အသက် 10 နှစ်အရွယ် ကလေးအများစုဟာ ဂိမ်းကစားရန် သို့မဟုတ် YouTube တွင် ဗီဒီယိုများကြည့်ရန် ၎င်းတို့ရဲ့ နည်းပညာစက်ပစ္စည်းကိရိယာများကို အသုံးပြု၍ အလုပ်ရှုပ်နေကြပေမဲ့လည်း ၎င်းတို့ထဲမှ တစ်ဦးမှာ ကုဒ်လုပ်နည်းကို အမှန်တကယ် လေ့လာခဲ့ပြီး ယခုအခါ ဝဘ်ဆိုက်များဖန်တီးနည်းကို သိရှိလာကာ စိတ်ဝင်စားစရာကောင်းအောင် သူ့ကိုယ်ပိုင် ကုမ္ပဏီကို တည်ထောင်ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ၊ Antipolo City မှ Isabel Sieh အမည်ရှိမိန်းကလေးတစ်ဦးဟာ သူမ Coding ကို စတင်လေ့လာစဉ်က အသက် 10 နှစ်သာ ရှိပါသေးတယ်။ သူမဟာ သင်္ချာဘာသာရပ်ကို အမှန်တကယ် နှစ်သက်ကြောင်းကို သူမရဲ့ဆရာများထဲက တစ်ဦးက သတိပြုမိသွားခဲ့ပြီးနောက်မှာ သူမအား ကုဒ်ဖတ် ၊ရေးနည်းကို စမ်းသင်ကြည့်ဖို့ အကြံပြုပေးခဲ့ပါတယ်။
.
ထို့နောက် ၎င်းဆရာက သူမအား Coding ကိုလေ့လာဖို့အတွက် ဖွင့်ထားတဲ့ Code Academy နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ယခုလို ငယ်ရွယ်စဉ်မှာ Isabel ဟာ အွန်လိုင်းအတန်းများမှတစ်ဆင့် Hypertext Markup Language (HTML) နှင့် JavaScript တို့ကို သင်ယူနိုင်ခဲ့ပေမဲ့လည်း အင်တာနက်မှရရှိနိုင်တဲ့ အချက်အလက်များကမလုံလောက်သလို သူမပိုမိုလေ့လာလိုတဲ့အတွက်ကြောင့် သူမရဲ့မိဘများက သူမအတွက် ကျူရှင်ဆရာများကို ငှါးရမ်းပေးခဲ့ပါတယ်။ Isabel ဟာ ကုဒ်ရေးနည်းကို အလွန်နှစ်သက်တဲ့အတွက်ကြောင့် သူမဟာ ဘာသာစကားကို သင်ယူရုံမျှမကဘဲ အခြားမိန်းကလေးများကို ကုဒ်လုပ်နည်းကို သင်ပေးရန်အတွက် သူမရဲ့ကိုယ်ပိုင်ကုမ္ပဏီကို ဖွင့်လှစ်ခဲ့ပါတယ်။
.
အဆိုပါ ‘Girls Will Code’ ကုမ္ပဏီဟာ ငယ်ရွယ်သော မိန်းကလေးငယ်များအား ကုဒ်ရေးနည်းကို သင်ကြားပေးရန်နှင့် ပြင်ပကျောင်းများ၌လည်း ၎င်းတို့၏ ကျောင်းသားများအား အခြေခံ ပရိုဂရမ်ရေးနည်းကို သင်ကြားပေးဖို့ ထောက်ခံအားပေးရန် ရည်ရွယ်ထားပါတယ်။ Isabel ဟာ လက်ရှိမှာ အသက် ၁၃ နှစ်ရှိပါပြီ။ ဒါပေမယ့်လည်း ဒီလိုအသက်အရွယ်မှာ ကျောင်းသူလေးအရွယ်ဖြစ်ပေမဲ့ သူမဟာ ဆရာမတစ်ယောက်လည်းဖြစ်နေပါပြီ။ ပြီးခဲ့သည့်နှစ်က သူမဟာ Bagong Nayon 2 မူလတန်းကျောင်းရှိ အသက် ၁၀ နှစ်အရွယ် ကလေးတစ်စုအား အခြေခံပရိုဂရမ်ရေးနည်းကို သင်ကြားပေးခဲ့ပြီး ၊
သူမဟာ နည်းပညာလေ့လာနေစဉ်မှာ ကလေးများအတွက် အထူးပြုလုပ်ထားသည့် ဘာသာစကား ပရိုဂရမ် တစ်ခုဖြစ်တဲ့ Scratch Jr. ကို အသုံးပြုကာ ၎င်းတို့ကို ဆက်လက်ထောက်ခံအားပေးခဲ့ပါတယ်။
.
အသက် 5 နှစ်မှ 7 နှစ်အရွယ်ကလေးများဟာ ၎င်းတို့၏ကိုယ်ပိုင်ဂိမ်းများနှင့် အပြန်အလှန်တုံ့ပြန်မှုဇာတ်လမ်းများဖန်တီးရန် ၎င်းပရိုဂရမ်ကို အသုံးပြုနိုင်ပါတယ်။ Isabel ဟာ အစောကြီးကတည်းက တခြားကလေးတွေက သူမလိုပဲ ဖြစ်နိုင်တယ်လို့ ယုံကြည်နေခဲ့ပြီး သူမရဲ့သင်ကြားရေးနှင့်ပတ်သက်ပြီး “ ဒါဟာ ဘာသာစကားနဲ့ အတူတူပါပဲ။ ငယ်ငယ်ကတည်းက သင်ယူတတ်မြောက်လာတာနဲ့အမျှ မင်းက တကယ်ကို ကျွမ်းကျင်လာမှာပါ ” လို့လည်း Isabel က အခြားကလေးများအတွက် အားပေးပြောကြားခဲ့ပါသေးတယ်။
Mia (Mckzone daily)
Reference : rachfeed
Be the first to comment on "အသက် ၁၀ နှစ်အရွယ်တည်းနဲ့ ကိုယ်ပိုင်ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့တဲ့ ငယ်ရွယ်တဲ့ မိန်းကလေးတစ်ဦး"