အိမ်ထောင်သက် ၁၂ နှစ်မှာ ကလေး ၁၁ ယောက်ရှိပြီး ယခုမှာ ၁၂ ယောက်မြောက်ရင်သွေးကို မျှော်နေတဲ့ စုံတွဲတစ်တွဲ



.

.

.

JRose (Mckzone daily)

Reference : gtgoodtimes

Unicode

များသောအားဖြင့် ဇနီးမောင်နှံတွေက သူတို့ရဲ့ မိသားစုမှာ ကလေး ၂ ယောက် သို့မဟုတ် ၃ ယောက်လောက်သာ မွေးချင်ကြတာပါ ။ ပိုကြီးတဲ့ မိသားစုကို ကြိုက်တဲ့သူ တချို့ကတော့ အများဆုံး ကလေး ၆ ယောက်ကနေ ၈ ယောက်အထိလေးဘဲ ထားကြပါတယ် ။ ဒါပေမဲ့ မက္ကဆီကိုနိုင်ငံမှ အသက် ၃၇ နှစ်အရွယ် မိခင် Courtney Rogers က သူရဲ့ခင်ပွန်းနဲ့ အိမ်ထောင်သက် ၁၂ နှစ်မှာ သူတို့ရဲ့ ကလေး ၁၁ ယောက်ရှိပြီး မကြာခင်မှာ သူတို့ရဲ့ ၁၂ ယောက်မြောက် ရင်သွေးကို မျှော်နေပါတယ် ။ Courtney ရဲ့ အဆိုအရ သူမဟာ ကိုယ်ဝန်ဆောင်ရတာကို နှစ်သက်တယ်လို့ ဆိုပါတယ် ။

Courtney တို့မှာ သား ၆ ဦးနဲ့ သမီး ၅ ဦးရှိပြီး ခင်ပွန်း ဖြစ်သူ Chris Rogers က အိမ်ထောင်ဦးစီးဖြစ်ပြီး မိသားစုရဲ့ တစ်ဦးတည်းသော ဝင်ငွေရှာသူဖြစ်ပါတယ် ။ မိသားစုအများစုက အိပ်ခန်း ၃ ခန်းပါ တိုက်ခန်းများမှာ နေထိုင်ကြသော်လည်း Rogers မိသားစုက တိုးလာတာကြောင့် ၎င်းတို့စုံတွဲဟာ လူတိုင်းနေရာချနိုင်စေရန်အတွက် နေထိုင်ရန် ပိုကြီးတဲ့နေရာကို ရှာဖွေနေပါတယ် ။ Courtney Rogers ကတော့ သူမရဲ့ မိသားစုနဲ့ ဘဝနေထိုင်မှုပုံစံ ဓာတ်ပုံများကို လူမှုမီဒီယာ စာမျက်နှာများမှာ ဂုဏ်ယူစွာ မျှဝေခဲ့တာပါ ။

JRose (Mckzone daily)

Be the first to comment on "အိမ်ထောင်သက် ၁၂ နှစ်မှာ ကလေး ၁၁ ယောက်ရှိပြီး ယခုမှာ ၁၂ ယောက်မြောက်ရင်သွေးကို မျှော်နေတဲ့ စုံတွဲတစ်တွဲ"

Leave a comment

Your email address will not be published.


*