မိခင်ဖြစ်သူ အေးအေးဆေးဆေးနဲ့ အနားယူလို့ရအောင် ညီလေးကိုပါ ကျောပိုးပြီး မိသားစုအတွက် ညစာချက်ပြုတ်နေတဲ့ ၉ နှစ်အရွယ် မိန်းကလေး




JRose (Mckzone daily)

Reference : goodtimes

Unicode

ကြင်ဖော်မဲ့မိခင်တစ်ဦးရဲ့အကြီးဆုံးသမီးဖြစ်တဲ့ Dabao က တစ်နှစ်သားအရွယ်ရှိ သူမရဲ့ညီဖြစ်သူ Erbao ကို ဂရုတစိုက်ပြုစုပျိုးထောင်ခဲ့ရပါတယ် ။ Dabao က တနင်္ဂနွေတစ်ရက်မှာ သူမရဲ့ ကျောင်းအလုပ်အားလုံးကိုလုပ်ပြီးနောက် သူမရဲ့မိခင်ကို အနားယူခိုင်းပြီး သူမက Erbao ကို ကောင်းမွန်စွာပြုစုစောင့်ရှောက်ခဲ့ပါတယ် ။ ချစ်ဖို့ကောင်းတဲ့ညီလေးဟာ အကျင့်စာရိတ္တကောင်းမွန်ပြီး မငိုတတ်၊ ဒုက္ခမပေးတတ်သလို သူ့အစ်မကို အပြန်အလှန်ယုံကြည်မှုလည်း ရှိနေပါတယ် ။

တစ်ညမှာ အမေက မီးဖိုချောင်ထဲ လှမ်းကြည့်စဉ် သူ့ညီလေးကို ကျောပိုးပြီး ညစာပြင်နေတဲ့ သမီးလေးကို မြင်ပြီး သူ့သမီးလေးဘာတွေလုပ်နေလဲဆိုပြီး အံ့သြသွားပါတယ် ။ Dabao က သူ့ညီငယ်ကို ကျောပိုးပြီး မိသားစုအတွက် ညစာပြင်ဆင်နေတာပါ ။ သူ့ညီငယ် ပျင်းပြီး ငိုမှာစိုးလို့ သူမရဲ့ဆံပင်ပေါ်မှာ မီးပုံးပျံရုပ်တချို့ကိုပါ ချိတ်ထားကို တွေ့ရပါတယ် ။ သူ့သမီးရဲ့ အထင်ကြီးစရာကောင်းတဲ့ အပြုအမူကိုမြင်တော့ မိခင်က အပြစ်ရှိသလိုခံစားရပေမဲ့ Dabao အတွက် သူမ အရမ်းဂုဏ်ယူခဲ့ပါတယ် ။

ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့သမီးလေး အရမ်းလိမ္မာသိတက်တာကို မြင်လိုက်ရတော့ သူ့နှလုံးသားကို ထိမိသွားပြီး ပြုစုပျိုးထောင်ရတာ ဂုဏ်ယူမိသွားခဲ့ပါတယ် ။ သူမရဲ့ သမီးလေးအကြောင်းကို အင်တာနက်အသုံးပြုသူတွေရဲ့ ချီးကျူးမှုတွေက သူမကို နွေးထွေးစေခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "မိခင်ဖြစ်သူ အေးအေးဆေးဆေးနဲ့ အနားယူလို့ရအောင် ညီလေးကိုပါ ကျောပိုးပြီး မိသားစုအတွက် ညစာချက်ပြုတ်နေတဲ့ ၉ နှစ်အရွယ် မိန်းကလေး"

Leave a comment

Your email address will not be published.


*