တစ်ပတ်နွမ်းဆိုင်မှာ ဈေးသုံးနေတဲ့ကျောင်းနေဖက်တွေကို လှောင်ပြောင်နေတဲ့သားဖြစ်သူအား ကျောင်းဝတ်သွားဖို့ ဒေါ်လာ ၂၀ ဖြင့် ဈေးပေါတဲ့အဝတ်အစားများကို ဝယ်ယူစေခဲ့တဲ့ မိခင်

တစ်ပတ်နွမ်းစတိုးဆိုင်တစ်ခုမှာ ဈေးသုံးနေတဲ့ ကျောင်းနေဖက်တွေကို လှောင်ပြောင်ကာ အထင်သေးသလိုပြုမူနေခဲ့တဲ့ ဆယ်ကျော်သက်အရွယ်သားဖြစ်သူကို သတိပြုမိလိုက်ပြီးနောက်မှာ အမေရိကန် ဂျော်ဂျီယာပြည်နယ်မှ မိခင်ဖြစ်သူက သားဖြစ်သူကို ဘယ်တော့မှမမေ့သွားစေမဲ့ ဘဝသင်ခန်းစာတစ်ခုပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူမရဲ့ ဖေ့စ်ဘွတ်မှာ လူသိများတဲ့ ပို့စ်တစ်ခုမှာတော့ အဆိုပါ မိခင် Cierra Brittany Forney က သူ့ရဲ့ဆယ်ကျော်သက်သားလေးကို ကျိုးနွံတတ်အောင်နှင့် ၎င်းတို့ရဲ့ရုပ်ရည်သွင်ပြင်ပေါ် မူတည်ပြီး တခြားသူတွေကို မဆုံးဖြတ်ဖို့ ဘယ်လိုသင်ပေးခဲ့တဲ့အကြောင်းကို မျှဝေခဲ့ပါတယ်။ Forney ၏ အဆိုအရ သူမရဲ့သားဟာ တစ်ပတ်နွမ်း စတိုးတစ်ဆိုင်မှာ အင်္ကျီဝယ်နေတဲ့ကျောင်းနေဖက်များအား ရိုင်းစိုင်းတဲ့မှတ်ချက်များပေးနေခဲ့ပါတယ်။

“ မကြာသေးမီက ကျွန်မရဲ့ ၁၃ နှစ်အရွယ်သားလေးက လူအများ စိတ်ပျက်သွားမဲ့ အရာကို လုပ်ခဲ့တယ် ။ သူကဘဲ ဆိုင်ကြီးမှာဘဲ ဈေးဝယ်တတ်သလိုနဲ့ ဟန်ဆောင်ပြီး ဈေးလာသုံးနေတဲ့သူ့ကျောင်းက ကလေးတွေကို အထင်သေးသလို ဆက်ဆံနေခဲ့တယ် ၊ ကျွန်မ အဲ့ဒီအပြုအမူကို သည်းမခံနိုင်တာနဲ့ ကျွန်မ သူ့ကို သင်ခန်းစာတစ်ခုပေးခဲ့လိုက်တယ် ” လို့ မိခင်ဖြစ်သူက သူမရဲ့ ပို့စ်မှာ ရေးသားခဲ့ပါတယ်။

သားဖြစ်သူကို ခက်ခက်ခဲခဲ ရတဲ့ ဒေါ်လာတန်ဖိုးနဲ့ စိတ်ထားကောင်းဖို့ သင်ပေးဖို့ မျှော်လင့်ချက်နဲ့ နောက်ပိုင်းမှာ Forney ဟာ သားဖြစ်သူအား ဒေါ်လာ ၂၀ ဖြင့် အဝတ်အစားများဝယ်စေပြီး ၎င်းအင်္ကျီတွေနဲ့ တစ်ပတ်တိတိ ကျောင်းဝတ်သွားစေခဲ့ပါတယ်။

သူမ၏ပို့စ်တွင်၊ Forney ဟာ မကြိုက်ဘဲ ဝယ်လိုက်ရတဲ့အင်္ကျီတွေကို စတိုးဆိုင်ရဲ့ကြမ်းပြင်တစ်လျှောက်တရွှတ်တိုက်ဆွဲသွားနေတဲ့သားဖြစ်သူရဲ့ပုံရိပ်ကိုပါမျှဝေပေးခဲ့ပါတယ်။ ထို့ပြင် ကလေးသုံးယောက်မိခင်က “ သူ ကျွန်မရဲ့အမိန့်ကို မကြိုက်ဘဲ မျက်ရည်အနည်းငယ်ကျနေခဲ့ပေမဲ့ နောက်လာမဲ့ ၁၅ နှစ်ကြာရင် ကျွန်မက သူ့ကို ဒေါ်လာ ၂၀ နဲ့ အင်္ကျီတွေဝယ်ခိုင်းခဲ့တာကို ပြန်တွေးရင်း သူရယ်မောနေလိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ထားတယ် ” ဟုလည်းဆိုခဲ့ပါတယ်။ ဘယ်လိုဖြစ်နေပါစေ ၊ Forney ဟာ ၎င်းက နှိမ့်ချမှုရှိခြင်းအကြောင်း သင်ပေးရန်အတွက် သူမလုပ်ဆောင်ရမည့်အရာဖြစ်တာကို သူမသိနေခဲ့ပါတယ်။

ထို့ပြင် Forney က သူမကိုယ်တိုင်လည်း ၎င်းစတိုးဆိုင်မှာ ရံဖန်ရံခါ ဈေးသုံးလေ့ရှိပြီး ၎င်းမှ ရနိုင်တဲ့ အံ့သြဖွယ်ကောင်းသော ဈေးနှုန်းများအားလုံးကို နှစ်သက်ကြောင်းလည်း ရေးသားခဲ့ပါတယ်။ သူမရဲ့ ပို့စ်ကို Facebook မှာ မျှဝေပြီး နှစ်ရက်အကြာမှာ Like 600,000 ကျော် ရရှိခဲ့ပြီး သားဖြစ်သူကို နှိမ့်ချသော ဘဝသင်ခန်းစာကို သင်ကြားရန် ကြိုးပမ်းမှုအပေါ် ချီးကျူးစကား မှတ်ချက်အများစုကိုရရှိခဲ့ပါတယ်။

သို့ပေမဲ့ သူမ၏ မိဘအုပ်ထိန်းမှုစွမ်းရည်ကို အချို့က ဝေဖန်ခဲ့ကြပြီး သားဖြစ်သူက သူမအပေါ် မုန်းတီးရင်း ကြီးပြင်းလာလိမ့်မယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

သို့ပေမဲ့ Forney က သူမဟာ သူမရဲ့သားကို စာနာနားလည်တတ်ပြီး အကောင်းဆုံးတွေးခေါ်တတ်သူအဖြစ်သာ ကြီးပြင်းလာစေချင်ကြောင်း ရှင်းပြခဲ့ပါတယ်။ “ကျွန်မသားကို ပိုကောင်းတဲ့လူဖြစ်လာအောင် ကူညီပေးဖို့ ငါတစ်ယောက်တည်း လုပ်ခဲ့တာဆိုတော့ ဒီပို့စ်နဲ့ ပတ်သက်ပြီး ဘယ်သူဘာပြောပြော ကျွန်မဂရုမစိုက်ပါဘူး ၊ ခုတော့ ကျွန်မသားက ဒီကရတဲ့ တန်ဖိုးကြီးသင်ခန်းစာတစ်ခုကို သင်ယူခဲ့ပြီး သူဝယ်လာတဲ့ ကြယ်သီးနဲ့အင်္ကျီအတွက် စိတ်လှုပ်ရှားနေတယ် ” ဟုလည်း Forney က ၎င်းပိုစ့်အောက်မှာ ထပ်မံရေးသားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "တစ်ပတ်နွမ်းဆိုင်မှာ ဈေးသုံးနေတဲ့ကျောင်းနေဖက်တွေကို လှောင်ပြောင်နေတဲ့သားဖြစ်သူအား ကျောင်းဝတ်သွားဖို့ ဒေါ်လာ ၂၀ ဖြင့် ဈေးပေါတဲ့အဝတ်အစားများကို ဝယ်ယူစေခဲ့တဲ့ မိခင်"

Leave a comment

Your email address will not be published.


*