သားဖြစ်သူအတွက် ဒေါ်လာ ၂၈ သန်းတန်ဖိုးရှိ အလန်းစား သစ်သား Rolls-Royce ကားအသေးစားလေးကို ဖန်တီးပေးခဲ့တဲ့ ဖခင်တစ်ဦး (ရုပ်သံ)

သစ်သားထွင်းထုအနုပညာရှင်တစ်ဦးဖြစ်တဲ့ Truong Văn Đạo ဟာ သားဖြစ်သူအတွက် အစွမ်းကုန်ကြိုးစားပြီး အံ့မခန်းအရာတွေပြုလုပ်ပေးတတ်တဲ့ မိဘများထဲမှ တစ်ဦးဖြစ်ပါတယ်။ အဆိုပါ ဗီယက်နမ်နိုင်ငံအခြေစိုက် artist တစ်ဦးဟာ ND Woodworking Art ဟုခေါ်တဲ့ ၎င်း၏ကိုယ်ပိုင်အလုပ်ရုံကို ဦးဆောင်နေပြီး သစ်သားဖြင့် အံ့သြဖွယ်ကောင်းသော ကားများ၊ ဖုန်းများနှင့် စွန့်ပစ်ထားသော ထင်းများမှ အခြားအရာများကို ဖန်တီးနေပါတယ်။ သူ့ရဲ့နောက်ဆုံးဖန်တီးမှုကတော့ ကမ္ဘာပေါ်မှာ နှစ်သက်ချင်စရာအကောင်းဆုံးကားတွေထဲက တစ်စီးဖြစ်တဲ့ အံ့မခန်းလောက်အောင် လက်ရာပြောင်မြောက်တဲ့ သူ့ရဲ့ ဒေါ်လာ ၂၈ သန်းတန် Limited Edition ဖြစ်တဲ့ အသေးစားသစ်သား Rolls-Royce Boat Tail ကားတစ်စီးဘဲဖြစ်ပါတယ်။

.

.

.

.

ဒီ life – size အရွယ်အစားယာဉ်ဟာ copy လုပ်ထားတဲ့တကယ့်အရာထက် သာလွန်နေပါတယ်။ Đạo အတွက် ဒီအသေးစား Rolls-Royce ကို အသုံးဝင်တဲ့အရုပ်ကားအဖြစ် ပြုလုပ်ဖို့ ခက်ခက်ခဲခဲအားထုတ်ရတာမျိုး မရှိခဲ့ပါဘူး။ ထိုင်ခုံများ၊ headrest များနှင့် ဒက်ရှ်ဘုတ်များအပါအဝင် သစ်သားဖြင့်ပြောင်းနိုင်တဲ့ကိုယ်ထည်ကို ဖန်တီးပြီးနောက်မှာ အံဝင်ခွင်ကျရှိတဲ့ မှန်လေကာမှန်၊ အပြာရင့်ရောင် ရှေ့မီးများ၊ နောက်မီးများနှင့် ဘက်ထရီအားသုံး မော်တာတို့ကို ထည့်သွင်းထားခဲ့ပါတယ်။ မယုံနိုင်လောက်အောင် လက်ရာမြောက်တဲ့ဤကားဟာ ဘလောက်တစ်ဝိုက်တွင် အေးအေးဆေးဆေး မောင်းနှင်သွားလာနိုင်သည့် စွမ်းရည်ရှိပါတယ်။

.

.

.

.

ကား၏အရှေ့ဘက်မှာ grill အောက်ရှိ “RR” လိုဂိုကဲ့သို့သော ဂန္တဝင် Rolls-Royce အမှတ်တံဆိပ်နှင့် ကားခေါင်းဖုံးပေါ်ရှိ the Spirit of Ecstasy ရုပ်ထုတစ်ခုတို့ ပါဝင်ပါတယ်။ ကားရဲ့ လက်မအတိုင်းအတာတိုင်းက ဘယ်လောက်တောင် ထူးထူးခြားခြား ဖြစ်နေပေမဲ့လည်း ၎င်းထက်ပိုထူးခြားတာကတော့ ကားရဲ့နောက်ပိုင်းက ပိတ်ဖွင့်လုပ်လို့ရတဲ့ လိပ်ပြာပုံကိုယ်ထည်ဘဲဖြစ်ပါတယ်။

.

.

.

မူရင်း Boat Tail ကားကဲ့သို့ပင်၊ Đạo ၏ ၎င်းသစ်သားဗားရှင်းဟာ တံခါးနှစ်ပေါက်ဖြင့် ဖွင့်ပိတ်နိုင်ပြီး သင်သွားလိုရာခရီးကို ရောက်သွားတဲ့အခါ ၊ ဖန်ခွက်အစုံ၊ ထီးတစ်ထည်နှင့် ဖျော်ရည်အချို့ကို ထုတ်သောက်နိုင်ကြောင်းလည်း ထုတ်ဖော်ပြသထားပါတယ်။

ပရောဂျက်တစ်ခုလုံးဟာ 68 ရက်ခန့်ကြာမြင့်ပြီး Đạo ဟာ ၎င်း၏နေ့စဉ်အလုပ်မှာ Google ဖြင့်အလုပ်လုပ်ခဲ့ရပါတယ်။ ထို့ပြင် ၎င်းဖြစ်စဉ်တစ်ခုလုံးကို YouTube ဗီဒီယိုဖြင့် မှတ်တမ်းတင်ထားခဲ့ပါသေးတယ်။ ဒီတော့ လက်ရာပြောင်မြောက်လွန်းတဲ့ Đạo ရဲ့စိတ်ဝင်စားဖွယ်ဖန်တီးမှုအဆင့်ဆင့်ကို အောက်ပါဗီဒီယိုမှာ ဆက်လက်ကြည့်ရှုနိုင်တယ်ဗျာ ။

Mia (Mckzone daily)

Reference : mymodernmet

Be the first to comment on "သားဖြစ်သူအတွက် ဒေါ်လာ ၂၈ သန်းတန်ဖိုးရှိ အလန်းစား သစ်သား Rolls-Royce ကားအသေးစားလေးကို ဖန်တီးပေးခဲ့တဲ့ ဖခင်တစ်ဦး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*