အေးချမ်းတဲ့ရာသီဥတုကြောင့် တုန်ရီနေတဲ့လမ်းဘေးခွေးပေါက်လေးနှင့်မျှဝေဖို့အတွက် သူမရဲ့စောင်ကို ခြံစည်းရိုးအပြင်ဖက်သို့ ဆွဲထုတ်ပေးခဲ့တဲ့ ခွေးမလေး

ခွေးလေးတွေဟာ အလွန်နူးညံ့သိမ်မွေ့သော စိတ်ဝိညာဉ်လေးများဖြစ်ပြီး လိုအပ်နေသောမည်သူ့ကိုမဆို ကူညီရန် အဆင်သင့်ဖြစ်နေကြောင်း အကြိမ်ကြိမ်သက်သေပြခဲ့ကြပါတယ်။ သို့ပေမဲ့လည်း ၎င်းတို့ဟာ ၎င်းတို့ရဲ့ကြင်နာမှုဖြင့် လူသားတွေကို ဘယ်တော့မှ အံ့ဩအောင်လုပ်ဖို့မမေ့ကြပါဘူး။ ယခုတစ်ကြိမ်မှာလည်း ဘရာဇီးနိုင်ငံရှိ အသက် ၈ လသားအရွယ် ခွေးမလေးတစ်ကောင်ဟာ သူမ၏ မယုံနိုင်စရာ အမူအရာဖြင့် လူတိုင်း၏နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဆိုပါ Lana လို့ခေါ်တဲ့ခွေးမလေးဟာ သူမနှင့်သူမ၏မွေးချင်းများအားလုံးကို ကယ်ဆယ်ခြင်းမခံရမီ လမ်းတွေပေါ်မှာ ခက်ခဲတဲ့ဘဝဖြင့် နေထိုင်ခဲ့ကြရပါတယ်။ နောက်ဆုံးမှာ Lana ဟာ သူမတစ်ခါမှမရဖူးတဲ့ ချစ်ခြင်းမေတ္တာနှင့် နှစ်သိမ့်မှုအားလုံးကို ပေးဆောင်နိုင်တဲ့ လူငယ်စုံတွဲတစ်တွဲထံမှ မွေးစားခြင်းကိုခံခဲ့ရပါတယ်။

.

လမ်းတွေပေါ်မှာ ကျင်လည်ရင်းကနေ Luna ဟာ တကယ်ကို အချစ်ခံရတဲ့အိမ်မွေးခွေးလေးတစ်ကောင် ဖြစ်သွားခဲ့ပါတယ်။ သို့ပေမဲ့ သူမရဲ့ ဘဝသစ်က သူမအား ပို၍ပင် တစ်ပါးသူအပေါ် ဂရုစိုက်တတ်သော ဝိညာဉ်အဖြစ်သို့ ပြောင်းလဲသွားစေခဲ့ပါတယ်။ Lana ဟာ Suelen Schaumloeffel အမည်ရှိအမျိုးသမီးနှင့် သူမ၏ခင်ပွန်းတို့ကို တွေ့ဆုံကတည်းက မြင်မြင်ချင်း ချစ်မိသွားခဲ့ပြီး မွေးစားခွေးလေးဟာ ၎င်းရဲ့မွေးစားမိဘများက သူမအား ချစ်ခြင်းမှလွဲ၍ ဘာမှမပေးနိုင်တာကိုလည်း သိနေခဲ့ပါတယ်။ သို့ပေမဲ့လည်း Lana ဟာ အိမ်နောက်ဖေးမှာ အိပ်လေ့ရှိပြီး ထိုဒေသတွင် အပူချိန်ကျဆင်းလာတဲ့အတွက်ကြောင့် ၊
သူမရဲ့မိဘများက သူမအား အလွန်နွေးတဲ့ စောင်တစ်ထည်ပေးခဲ့ပြီး ၊ သူမဟာ ၎င်းစောင်နဲ့ အမြဲအိပ်စက်ပြီး ဆော့ကစားရင်း သူမရဲ့အကြိုက်ဆုံးအရာဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ချမ်းအေးတဲ့ မနက်ခင်းတစ်ခုမှာ Suelen ရဲ့ခင်ပွန်းက အလုပ်သွားတဲ့အခါ သူမြင်ရတဲ့ မြင်ကွင်းအတွက် သူ့မျက်လုံးတွေကို မယုံနိုင်ဖြစ်သွားခဲ့ရပါတယ်။ ခင်ပွန်းဖြစ်သူဟာ သူတို့အိမ်ရဲ့အပြင်ကို လှမ်းကြည့်လိုက်တော့ Lana က သူ့စောင်ကို အပြင်ဘက်ဆွဲထုတ်ပြီး အိမ်ယာမဲ့ခွေးလေးတစ်ကောင်နဲ့အတူ မျှဝေပေးနေတာကို မြင်တွေ့ခဲ့ရပါတယ်။

.

Lana ၏ ကြည်နူးစရာကောင်းသော အမူအရာကြောင့် သူမရဲ့သခင်နှစ်ဦးစလုံး မျက်ရည်ကျခဲ့ရပြီး ” သူ့သူငယ်ချင်းအတွက် သူလုပ်ပေးခဲ့တာ ဘယ်လောက်တောင် လှပလိုက်လဲနော် ၊ ခြေထောက်လေးချောင်းပါတဲ့ ကျွန်မရဲ့အကောင်းဆုံးသူငယ်ချင်းလေးက ကျွန်မတို့ကို ရက်ရောမှုဆိုတဲ့အရမ်းအရေးကြီးတဲ့အရာတစ်ခုအကြောင်းကို သတိပေးနေခဲ့တယ် ” ဟု Suelen က ပြောကြားခဲ့ပါတယ်။ Suelen နှင့် သူမ၏ခင်ပွန်းက ၎င်းလမ်းဘေးခွေးလေးကို သူ့မှာ ID Tag ရှိ၊ မရှိ သိဖို့ ကြိုးစားခဲ့ပေမဲ့လည်း ၊ ၎င်းခွေးလေးက ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့တဲ့အတွက်ကြောင့် Suelen တို့ဇနီးမောင်နှံက ၎င်းက လမ်းများပေါ်မှာ နေထိုင်တဲ့ ခွေးသာဖြစ်နိုင်ကြောင်း ထင်မှတ်ခဲ့ကြပါတယ်။

.

သို့ပေမဲ့ ၎င်းတို့ချစ်လှစွာသော Lana လိုဘဲ ၎င်းခွေးလေးလည်း ၎င်းတို့ထံ အကူအညီတောင်းခံဖို့ ပြန်လိမ့်မယ်လို့ မျှော်လင့်နေခဲ့ကြပါတယ်။ ထို့ပြင် “ Luna လေးက ကျွန်မတွေ့ဖူးသမျှ ခွေးလေးတွေထဲမှာ အချစ်စရာကောင်းဆုံးပါပဲ ၊ တစ်စုံတစ်ယောက်ရဲ့ဘဝမှာ လုပ်နိုင်တဲ့ ခြားနားချက်တွေကို တခါတရံ မေ့သွားတတ်ကြပါတယ်။ ဒါ့အတွက် Luna က သူမကို အမှတ်ရဖို့ သတိပေးနေခဲ့တယ် ” ဟုလည်း Suelen က ကျေနပ်ဝမ်းသာစွာ ထပ်လောင်းပြောကြားခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : 3lstories

Be the first to comment on "အေးချမ်းတဲ့ရာသီဥတုကြောင့် တုန်ရီနေတဲ့လမ်းဘေးခွေးပေါက်လေးနှင့်မျှဝေဖို့အတွက် သူမရဲ့စောင်ကို ခြံစည်းရိုးအပြင်ဖက်သို့ ဆွဲထုတ်ပေးခဲ့တဲ့ ခွေးမလေး"

Leave a comment

Your email address will not be published.


*