.
.
.
.
JRose (Mckzone daily)
Reference : khaosod
Unicode
အမေရိကန်နိုင်ငံက သူခိုးတစ်ဦးဟာ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်စတိုးတစ်ခုမှ လက်မ 70 တီဗီကို ပိုင်ရှင်ရဒ့ မျက်စိရှေ့မှာတင် ခိုးယူသွားတဲ့ အဖြစ်အပျက်က ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့သွားပါတယ် ။ အဆိုပါသူခိုးက အသက် ၅၅နှစ်အရွယ် John Reyroman လို့ခေါ်ကြောင်း ထောက်လှမ်းရေးဗီဒီယိုဖိုင်မှာ ဖမ်းမိခဲ့ပါတယ် ။ John Reyroman က လုံခြုံရေးဝန်ထမ်းတွေ တားနေပေမဲ့ TV ကို ဆိုင်အပြင်ဘက်အထိ ဇွတ်အတင်းခိုးရန် ကြိုးစားနေပါတယ် ။
John Reyroman ရဲ့ရာဇဝင်ကို စုံစမ်းကြည့်တဲ့အခါမှာ ပိုင်နက်ကျူးလွန်မှုနဲ့ ဓားပြတိုက်မှုတို့ဖြင့် အကြိမ်များစွာ စွဲချက်တင်ခံခဲ့ရကြောင်း တွေ့ရှိရပါတယ် ။ ဖောက်ထွင်းမှုအပါအဝင် ၁၉၈၅ ခုနှစ်ကတည်းက သူ့မှာ ရာဇ၀တ်မှုမှတ်တမ်းရှိပါတယ် ။ အဆိုပါခိုးယူမှုက သုံးလအတွင်း ၂၂ ကြိမ်မြောက်ဖြစ်ပြီး နိုင်ငံအနှံ့ ဖောက်ထွင်းမှုဖြစ်ပွားခဲ့ပါတယ် ။ New York City နဲ့ Chicago အပါအဝင်ဖြစ်တာကြောင့် အာဏာပိုင်များက သူ့ကို ဖမ်းဆီးဖို့ လုံလောက်တဲ့ အထောက်အထားများ ရှိနေပါပြီ ။
JRose (Mckzone daily)
Be the first to comment on "ဆိုင်ရှင်ကို လုံးဝဂရုမစိုက်ဘဲ လက်မ 70 ရှိတဲ့ တီဗီကို ဆိုင်အပြင်အထိ ခေါင်းမာစွာသယ်ဆောင်ပြီး ခိုးယူဖို့ ကြိုးစားနေတဲ့ သူခိုးတစ်ဦး"