၎င်းရဲ့ကျောကုန်းအား ထပ်ခါထပ်ခါ ပွတ်သပ်ပေးရန် ကလေးများအား ရုပ်တည်ကြီးနဲ့ အမိန့်ပေးခဲ့တဲ့ လီမာမျောက်တစ်ကောင် (ရုပ်သံ)



.

.

.

Mia (Mckzone daily)

Reference : goodtimes

Unicode

ဒီ လီမာမျောက်တစ်ကောင်ကတော့ ၎င်းရဲ့ကျောကုန်းကိုကုတ်ပေးနေတဲ့ ကလေးနှစ်ယောက်နှင့် အတော်လေး သက်တောင့်သက်သာရှိပုံရပါတယ်။ ထိုကလေးနှစ်ယောက်စလုံးက ၎င်းရဲ့ကျောကုန်းအား ကုတ်ပေးနေတာကို ရပ်လိုက်တဲ့အခါတိုင်း ၎င်းတို့ပွတ်သပ်ပေးတဲ့ ဇိမ်ရှိလှတဲ့လှုပ်ရှားမှုကိုထပ်လိုချင်နေတဲ့ ၎င်းလီမာမျောက်တစ်ကောင်က ထိုကလေးနှစ်ယောက်စလုံးအား တည့်တည့်ကြည့်ပြီး သူ့နောက်ကျောကို သူ့လက်နဲ့ ပုတ်ပြကာ သူ့အား နောက်ထပ် ပွတ်သပ်ပေးဖို့အတွက် သူ့ငယ်ကျွန်ကြီးတွေလို ထပ်ခါထပ်ခါ အမိန့်ပေးခဲ့ပါတယ်။

၎င်းလီမာမျောက်ရဲ့ ရယ်စရာအပြုအမူကြောင့် ကလေးများနှင့် ဗီဒီယိုရိုက်ကူးသူကလည်း တကယ်ကို ရယ်မောနေခဲ့ကြပါတယ်။ ဒီဗီဒီယိုက Madagascar ကျွန်းနှင့် Comoros ကျွန်းများ၌သာ နေထိုင်တဲ့ လီမာမျောက်များကို ပြသတဲ့အစီအစဉ်တစ်ခုဘဲဖြစ်ပါတယ်။ ဒီတိရိစ္ဆာန်မျိုးစိတ်က များသောအားဖြင့် လူမှုဆက်ဆံရေးကောင်းကြပါတယ်။ ဒီတော့ ဒီလီမာမျောက်တစ်ကောင်က ထိုကလေးနှစ်ယောက်အား ကျောကုန်းပွတ်ပေးဖို့ ဘယ်နှစ်ကြိမ် တောင်းဆိုခဲ့သလို ၎င်းက ဘယ်လိုတောင် ဇိမ်ခံနေခဲ့တဲ့ပုံရိပ်များကို အောက်ပါဗီဒီယိုမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်ဗျာ ။

Mia (Mckzone daily)

Be the first to comment on "၎င်းရဲ့ကျောကုန်းအား ထပ်ခါထပ်ခါ ပွတ်သပ်ပေးရန် ကလေးများအား ရုပ်တည်ကြီးနဲ့ အမိန့်ပေးခဲ့တဲ့ လီမာမျောက်တစ်ကောင် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*