နေ့ခင်းကြောင်တောင် ခါးပိုက်နှိုက်ခံလိုက်ရတဲ့ခရီးသွားများရဲ့ vlog ဗီဒီယိုကနေ သရုပ်မှန်ပေါ်သွားခဲ့တဲ့ အမျိုးသမီးခါးပိုက်နှိုက်အဖွဲ့ (ရုပ်သံ)

Nina Spencer အမည်ရှိအမျိုးသမီး နှင့် Toi အမည်ရှိအမျိုးသမီးတို့ သူငယ်ချင်းနှစ်ဦးဟာ လန်ဒန် သို့ အလည်အပတ်ရောက်ရှိနေခဲ့စဉ်မှာ ၎င်းတို့ရဲ့အထူးခရီးစဉ်ကို အမှတ်တရအဖြစ် ၎င်းတို့ရဲ့ခရီးစဉ်တစ်ခုလုံးကို ရိုက်ကူးထားခဲ့ကြပေမဲ့ နေ့ခင်းကြောင်တောင် အမျိုးသမီးခါးပိုက်နှိုက်ဂိုဏ်းက သူမတို့အား ဓါးပြတိုက်တာကို မတော်တဆ ရိုက်ကူးထားမိလိမ့်မယ်လို့ ၎င်းတို့နှစ်ယောက်လုံး မထင်ထားခဲ့ကြပါဘူး။ ထိုစဉ်က Nina နှင့် သူမရဲ့သူငယ်ချင်း Toi တို့က လန်ဒန်မြို့ရဲ့ရှုခင်းကိုကြည့်ပြီး selfie stick ပေါ်မှာ ၎င်းတို့ဗီဒီယိုကိုရိုက်ကူးရင်းပျော်ပျော်ပါးပါး Cambridge Circus မှာ လမ်းလျှောက်နေခဲ့ကြပါတယ်။ ဒါပေမယ့် ရုတ်တရက် Toi က သူမရဲ့ Louis Vuitton လက်ကိုင်အိတ်ကို ရှာကြည့်လိုက်တော့ ပျောက်ဆုံးသွားကြောင်း သိလိုက်ရပါတယ်။

.

ထိုလက်ကိုင်အိတ်မှာ ပေါင် ၄၀၀ နဲ့ သူမရဲ့ အကြွေးဝယ်ကတ်တွေ ပါရှိနေခဲ့ပါတယ်။ ထို့နောက် သူမတို့က ပျောက်ဆုံးသွားတဲ့ ပိုက်ဆံအိတ်ကို ရှာဖွေရန် Cambridge Circus ပတ်ပတ်လည်ကို ပြန်သွားနေချိန်အတွင်း ၎င်းတို့ရဲ့ဗီဒီယိုဖိုင်ကို ပြန်ဖွင့်မိလိုက်တော့ သူမတို့ လမ်းဖြတ်ကူးဖို့ မီးပွိုင့်စောင့်နေတဲ့အချိန်မှာ အမျိုးသမီးခါးပိုက်နှိုက်ဂိုဏ်းဆီကနေ ခါးပိုက်နှိုက်ခံလိုက်ရတာကို တွေ့လိုက်ရပါတယ်။ ဗီဒီယိုထဲမှာ အနက်ရောင် jumper နှင့်နေကာမျက်မှန်ဝတ်ထားတဲ့ အမျိုးသမီးတစ်ဦးက Nina ရဲ့ပခုံးကို ငုံ့ကြည့်နေစဉ် အနက်ရောင် သားရေဂျာကင်အင်္ကျီနှင့် အနီရောင် စမတ်ဖုန်းကို ကိုင်ဆောင်ထားတဲ့ နောက်အမျိုးသမီးတစ်ဦးက Toi ရဲ့လက်ကိုင်အိတ်ကို စိုက်ကြည့်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

.

Nina နှင့် Toi တို့က ၎င်းတို့ရဲ့ vlog ဗီဒီယိုနဲ့စကားပြောရင်း အလုပ်ရှုပ်နေကြစဉ် နေကာမျက်မှန်တပ်ထားတဲ့ အမျိုးသမီးက သူ့သူငယ်ချင်းခိုးရတာအဆင်ပြေစေရန်အတွက် ၎င်းရဲ့ဈေးဝယ်အိတ်ကြီးတစ်လုံးဖြင့် နောက်ကနေ ကာပိတ်ပေးနေခဲ့ပါတယ်။ ထို့နောက် ဂျာဂင်အင်္ကျီဝတ်ထားတဲ့ အခြားအမျိုးသမီးက Toi ရဲ့လက်ကိုင်အိတ်ထဲသို့ သူမရဲ့လက်ကို နှစ်ထည့်ပြီး ပိုက်ဆံအိတ်ကို ဆွဲထုတ်လိုက်ပါတော့တယ်။ ထို့နောက် ၎င်းတို့က Toi နှင့် Nina တို့နဲ့မတူညီတဲ့ဦးတည်ရာတစ်ခုဆီသို့ လျှောက်သွားခဲ့ကြပါတယ်။ ဒါပေမဲ့ ထိုအချိန်ထိ Toi နှင့် Nina တို့က လန်ဒန်မြို့လယ်မှာ ၎င်းတို့ နေ့ခင်းကြောင်တောင် ခါးပိုက်နှိုက်ခံရကြောင်းကို မသိရှိခဲ့ကြဘဲ လမ်းတစ်ဖက်ကိုကူးပြီးသွားမှ အိတ်ပျောက်သွားမှန်းသိခဲ့ရပါတယ်။

ထို့နောက် Toi နှင့် Nina တို့က ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ထံ အလျင်အမြန် တိုင်ကြားခဲ့ပေမဲ့လည်း ၎င်းတို့ရဲ့ခိုးယူခံခဲ့ရတဲ့ ပိုက်ဆံအိတ်ကိုတော့ ပြန်လည်ရရှိရန် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ “ အခု ပိုက်ဆံပြန်ရနိုင်မယ် မထင်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့က ဒီမြို့ထဲမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို ရဲတွေ သတိပြုမိအောင် ကူညီပေးချင်တာပါ ” လို့ Nina က ဆိုခဲ့ပါတယ်။ ထို့ပြင် ” ခရီးသွားတွေကသာ ခါးပိုက်နှိုက်ခံရလေ့ရှိပေမဲ့လည်း ခရီးသွားတွေက တောက်ပြောင်တဲ့ဝတ်စုံများ မ၀တ်ဆင်ခြင်းဖြင့် ၎င်းတို့ရဲ့အာရုံစိုက်ခြင်းကို ရှောင်ရှားနိုင်ပါတယ်။

ဆန့်ကျင်ဘက်အားဖြင့်၊ ခရီးသွားတွေက အဖိုးတန်ပစ္စည်းများကို အလွန်အကျွံ အကာအကွယ်ပေးခြင်းဖြင့် ၎င်းတို့ကိုယ်တိုင်ကို ပိုပြီး ထိခိုက်လွယ်စေနိုင်ပါတယ်။ မင်းရဲ့ပိုက်ဆံအိတ်ထဲမှာ တန်ဖိုးကြီးတစ်ခုခုပါနေတာကို သတိပြုမိစေချင်တာကို အိတ်ကပ်ဖောက်သူများအား အချက်ပြနေပါတယ် ” လို့ ဗြိတိန်စစ်တပ်ထောက်လှမ်းရေးအရာရှိဟောင်းနှင့် ခရီးသွားလုံခြုံရေးကုမ္ပဏီ How Safe Is ဒါရိုက်တာဖြစ်သူ Lewis Sage-Passant၊ MSyl တို့က Toi နှင့် Nina တို့ရဲ့အဖြစ်အပျက်နဲ့ပတ်သက်ပြီး အထူးသဖြင့် ခရီးသွားများကို သတိပေးပြောကြားခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "နေ့ခင်းကြောင်တောင် ခါးပိုက်နှိုက်ခံလိုက်ရတဲ့ခရီးသွားများရဲ့ vlog ဗီဒီယိုကနေ သရုပ်မှန်ပေါ်သွားခဲ့တဲ့ အမျိုးသမီးခါးပိုက်နှိုက်အဖွဲ့ (ရုပ်သံ)"

Leave a comment

Your email address will not be published.


*