ကမာၻႀကီးညစ္ညမ္းမႈကို ရပ္တန္႔ေစမဲ့ ၿပိဳကြဲပ်က္စီးႏိုင္တဲ့ ဇီဝပလတ္စတစ္ကို ငါးအေရခြံနဲ႔ အနီေရာင္ေရညႇိမ်ားကို အသုံးျပဳၿပီး ဖန္တီးခဲ့တဲ့ ေက်ာင္းသူ

ပလတ္စတစ္ညစ္ညမ္းမႈက ကမာၻ႔အဓိကျပႆနာမ်ားထဲမွ တစ္ခုျဖစ္လာတာနဲ႔အမွ် Sussex တကၠသိုလ္မွ ဆန္းသစ္တီထြင္သူ ေက်ာင္းသားတစ္ဦးက ညစ္ညမ္းမႈကို ရပ္တန႔္ေစမဲ့ အေျဖတစ္ခုကို ဖန္တီးခဲ့ပါတယ္ ။ United Kingdom ရွိ Sussex တကၠသိုလ္မွာ လက္ရွိ ပညာသင္ၾကားေနတဲ့ အသက္ ၂၃ ႏွစ္အ႐ြယ္ Lucy Hughes အမည္ရွိ အမ်ိဳးသမီးက Marinatex လို႔ေခၚတဲ့ ၁၀၀ ရာခိုင္ႏႈန္း ဇီဝေဆြးေျမ့ႏိုင္ေသာ ပစၥည္းကို ဖန္တီးခဲ့ပါတယ္ ။

Lucy က ငါးအေၾကးခြံမ်ား၊ ငါးအေရခြံနဲ႔ ေရညႇိနီမ်ားမွ ဖန္တီးထားတဲ့ Marinatex ဟာ ယခုအခ်ိန္မွာ တြင္က်ယ္စြာ အသုံးျပဳေနၾကတဲ့ သမား႐ိုးက် ပလတ္စတစ္အိတ္မ်ားကို အစားထိုးရန္ အလားအလာႀကီးမားတဲ့ ဇီဝပလတ္စတစ္ တစ္မ်ိဳးျဖစ္ပါတယ္ ။ Marinatex ဟာ အသားညႇပ္ေပါင္မုန႔္ပုံးမ်ားကဲ့သို႔ အစားအစာထုပ္ပိုးရာမွာ အသုံးျပဳတဲ့ ပလတ္စတစ္ဖလင္အတြက္ ပတ္ဝန္းက်င္နဲ႔ သဟဇာတျဖစ္မဲ့ အစားထိုးတစ္မ်ိဳးအျဖစ္ လုပ္ေဆာင္ရန္ ဒီဇိုင္းထုတ္ထားတာျဖစ္ပါတယ္ ။

သာမန္ပလတ္စတစ္နဲ႔မတူဘဲ၊ အဆိုပါဇီဝ႐ုပ္ႂကြင္းမ်ားကို တစ္လအတြင္း ေဆြးေျမ့ပ်က္စီးႏိုင္ၿပီး သာမန္အစားအစာ စြန႔္ပစ္ပစၥည္းမ်ား စုေဆာင္းမႈမွတစ္ဆင့္လည္း စြန႔္ပစ္ႏိုင္ပါတယ္ ။ Marinatex ကို ပလတ္စတစ္ အစားထိုးအျဖစ္ အသုံးျပဳရန္လည္း တာရွည္ခံၿပီး ၿပိဳကြဲသြားတဲ့အခါ ေျမဆီလႊာထဲသို႔ အဆိပ္အေတာက္မ်ား စိမ့္ဝင္သြားျခင္းမရွိပါဘူး ။ အသစ္ထုတ္လုပ္ထားေသာပစၥည္းကို Lucy ရဲ႕ဘြဲ႕ႀကိဳပေရာဂ်က္ရဲ႕တစ္စိတ္တစ္ပိုင္းအျဖစ္ မူလကတီထြင္ခဲ့ေသာ္လည္း Marinatex ဟာ ႀကီးမားေသာအလားအလာရွိၿပီး မၾကာေသးခင္ကပဲ အစုလိုက္အၿပဳံလိုက္ေစ်းကြက္သို႔ မိတ္ဆက္ႏိုင္ခဲ့ပါတယ္ ။

JRose (Mckzone daily)

Reference : goodtimes

Unicode

ပလတ်စတစ်ညစ်ညမ်းမှုက ကမ္ဘာ့အဓိကပြဿနာများထဲမှ တစ်ခုဖြစ်လာတာနဲ့အမျှ Sussex တက္ကသိုလ်မှ ဆန်းသစ်တီထွင်သူ ကျောင်းသားတစ်ဦးက ညစ်ညမ်းမှုကို ရပ်တန့်စေမဲ့ အဖြေတစ်ခုကို ဖန်တီးခဲ့ပါတယ် ။ United Kingdom ရှိ Sussex တက္ကသိုလ်မှာ လက်ရှိ ပညာသင်ကြားနေတဲ့ အသက် ၂၃ နှစ်အရွယ် Lucy Hughes အမည်ရှိ အမျိုးသမီးက Marinatex လို့ခေါ်တဲ့ ၁၀၀ ရာခိုင်နှုန်း ဇီဝဆွေးမြေ့နိုင်သော ပစ္စည်းကို ဖန်တီးခဲ့ပါတယ် ။

Lucy က ငါးအကြေးခွံများ၊ ငါးအရေခွံနဲ့ ရေညှိနီများမှ ဖန်တီးထားတဲ့ Marinatex ဟာ ယခုအချိန်မှာ တွင်ကျယ်စွာ အသုံးပြုနေကြတဲ့ သမားရိုးကျ ပလတ်စတစ်အိတ်များကို အစားထိုးရန် အလားအလာကြီးမားတဲ့ ဇီဝပလတ်စတစ် တစ်မျိုးဖြစ်ပါတယ် ။ Marinatex ဟာ အသားညှပ်ပေါင်မုန့်ပုံးများကဲ့သို့ အစားအစာထုပ်ပိုးရာမှာ အသုံးပြုတဲ့ ပလတ်စတစ်ဖလင်အတွက် ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်မဲ့ အစားထိုးတစ်မျိုးအဖြစ် လုပ်ဆောင်ရန် ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ် ။

သာမန်ပလတ်စတစ်နဲ့မတူဘဲ၊ အဆိုပါဇီဝရုပ်ကြွင်းများကို တစ်လအတွင်း ဆွေးမြေ့ပျက်စီးနိုင်ပြီး သာမန်အစားအစာ စွန့်ပစ်ပစ္စည်းများ စုဆောင်းမှုမှတစ်ဆင့်လည်း စွန့်ပစ်နိုင်ပါတယ် ။ Marinatex ကို ပလတ်စတစ် အစားထိုးအဖြစ် အသုံးပြုရန်လည်း တာရှည်ခံပြီး ပြိုကွဲသွားတဲ့အခါ မြေဆီလွှာထဲသို့ အဆိပ်အတောက်များ စိမ့်ဝင်သွားခြင်းမရှိပါဘူး ။ အသစ်ထုတ်လုပ်ထားသောပစ္စည်းကို Lucy ရဲ့ဘွဲ့ကြိုပရောဂျက်ရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် မူလကတီထွင်ခဲ့သော်လည်း Marinatex ဟာ ကြီးမားသောအလားအလာရှိပြီး မကြာသေးခင်ကပဲ အစုလိုက်အပြုံလိုက်စျေးကွက်သို့ မိတ်ဆက်နိုင်ခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ကမာၻႀကီးညစ္ညမ္းမႈကို ရပ္တန္႔ေစမဲ့ ၿပိဳကြဲပ်က္စီးႏိုင္တဲ့ ဇီဝပလတ္စတစ္ကို ငါးအေရခြံနဲ႔ အနီေရာင္ေရညႇိမ်ားကို အသုံးျပဳၿပီး ဖန္တီးခဲ့တဲ့ ေက်ာင္းသူ"

Leave a comment

Your email address will not be published.


*