JRose (Mckzone daily)
Reference : yan
Unicode
ဗီယက်နမ်လူမျိုးများက ကြီးပြင်းလာတဲ့အခါ ငွေအနည်းငယ်သာရှိပေမဲ့ ၎င်းတို့ရဲ့မိဘများကို လုံးဝပစ်မထားဘဲ မိဘတို့ရဲ့ ဝတ်ကြီးဝတ်ငယ်အားလုံးကို လုပ်ကိုင်ပေးကြပါတယ် ။ အခုဖော်ပြပေးမှာက ခန္ဓာကိုယ်တစ်ခုလုံးပေါ်မှာ တက်တူးနဲ့ ပြည့်နေတဲ့ လူငယ်တစ်ယောက်က မိခင်ဖြစ်သူကို ဂရုတစိုက်ပြုစုပေးနေတာကို မြင်ရတော့ လူမှုကွန်ယက်ကလူတွေကို အံ့သြစေခဲ့ပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းနီးပါက တက်တူးထိုးတဲ့ လူတွေကို သူတို့က လူဆိုးအဖွဲ့၊ ကလန်ကဆန်လုပ်တက်တဲ့သူတို့ ထင်ကြလို့ပါ ။
မိခင်ရဲ့ ဝတ်ကြီးဝတ်ငယ်ကို မငြိုမငြင်နဲ့ လုပ်ပေးနဲ့တဲ့ ဒီတက်တူးနဲ့ကောင်လေးကို မြင်တော့ သူ့ရဲ့ထင်မြင်ချက်ဟာ မှားယွင်းနေတယ်ဆိုတာ သဘောပေါက်မိစေခဲ့ပါတယ် ။ ဒါကြောင့်လည်း ပုံပန်းသဏ္ဌာန်ကို ကြည့်ရုံနဲ့ ဒီလူဟာ မကောင်းတဲ့လူဆိုတဲ့ အတွေးမျိုးမထားသင့်ပါဘူး ။ နောက်ပြီးတော့မှ အသက်ကြီးပြီး အားနည်းတာနေတဲ့ ကျွန်တော်တို့ရဲ့ မိဘတွေကို သေသေချာချာ ဂရုစိုက်ပါ ။ သူတို့တွေက ကျွန်တော့်တို့ကို ဘယ်အချိန် ထားသွားမယ်ဆိုတာ မသိနိုင်တာမို့လို့ပါ ။ ဒါကြောင့် အချိန်ကိုမစောင့်တော့ဘဲ ခုကတည်းက မိဘရဲ့ ဝတ်ကြီးဝတ်ငယ်တွေကို ဆပ်ဖို့ စဥ်းစားလိုက်ပါ ။
JRose (Mckzone daily)
Be the first to comment on "နေမကောင်းတဲ့မိခင်ကို ဝတ်ကြီးဝတ်ငယ်လုပ်ပေးနေတဲ့ တက်တူးနဲ့ လူငယ်လေးကြောင့် အွန်လိုင်းပေါ်ကလူတွေကို ထိမိစေခဲ့"