JRose (Mckzone daily)
Reference : rachfeed
Unicode
.
Facebook စာမျက်နှာ Woof Woof မှ မျှဝေထားတဲ့ ဗီဒီယိုတစ်ခုမှာ ကြောင်ငယ်လေးဟာ သူမရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ခွေးရဲ့ ခြေထောက်ကို ပွေ့ဖက်ကာ လွှတ်ရန် ငြင်းဆန်နေတာကို တွေ့မြင်နိုင်ပါတယ် ။ ကြောင်မလေးရဲ့နာမည်က Ah Q ဖြစ်ပြီး ခွေးကလေးက Peas လို့ခေါ်ပါတယ် ။ ဗီဒီယိုထဲက ဖော်ပြချက်တွေအရ ကြောင်တစ်ကောင်က သူ့ခွေးလေးကို အရမ်းချစ်ပြီး ခွဲလို့မရဖြစ်နေပါတယ် ။
၎င်းတို့နှစ်ဦးက ငယ်ငယ်လေးကတည်းက အတူတူ ကြီးပြင်းလာသောကြောင့် ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံကြပြီး မေတ္တာတွယ်နေကြတာပါ ။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်၊ ဒီနှစ်ယောက်ဟာ ကျွန်တော်တို့ မြင်ဖူးသမျှထဲမှာ ချစ်စရာအကောင်းဆုံးသူငယ်ချင်းစုံတွဲဖြစ်ပြီး Ah Q ကတော့ အင်တာနက်ပေါ်မှာ အတွယ်အတာဆုံးကြောင်ဆိုတာ အင်တာနက်အသုံးပြုသူတော်တော်များများက သဘောတူကြပါတယ် ။
JRose (Mckzone daily)
Be the first to comment on "ငယ်ငယ်ကတည်းက အတူတူကြီးပြင်းလာပြီး သံယောဇဉ်တွယ်မိတဲ့ခွေးလေးကို ဝေးရမှာကြောက်လို့ အမြဲပူးကပ်နေခဲ့တဲ့ ကြောင်မလေး(ရုပ်သံ)"