားရေးလုပ်ငန်းများစွာကို လုပ်ကိုင်ခဲ့ပြီး သူမက ကွန်ပြူတာဆိုင်တစ်ဆိုင်နဲ့ carinderia ဖွင့်လှစ်ခဲ့ပါတယ် ။ Cristhel က သူမရဲ့ ဝါသနာကို လုပ်ကိုင်ရင်း ရေငုပ်ဆိုင်တစ်ခု ဖွင့်လှစ်ကာ ရေနက်ပိုင်း ရေငုပ်သမား ဖြစ်လာရန် သင်ယူခဲ့ပါတယ် ။ Cristel က သူမရဲ့ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေသဖြင့် သူမရဲ့အိပ်မက်ကို တည်ဆောက်နေပြီဖြစ်ပါတယ် ။
.
.
ယခု Cristhel က Antipolo City ရှိ ‘dampa’ စားသောက်ဆိုင်ကြီးတစ်ခုရဲ့ ပိုင်ရှင်ဖြစ်ပါတယ် ။ အဝတ်လျှော်ခြင်းအတွက် P50 ဝင်ငွေမှ Cristhel ဟာ ယခုမှာ တစ်လလျှင် P500,000 ကျော် ရရှိပြီး ကားလေးစီးပါတဲ့ အိမ်ကြီးထဲမှာ သူမနေထိုင်နေပါတယ် ။ ကြိုးစားအားထုတ်မှုနှင့် စိတ်အားထက်သန်မှုတို့က ဆင်းရဲမွဲတေမှုကို ကျော်လွှားနိုင်ခဲ့ကြောင်း Cristhel က ပြောပြခဲ့ပါတယ် ။
JRose (Mckzone daily)
Reference : businessnews
Be the first to comment on "ယခင်က နေစရာအိမ်တောင်မရှိတဲ့ လူတစ်ယောက်ဟာ ယခုမှာ စားသောက်ဆိုင်ဖွင့်လှစ်ခြင်းဖြင့် သန်းကြွယ်သူဌေးဖြစ်လာခဲ့တဲ့ အမျိုးသမီး"