တရုတ်နိုင်ငံ Xi’an မြို့ ကူးစက်ရောဂါဖြစ်ပွါးမှုကြောင့် Liu အမည်ရှိအမျိုးသမီးတစ်ဦးက သူမရဲ့ခွေးလေးကို ၎င်းရဲ့နေအိမ်မှာ တစ်ကောင်ထဲထားခဲ့ရပြီး ၁၄ ရက်ကြာ Quarantine ပြုလုပ်ခဲ့ကြောင်းကို HouLang News via Insider မှဖော်ပြခဲ့ပါတယ်။ Liu က သူမတိုက်ခန်းမှမထွက်ခွါမီ ၎င်းရဲ့ခွေးလေးအတွက် အစာနှင့်ရေအလုံအလောက်ထားပေးခဲ့ပြီး သူမတိုက်ခန်းကနေထွက်ခွါချိန်မှာ သူမရဲ့ခွေးလေးက အိမ်ရှေ့တံခါးမှာ စောင့်ဆိုင်းနေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ နောက်နေ့မှာ သူမအိမ်ပြန်ရောက်မလာတဲ့အခါ သူမရဲ့အိမ်မွေးတိရိစ္ဆာန်လေးက အိမ်ထဲရှိသူမရဲ့ပစ္စည်းများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်ပါတော့တယ်။ အဆိုးဆုံးမှာတော့ Liu က သူမပစ္စည်းတစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်နေတာကို အချိန်နှင့်တပြေးညီ စောင့်ကြည့်ကင်မရာမှတစ်ဆင့် ကြည့်ရှုနေခဲ့ရတယ်လို့ သိရှိရပါတယ်။
.
Liu က သူမခွေးလေးဟာ နေ့တိုင်း ၎င်းရဲ့ဆိုဖာအပါအဝင် သူဖြိုဖျက်ပစ်မဲ့ ပစ္စည်းအသစ်များကို ရှာဖွေနေမှာဖြစ်ပြီး “ ယခု ကျွန်မအိမ်ရှိအရာအားလုံးနီးပါးလည်း ရစရာမရှိအောင် ပျက်စီးနေပါပြီ ” လို့ HouLang News မှာ ပြောကြားခဲ့ပါတယ်။ နောက်ထပ် တစ်ပတ်ကြာ သီးသန့်ခွဲနေရန် လိုအပ်နေသေးပေမဲ့လည်း သူမက သူမရဲ့ပရိဘောဂအသစ်များအတွက် အွန်လိုင်းမှာ စတင်ဈေးဝယ်နေရပြီဖြစ်တယ် လို့လည်း Liu က ထပ်လောင်းပြောကြားခဲ့ပါတယ်။
.
Weibo မှာ Liu ရဲ့ခွေးလေးအကြောင်း ဗီဒီယိုကို အကြိမ်ရေ 12 သန်းကျော် ကြည့်ရှုခဲ့ကြပြီး ဆိုရှယ်မီဒီယာအသုံးပြုသူများက အိမ်မှာ ကျန်ခဲ့တဲ့ အိမ်မွေးတိရိစ္ဆာန်များအတွက် ၎င်းတို့ရဲ့ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ ၎င်းတို့ထဲမှအများစုက အိမ်မွေးတိရိစ္ဆာန်ပိုင်ရှင်များက သီးသန့်ခွဲနေရချိန်မှာ ၎င်းတို့နှင့်အတူ အိမ်မွေးတိရိစ္ဆာန်များကို ယူဆောင်ခွင့်ပြုရန် ဒေသခံကျန်းမာရေးအရာရှိများကို တိုက်တွန်းထားပေးခဲ့ကြပါတယ်။ ” ငါ့ခွေးလေးက ငါ့အိတ်၊ ငါ့ဖိနပ်နဲ့ ငါ့အဝတ်တွေကို ဖျက်ဆီးပစ်နိုင်တယ်။
.
ဒါပေမဲ့ အနည်းဆုံးတော့ ငါ့ခွေးလေး ကျန်းမာနေသေးတာက ငါ့ကိုစိတ်သက်သာရာရစေတယ်။ သူဘာမှမစားရတာတောင် ဒီလောက်ဆိုးနေတာ။ ငါ ခုနစ်ရက်ပြီး အိမ်ပြန်နိုင်ရင်တော့ အခြေအနေတွေက ပိုကောင်းလာမှာပါ။ အိမ်က အမှိုက်ပုံးကြီးလိုဖြစ်နေနိုင်ပေမယ့် ငါတို့ ရှင်းလိုက်ရင် အဆင်ပြေသွားမှာပါ ” လို့ Liu က ဆိုထားခဲ့ပါတယ်။
Xi’an မြို့ရှိ ကူးစက်ရောဂါ “အပြင်းထန်ဆုံး” ဖြစ်ပွါးမှုကြောင့် 2021 ခုနှစ် ဒီဇင်ဘာလမှာ စတင် Lockdown ချမှတ်ထားခဲ့ကြောင်း SupChina မှဖော်ပြခဲ့ပါတယ်။ ကူးစက်ရောဂါဖြစ်ပွားစဉ်အတွင်း ဒေသခံနေထိုင်သူ ၂,၀၀၀ ခန့်က မြစ်ဝကျွန်းပေါ်ကူးစက်ရောဂါမျိုးကွဲမှ ကူးစက်ခံခဲ့ရကြောင်း သိရှိရပါတယ်။
Jasmine (Mckzone daily)
Reference : nextshark
Be the first to comment on "ကူးစက်ရောဂါကာလကြောင့် သီးသန့်ခွဲနေနေရတဲ့သခင်ဖြစ်သူအိမ်ပြန်မလာလို့ အိမ်ကပစ္စည်းမှန်သမျှကို ရစရာမရှိအောင် ဖျက်ဆီးနေခဲ့တဲ့ ခွေးလေး (ရုပ်သံ)"