လူသားမိသားစုမှ ထားရစ်ခံရတာကြောင့် အထီးကျန်စိတ်တစ်ခုနဲ့ သူမရဲ့ အနှစ်သက်ဆုံးအရုပ်ကို လက်လွတ်မခံနိုင်တဲ့ သနားစရာခွေးမလေး
.
.
.
Mia (Mckzone daily)
Reference : goodtimes
Unicode
Layla လို့အမည်ပေးထားတဲ့ pitbull ခွေးငယ်တစ်ကောင်ရဲ့ ဖြစ်ရပ်မှာ သူမရဲ့မိသားစုက အိမ်မှာ အိမ်မွေးတိရစ္ဆာန်တွေ များလွန်းတာကြောင့် ဂရုမစိုက်နိုင်လို့ ဂေဟာတစ်ခုမှာ Layla ကို ထားရစ်ခဲ့ကြောင်း Rescue Dogs Rock NYC ရဲ့ တည်ထောင်သူ Jackie O’Sullivan မှ ပြောကြားခဲ့ပါတယ် ။ Layla က မိသားစုနဲ့ အတူနေစဥ်မှာ ၂ နှစ်အရွယ်နဲ့ ၇ နှစ်အရွယ် ကလေးများနဲ့ အလွန်ရင်းနှီးဒါကြောင့် ဂေဟာကို ရောက်လာတဲ့အခါ Layla ကို အထီးကျန်သလိုခံစားစေခဲ့ပါတယ် ။
“Laylaကို စိတ်အေးချမ်းစေမယ့် တစ်ခုတည်းသော အရာကတော့ သူ့အရုပ်လေးပါပဲ။ သူမဟာ သူ့ကိုယ်သူ တိရိစ္ဆာန်လေးတွေနဲ့ နှစ်သိမ့်နေခဲ့တယ်” လို့ Jackie က ပြောပါတယ် ။ Layla က တိရစ္ဆာန်အရုပ်နဲ့ အတူတူကစားပြီး ဘယ်သွားသွား အဲ့အရုပ်က သူနဲ့အတူ ပူးကပ်နေတာကို မြင်တွေ့ရပါတယ် ။ Layla ဟာ အလွန်ချစ်ဖို့ကောင််ူပြီး သနားစရာကောင်းတဲ့ ခွေးကလေးတစ်ကောင်ဖြစ်ပြီး သူမကို အချိန်တိုအတွင်း လူတွေ မွေးစားလာလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။
Mia (Mckzone daily)
Be the first to comment on "လူသားမိသားစုမှ ထားရစ်ခံရတာကြောင့် အထီးကျန်စိတ်တစ်ခုနဲ့ သူမရဲ့ အနှစ်သက်ဆုံးအရုပ်ကို လက်လွတ်မခံနိုင်တဲ့ သနားစရာခွေးမလေး"
Leave a comment
Your email address will not be published.
*