မီးခြစ်အဟောင်းများကို အမိုက်စား မီနီမော်တော်ဆိုင်ကယ်များအဖြစ် စိတ်ဝင်စားဖွယ်ကောင်းအောင် ပြောင်းလဲဖန်တီးပြခဲ့တဲ့ အမျိုးသားတစ်ဦး


.

.

.

.

.

.

.

.

.

,

.

.

Mia (KB Chimmy one)

Reference : buzznicked

Unicode

ကျွန်တော်တို့အားလုံးမှာ ကိုယ်စီ ထူးခြားတဲ့ကိုယ်ရည်ကိုယ်သွေးရှိနေကြတယ်ဆိုတာ အမှန်ပါဘဲ။ ဒါ့ကြောင့်ဘဲ ယနေ့ခေတ်မှာ လူတွေရဲ့တီထွင်ဖန်တီးမှုတွေက အထူးအဆန်းတွေနဲ့ တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် ပေါ်ပေါက်လာကြရတာပါဘဲ။ ဒီတော့ တီထွင်ဖန်တီးမှုတွေကလည်း အနည်းငယ်စီ ကွဲပြားနိုင်ပါတယ်။ ခုလည်း ဒီအမည်မဖော်လိုတဲ့ ဖန်တီးရှင်အမျိုးသားတစ်ဦးဟာ သူ့ရဲ့ အမိုက်စား မီနီမော်တော်ဆိုင်ကယ်တွေကို ဖန်တီးဖို့ အခြားဘာမှမလိုဘဲ မီးခြစ်အဟောင်းနှစ်လုံးတည်းကိုသာ သုံးပြသွားခဲ့ပါတယ်။ သူဟာ ၎င်းမီးခြစ်နှစ်ခုစလုံးရဲ့ထိပ်ပိုင်းကပါဝင်ပစ္စည်းမှန်သမျှကို ဖြုတ်လိုက်ပြီးနောက်မှာ စိတ်ဝင်စားစရာကောင်းအောင်ဘဲ ၎င်းပစ္စည်းတစ်ခုချင်းစီကို ပြန်တပ်ကာ ချစ်စရာကောင်းတဲ့ မီနီ မော်တော်ဆိုင်ကယ်လေးကိုရရှိလာမှာ ဖြစ်ပါတယ်။ ဒီအမျိုးသားက ဘာမှမဟုတ်တဲ့အရာကို ထူးခြားတဲ့အရာတစ်ခုဖြစ်အောင် ပြောင်းလဲနိုင်တဲ့ ရွှေလက်ပိုင်ရှင်ဖြစ်ပုံရပါတယ်။ နောက်ဆုံးရလဒ်ကို ကြည့်ခြင်းအားဖြင့် ၎င်းဖန်တီးမှုကို သာမန်မီးခြစ်နှစ်လုံးကနေ လာတာကို ယုံရဖို့ခက်ခဲနေနိုင်ပါတယ်။ ဒီတော့ မီနီ မော်တော်ဆိုင်ကယ်လေးတွေဖြစ်လာဖို့ စိတ်ဝင်စားစရာကောင်းတဲ့ အဆင့်တစ်ဆင့်ချင်းစီရဲ့ပုံရိပ်များကို ကြည့်ရှုသွားခဲ့ကြပါအုံးဗျ ။

Mia (KB Chimmy one)

Be the first to comment on "မီးခြစ်အဟောင်းများကို အမိုက်စား မီနီမော်တော်ဆိုင်ကယ်များအဖြစ် စိတ်ဝင်စားဖွယ်ကောင်းအောင် ပြောင်းလဲဖန်တီးပြခဲ့တဲ့ အမျိုးသားတစ်ဦး"

Leave a comment

Your email address will not be published.


*