အလုပ်ကြိုးစားမှုအဖြစ် ” ၃၆၅ ရက်တာ အားလပ်ရက် ” အထူးဆုရရှိခဲ့ပေမဲ့ အလုပ်ထုတ်ခံရတော့မယ်လို့သာ တွေးထင်နေခဲ့တဲ့ အမျိုးသား

တရုတ်နိုင်ငံ Guangdong ပြည်နယ် Shenzhen မြို့မှ အမျိုးသားတစ်ဦးရဲ့ ၎င်းကုမ္ပဏီရဲ့နှစ်သစ်ဆုကြေးငွေပါတီမှာ ၃၆၅ ရက်ကြာ အားလပ်ရက် အထူးဆုရရှိခဲ့တဲ့သတင်းဟာ မကြာသေးမီက လူမှုကွန်ရက်ပေါ်မှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ်။ 2022 ခုနှစ် ဇန်နဝါရီလ 28 ရက်နေ့မှာ ၎င်းကုမ္ပဏီရဲ့ကိုယ်စားလှယ်တစ်ဦးက ကူးစက်ရောဂါကာလအတွင်းကြိုးစားအားထုတ်မှုအတွက် ၎င်းတို့ရဲ့ဝန်ထမ်းများအား လက်ဆောင်ကြီးကြီးပေးခဲ့ကြောင်း သတင်းထောက်များအား မျှဝေခဲ့ပါတယ်။ ဒါ့ကြောင့် အထက်ဖော်ပြပါဆုက အထူးလက်ဆောင်အဖြစ် ကုမ္ပဏီမှ သတ်မှတ်ပေးခဲ့တာဘဲဖြစ်ပါတယ်။ ၎င်းအထူးဆုရရှိပြီးနောက်မှာ ကံကောင်းသူ ထိုအမျိုးသားက တရုတ်နိုင်ငံရဲ့တောင်တန်းဒေသများရှိ ဆင်းရဲနွမ်းပါးတဲ့ကလေးများအတွက် ရန်ပုံငွေ ယွမ် ၁၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၆၀၀) လှူဒါန်းခဲ့ကြောင်းလည်း သိရပါတယ်။

.

ဆုရရှိသူက “ ၃၆၅ ရက် အားလပ်ရက် ” လို့ ရေးသားတဲ့ ဘုတ်ပြားအား ၎င်းရဲ့သူဌေးထံမှလက်ခံရရှိကြောင်းဖော်ပြတဲ့ ထိုအခမ်းအနားရှိဓာတ်ပုံများက အင်တာနက်အသိုင်းအဝိုင်းအား ချစ်စဖွယ်ခံစားချက်များ ပြည့်နှက်သွားစေခဲ့ပါတယ်။ ဒီဖြစ်ရပ်ရဲ့သတင်း အင်တာနက်မှာ ပျံ့သွားပြီးနောက်မှာတော့ တရုတ်အင်တာနက်သုံးစွဲသူများစွာက “ ‘ လေးစားတယ် ‘ လို့ပြောရတာ ငြီးငွေ့လာပြီ ” ၊ ” ငါ့သူဌေးက ဒီခေတ်စားနေတဲ့သတင်းကို မြင်ရဲ့လားမသိဘူး” ၊ ” ဒီကုမ္ပဏီကို အလုပ်လျှောက်ဖို့ အချိန်မနှောင်းသေးဘူးထင်တယ် “၊ “ ၃၆၅ ရက် အားလပ်ရက်ပေးတယ်တဲ့လား ၊ အမလေး မြတ်စွာဘုရား ” ဆိုပြီး မှတ်ချက်အမျိုးမျိုး ပေးခဲ့ကြပါတယ်။

.

ထိုအထူးဆုလက်ဆောင်က လူများစွာအား အားကျမှုနှင့် ချီးမွမ်းစရာကောင်းသလိုခံစားစေခဲ့ရပေမဲ့လည်း “ အများပြည်သူတို့ရဲ့အားပေးမှုကြောင့် ကျွန်တော် နှစ်ကုန်ကျ့ရင် အလုပ်ထုတ်ခံရတော့မယ်လို့ ကျွန်တော် ယောင်ဝါးဝါးထင်နေမိတယ် ” လို့ အဆိုပါအနိုင်ရရှိသူ မစ္စတာလင်းက ပြန်ပြောထားခဲ့ပါတယ်။ သူ့အတွေးကြောင့် အစပိုင်းမှာတော့ အင်တာနက်အသုံးပြုသူများကလည်း အံ့အားသင့်သွားခဲ့ကြပေမယ့် ထိုကိစ္စကိုအတည်ပြုလိုက်တဲ့အခါမှာတော့ အများစုက ၎င်းက ကုမ္ပဏီရဲ့နှလုံးသားထဲကလက်ဆောင်လို့သာ ယုံကြည်ခဲ့ကြပါတယ်။

.

ဒါပေမဲ့ ကုမ္ပဏီသူဌေးက ထိုအားလပ်ရက်အထူးလက်ဆောင်ကို မိမိသာဆန္ဒရှိရင် ယွမ် 200,000 ငွေသားနဲ့လဲလှယ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ထိုအခါ အနိုင်ရရှိသူ မစ္စတာလင်းကလည်း သူ့အလုပ်ချိန်နဲ့ လိုက်လျောညီထွေဖြစ်နေပြီဖြစ်တဲ့အတွက် သူ တစ်နှစ်ပတ်လုံးအနားယူဖို့မလိုအပ်တာကိုစဉ်းစားပြီးတာနဲ့ မစ္စတာလင်းက ပိုက်ဆံယူဖို့သာ ဆုံးဖြတ်ခဲ့ပြီး “ ကျွန်တော့်အတွက် ဒီ ‘ ၃၆၅ ရက် အားလပ်ရက်’ ဆုက ယမန်နှစ်က ကျွန်တော့်ရဲ့ကြိုးစားအားထုတ်မှုကို ရောင်ပြန်ဟပ်စေတဲ့ ဖော်ပြချက်ပါဘဲ။ ပင်ပန်းတဲ့အလုပ်က ဘဝမှာ အောင်မြင်မှုတွေရရှိအောင် ကူညီပေးတဲ့ အားစိုက်ထုတ်မှုသာ ဖြစ်ပါတယ် ၊ ဒါ့ကြောင့် ကျွန်တော် ပိုက်ဆံနဲ့ဘဲ အလဲအလှယ်လုပ်လိုက်တယ် ” လို့ မစ္စတာလင်းက ထပ်မံပြောကြားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : everytruenews24

Be the first to comment on "အလုပ်ကြိုးစားမှုအဖြစ် ” ၃၆၅ ရက်တာ အားလပ်ရက် ” အထူးဆုရရှိခဲ့ပေမဲ့ အလုပ်ထုတ်ခံရတော့မယ်လို့သာ တွေးထင်နေခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*