လူနာများ စိတ်ပျော်ရွှင်အောင် နှစ်စဉ်နှစ်တိုင်း ဆေးရုံထဲသို့ အတွဲလိုက်ချီတက်ကာ ဖျော်ဖြေတင်ဆက်ပေးလေ့ရှိတဲ့ မိခင်ဘဲမကြီး နှင့် ဘဲငယ်လေးများ

နယူးယောက်မြို့ရှိ University of Rochester Thompson ကျန်းမာရေးဆေးရုံမှ လူနာများအား ပြီးခဲ့သည့် သီတင်းပတ်က ချစ်စရာကောင်းတဲ့ မိခင် ဘဲတစ်ကောင်က သူမရဲ့ကလေးငယ်များနှင့်အတူ ချီတက်ပွဲတစ်ခုအဖြစ် ဖျော်ဖြေတင်ဆက်ကာ စိတ်သက်သာရာ ဆေးကုသပေးခဲ့ပါတယ်။ တစ်နှစ်မှာ တစ်ကြိမ်၊ နှစ်စဉ်နှစ်တိုင်းမှာ၊ အဆိုပါမိခင်ဘဲမကြီးက သူမရဲ့ကလေးငယ်များနှင့်အတူ ဆေးရုံမှ လူနာများအား ဖျော်ဖြေတင်ဆက်ပေးခဲ့တာဘဲ ဖြစ်ပါတယ်။ “ နှစ်စဉ်နှစ်တိုင်း၊ မိခင် ဘဲမကြီးတစ်ကောင်က ကျွန်တော်တို့ရဲ့ M.M မှာရှိတဲ့ အလုံပိတ်ဝင်းတွေထဲက တစ်ခုကို ရွေးလေ့ရှိပါတယ်။ သူမက Ewing Continuing Care Center မှ ဥဥပြီး ကလေးတွေကို ပြုစုစောင့်ရှောက်ပေးနေလေ့ရှိပါတယ်။

.

.

သူမရဲ့ ၎င်းဘဲကလေးတို့ မြက်ခင်းပေါ်သွားဖို့ အဆင်သင့်ဖြစ်လာတဲ့အချိန်ရောက်ရင်တော့ အဲ့တာက ဒီမနက်ဟာ နှစ်စဉ် နွေဦးရာသီအတွက် အချိန်တန်ပြီဆိုတာ ကျွန်တော်တို့ကို သိစေတယ် ” လို့ ဝန်ထမ်းတွေက Facebook စာမျက်နှာမှာ အဆိုပါ မိခင်ဘဲမကြီးရဲ့အကြောင်းကို မျှဝေခဲ့ပါတယ်။ ၎င်းတို့ရဲ့ချီတက်ပွဲပြီးတာနဲ့ ဘဲမကြီးနှင့် သူမရဲ့ကလေးများက ဆေးရုံရဲ့စင်္ကြံများ၊ တံခါးအပြင်ဘက်နှင့် ဆေးရုံအနောက်ဘက်ရှိ မြက်ခင်းပြင်တစ်ခုသို့ လိုက်သွားကြပါတယ်။ အဆိုပါဘဲမကြီးက နှစ်စဉ်နှစ်တိုင်း တူညီတဲ့လမ်းကြောင်းအတိုင်း သွားနေခဲ့ပြီး အဆောက်အအုံဝန်ဆောင်မှုဝန်ထမ်းများကလည်း သူမနှင့် ဘဲကလေးများကို ခန်းမများတစ်လျှောက် ညင်သာစွာ လမ်းညွှန်ရန် ဆိုင်းဘုတ်အဟောင်းတွေကိုသာ အသုံးပြုကြပါတော့တယ်။

.

.

ဝန်ထမ်းတစ်ဦးက ထိုဘဲမကြီးနှင့်ဘဲကလေးတို့ရဲ့ဓာတ်ပုံနှင့်အတူ caption မှာ “ ကျွန်မက ကျွန်မရဲ့ကလေးတွေကို သေချာစွာ လေ့ကျင့်ပေးထားတယ်” လို့ သူမရဲ့ဖေ့စ်ဘွတ်ခ်မှာ ဟာသအဖြစ် ရေးသားဖော်ပြထားပါသေးတယ်။ ယခုနှစ်နွေဦးရာသီမှာတော့ အဆိုပါမိခင်ဘဲမကြီးက ၎င်းရဲ့နှစ်စဉ်လမ်းကြောင်းတစ်လျှောက်မှာ ဘဲပေါက် ၁၃ ကောင်ကို ရှေ့ကနေ ဦးဆောင်လမ်းပြနေခဲ့ပါတယ်။ ၎င်းချစ်စဖွယ်မြင်ကွင်းနှင့်ပတ်သက်ပြီး ဆေးရုံက ” ဆက်သွားပါ၊ ငါတို့က မင်းတို့ကိုလွမ်းနေပါ့မယ်!” လို့ ဆိုကာ ၎င်းတို့ချစ်ရတဲ့ ဘဲမကြီးနဲ့ ဘဲကလေးတွေကို ရည်ညွှန်းရေးသားဖော်ပြခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : buzznicked

Be the first to comment on "လူနာများ စိတ်ပျော်ရွှင်အောင် နှစ်စဉ်နှစ်တိုင်း ဆေးရုံထဲသို့ အတွဲလိုက်ချီတက်ကာ ဖျော်ဖြေတင်ဆက်ပေးလေ့ရှိတဲ့ မိခင်ဘဲမကြီး နှင့် ဘဲငယ်လေးများ"

Leave a comment

Your email address will not be published.


*