လေယာဉ်ပေါ်တက်ဖို့ အလျင်လိုနေတာကြောင့် စိတ်ကောက်ပြီး ကြမ်းပြင်ပေါ်လဲနေတဲ့သမီးဖြစ်သူအား ဂိတ်ပေါက်အထိ တရွှတ်တိုက်ဆွဲသွားခဲ့တဲ့ ဖခင် (ရုပ်သံ)

ကလေးတွေက အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းနေနိုင်ပေမယ့် သူတို့ရဲ့ ဝုန်းဒိုင်းကြဲမှုတွေ ကြုံလာတဲ့အခါ ခံနိုင်ရည်ရှိဖို့ အများကြီးလိုအပ်ပါတယ်။ စိတ်ရှည်သည်းခံမှုမှာ နှိုင်းယှဉ်သာလွန်တဲ့ မိဘများရှိပေမဲ့လည်း၊ ကလေးများကို ကိုယ်ထိလက်ရောက် ပုတ်ခတ်ခြင်း သို့မဟုတ် ရို/က်နှက်ဆုံးမခြင်းကတော့ ၎င်းကိုဖြေရှင်းဖို့ အဖြေမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ 2019 ခုနှစ်၌ ခရီးသည်တစ်ဦးဟာ အမေရိကန်နိုင်ငံရှိ Washington Dulles အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရယ်စရာကောင်းသောအဖြစ်အပျက်ကို မြင်တွေ့ခဲ့ရပါတယ်။ အကြောင်းရင်းကို မသိရပေမဲ့လည်း အသက် ၄ နှစ်ခန့် ကလေးမလေးတစ်ဦးက စိတ်ကောက်ပြီး ဝုန်းဒိုင်းကြဲနေခဲ့ပါတယ်။

သူမဟာ ကြမ်းပြင်ပေါ်၌သာ လှဲလျောင်းနေပြီး သူမကို စိတ်အနှောင့်အယှက်ဖြစ်စေသည့်အရာကို လက်ခံရန် ငြင်းဆန်နေခဲ့ပါတယ်။ ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေပြီး လမ်းလျှောက်ဖို့ ငြင်းဆန်နေချိန်မှာ သူမဘေးနားက ဖခင်ဖြစ်သူကလည်း သူမကို ဘယ်လိုနှစ်သိမ့်ပေးရမလဲ မသိနေပါခဲ့ဘူး။ လေယာဉ်တက်ရမည့်အချိန်က မိနစ်အနည်းငယ်မျှသာ လိုတော့သည်ကို မြင်လိုက်ရသဖြင့် သမီးငယ်လေးအား ချော့ချင်နေတဲ့ ဖခင်ဖြစ်သူကလည်း ခဏာတာအငြိမ်နေလိုက်ပါတယ်။ ထို့နောက်မှာ ဖခင်ဖြစ်သူဟာ အိတ်ကို ညာဘက်လက်ဖြင့် ဆွဲကိုင်ကာ သူ့ဘယ်ဘက်လက်ဖြင့် သမီးရဲ့ပန်းရောင်ကုတ်အင်္ကျီဦးထုပ်ကိုဆွဲကိုင်လိုက်ပြီး သယ်သွားရတဲ့ ခရီးဆောင်အိတ်လို ဆွဲသွားလိုက်ပါတယ်။

ဖခင်ဖြစ်သူဟာ သမီးဖြစ်သူနှင့်အတူ လေဆိပ်ဧည့်ခန်းမှ လျှောက်သွားကာ ရယ်စရာကောင်းသောမြင်ကွင်းကို ဖန်တီးခဲ့ပါတယ်။ ၎င်းရယ်စရာအဖြစ်အပျက်ကို ရိုက်ကူးထားခဲ့သူအမျိုးသားက သူ့ကောင်မလေးကို လေယာဉ်ပေါ်တက်ဖို့ကူညီပေးနေရင်း အမှတ်မထင်တွေ့ရှိခဲ့တာဘဲဖြစ်ပါတယ်။ အဆိုပါအမျိုးသားရဲ့အဆိုအရ အဆိုပါကလေးမလေးဟာ အလွန်တရာ ခေါင်းမာနေခဲ့ပြီး ၎င်းဖြစ်စဉ်တစ်ခုလုံး၌လည်း ဖခင်ဖြစ်သူကို အရမ်းဒေါသထွက်နေခဲ့ပါတယ်။ ထို့ပြင် ကလေးမလေးရဲ့အစ်မဖြစ်သူကလည်း အဝေးကနေ လိုက်လာနေခဲ့ပါတယ်။

ခေါင်းမာတဲ့ ကလေးမလေးနှင့် ယှဉ်ရင် အစ်မဖြစ်သူက သူ့ခရီးဆောင်အိတ်ကို သူ့ဘာသာသူ ဆွဲယူရုံသာမက သူ့ညီမရဲ့ကျောပိုးအိတ်ကိုလည်း သယ်သွားပေးရင်း သူမဟာ ဖခင်နှင့်ညီမတို့နှင့် အနည်းငယ် ခက်ဝေးဝေးတဲ့နေရာကနေ ရှက်ရှက်နဲ့လိုက်လာရင်း အဆိုပါသားအဖက သူမရဲ့မိသားစုမဟုတ်သလိုနဲ့ သူစိမ်းလိုပြုမူနေခဲ့ပါတယ်။ နောက်ဆုံးမှာ ဗီဒီယိုရိုက်ကူးနေတဲ့ အမျိုးသားက ၎င်းမိသားစုနောက်ကို လိုက်သွားခဲ့ပြီး ကလေးမလေးက ဂိတ်ပေါက်အထိ တက်ဖို့ တွန့်ဆုတ်နေသေးတာကို တွေ့လိုက်ရပြီး သူမရဲ့မိုက်မဲတဲ့ အဖြစ်အပျက်က သူမကို အရမ်းရယ်မောသွားစေခဲ့ပါတယ်။

ဒီဗီဒီယိုကို ကြည့်ပြီးတဲ့နောက်မှာတော့ အင်တာနက်အသုံးပြုသူ အများအပြားက “ ကျွန်တော် ငယ်ငယ်က အိမ်မက်က မြေကြီးပေါ် ကနေ အအိပ်လိုက် အဆွဲခံရဖို့ဘဲ ” လို့ ဆိုခဲ့ကြသလို တစ်ချို့လူတွေကလည်း “ ဒီအင်္ကျီက အရည်အသွေးကောင်းပြီးခိုင်ခံ့တာဘဲ ၊ ဒီအင်္ကျီက ဘာတံဆိပ်လဲ ” လို့လည်း စနောက်ခဲ့ကြပါတယ်။ အမေရိကားက ဒီဖခင်ဟာ သူ့ကလေးနဲ့ ဒီလို အဖြစ်မျိုး ကြုံဖူးတဲ့ တစ်ဦးတည်းသောဖခင်တော့ မဟုတ်ပါဘူး။ အရင်တုန်းကတော့ ကနေဒါနိုင်ငံသား ဖခင်တစ်ဦးက သူ့ရဲ့ ၂ နှစ်အရွယ် သမီးလေးကို အိမ်ပြန်ခေါ်သွားတဲ့အချိန်မှာ အရမ်းပင်ပန်းလို့ပျင်းနေတဲ့သမီးဖြစ်သူက ကား​ပေါ်​က​နေ​ဆင်း​လာ​ပြီး​တော့ မြေပြင်​ပေါ်​မှာ​ မလှုပ်မရှားနဲ့လဲနေခဲ့ပါတယ်။ 

ထို့နောက်မှာ ဖခင်ဖြစ်သူဟာ လက်တစ်ဖက်ဖြင့် သမီးရဲ့ရင်ဘတ်ပေါ်က အပေါ်ထပ်အင်္ကျီကို ဆွဲပြီး ၁၆ ကီလိုလောက်လေးတဲ့ သမီးဖြစ်သူကို မကာ ကျန်လက်တစ်ဖက်က အထုပ်တစ်ထုပ်နဲ့အတူ အိမ်ထဲသို့ဦးတည်လာခဲ့ပါတယ်။ ကြည့်ပုံအရ ၎င်းရယ်စရာကောင်းသလို ချစ်ဖို့ကောင်းတဲ့ဖြစ်စဉ်ဟာ ၎င်းတို့သားအဖအတွက် နေ့စဉ်လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ပုံရပါတယ်။

သမီးဖြစ်သူက သူမလုပ်ချင်တာကို လုပ်နေသလို ဖခင်ကလည်း သမီးရဲ့လုပ်ရပ်ကို အမြဲတမ်း အဆင်ပြေဆုံးနည်းလမ်းနဲ့ တုံ့ပြန်ပေးပုံရပါတယ်။ တကယ်လည်း ဖခင်များအားလုံးဟာ မတူညီကြပေမဲ့လည်း အများစုမှာ အခုလို ရယ်စရာကောင်းပြီး စိတ်အနှောက်အယှက်ဖြစ်စေတဲ့သားသမီးတွေကို ဘယ်လို တုံ့ပြန်ပေးရမလဲဆိုတာကို ကောင်းကောင်းသိနေတတ်ကြပါတယ်။

JRose (Mckzone daily)

Reference : goodtimes

Be the first to comment on "လေယာဉ်ပေါ်တက်ဖို့ အလျင်လိုနေတာကြောင့် စိတ်ကောက်ပြီး ကြမ်းပြင်ပေါ်လဲနေတဲ့သမီးဖြစ်သူအား ဂိတ်ပေါက်အထိ တရွှတ်တိုက်ဆွဲသွားခဲ့တဲ့ ဖခင် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*