ကားပေါ်တက်ပြီး လူသားများအား ပွေ့ဖက်ပေးခြင်းဖြင့် ဆာဖာရီသို့လာရောက်လည်ပတ်သူများအား ကြိုဆိုပေးတဲ့ ဖော်ရွေယဉ်ပါးတဲ့ ခြင်္သေ့တစ်ကောင် (ရုပ်သံ)

မကြာခဏဆိုသလို၊ အထူးသဖြင့် Safari ၊ ကျွန်တော်တို့ဟာ ခြင်္သေ့၊ ကျားသစ်၊ ဆင်၊ ကြံ့နှင့် လက်တွေ့ဘဝတွင် တစ်ခါမှမမြင်ဖူးတဲ့ တိရိစ္ဆာန်များကဲ့သို့သော အံ့သဩဖွယ်တိရိစ္ဆာန်အားလုံးကို ကြည့်ရှုရန် တိရိစ္ဆာန်ရုံသို့ မကြာခဏ သွားရောက်လေ့ရှိကြပါတယ်။ buggy ကားကိုအသုံးပြု၍ လာရောက်လည်ပတ်သူများဟာ ဤစိတ်ဝင်စားဖွယ်ကောင်းသော တောရိုင်းတိရိစ္ဆာန်များအားလုံးကို ၎င်းတို့၏မျက်လုံးများဖြင့် မျက်ဝါးထင်ထင် မြင်နိုင်ပြီး အဆိုပါ Safari သတ္တဝါများကို ကြောက်ရွံ့ခြင်းမရှိဘဲ အလွန်အနီးကပ်ကြည့်ရှုလေ့လာနိုင်ပါတယ်။ ၎င်းကဲ့သို့စိတ်လှုပ်ရှားစရာကောင်းသလို၊ Republic of crimea နိုင်ငံ Bilohirsk မြို့ရှိ Taigan Safari Park မှာ လာရောက်လည်ပတ်သူတွေဟာလည်း ဒီတိရိစ္ဆာန်တွေရဲ့ လှပပုံကို ကြည့်မြင်ရရုံထက် ပိုခံစားနိုင်မှာဘဲဖြစ်ပါတယ်။

Filya လို့အမည်ပေးထားတဲ့ ယဉ်ပါးတဲ့ဒီခြင်္သေ့တစ်ကောင် ရဲ့ကျေးဇူးကြောင့် ဒီဆာဖာရီမှာ လာရောက်လည်ပတ်သူတွေဟာ ဒီလှပတဲ့ခြင်္သေ့လေးက ဧည့်သည်တွေကို သူ့နည်းသူ့ဟန်နဲ့ ‘နှုတ်ဆက်’ဖို့ အမြဲအဆင်သင့်ဖြစ်နေတဲ့အတွက်ကြောင့် ၎င်းတို့ဘဝအတွက် အပြန်အလှန်ခံစားခွင့်ရရှိမှာဘဲဖြစ်ပါတယ်။

.

၎င်း၏နယ်မြေသို့ buggy တစ်စီးပေါ်လာတိုင်း၊ ဒီနှစ်နှစ်သားအရွယ် Filya ဟာ ယာဉ်မောင်းထိုင်ခုံဆီသို့ တည့်တည့်သွားကာ ထိုနေရာ၌ထိုင်နိုင်ရန် ယာဉ်မောင်းအား နေရာမှာ ဖယ်ခိုင်းတတ်ပါတယ်။ Filya က ထိုကဲ့သို့လုပ်ဆောင်နေချိန်တိုင်း ယာဉ်မောင်းဟာလည်း မဖယ်ပေးဖို့ အခွင့်အရေးမရှိနေပါဘူး။

.

ထို့ပြင် Filya ဟာ ၎င်း၏ လူမှုဆက်ဆံရေးစွမ်းရည်ကို ပြသပြီး ဧည့်သည်တစ်ဦးအား ၎င်း၏မျက်နှာဖြင့် ပွတ်သပ်ကာ ဧည့်သည်ကို နှုတ်ဆက်ဖို့လည်း မမေ့ပါဘူး။ ဒီခြင်္သေ့ ဘယ်လောက် ဖော်ရွေလဲဆိုတာကို ဓာတ်ပုံတွေ့မြင်နိုင်ပါတယ်။

.

ထို့ပြင် Filya ဟာ အမြဲလိုလို ဧည့်သည်များ၏ရင်ခွင်ထဲသို့တက်နေကာ ပွေ့ဖက်နမ်းရှိုက်ပေးတတ်ပါတယ်။ ခြင်္သေ့တွေဟာ ယေဘူယျအားဖြင့် အလွန်ကြောက်စရာကောင်းတဲ့အတွက်ကြောင့်၊ ခြင်္သေ့ထက် အိမ်မွေးခွေးတစ်ကောင်နှင့် ပိုတူနေတဲ့ Filya လို ခြင်္သေ့တစ်ကောင်ကို ရှာရခက်ပါတယ်။

ဒါ့ကြောင့် ၎င်း safari သို့လာရောက်လည်ပတ်သူများဟာ ဖော်ရွေပျူဌာ တဲ့ Filya လေးနှင့်အတူ တစ်သက်တာ ခြင်္သေ့တစ်ကောင်ထံမှ ပွေ့ဖက်ပေးခြင်းကိုခံစားရမှာဘဲဖြစ်ပါတယ်။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "ကားပေါ်တက်ပြီး လူသားများအား ပွေ့ဖက်ပေးခြင်းဖြင့် ဆာဖာရီသို့လာရောက်လည်ပတ်သူများအား ကြိုဆိုပေးတဲ့ ဖော်ရွေယဉ်ပါးတဲ့ ခြင်္သေ့တစ်ကောင် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*