သက်ဝင်နေပုံအလား သက်ရှိသတ္တဝါများနှင့် လက်တွေ့ဆန်တဲ့ ပန်းချီကားများကို ရေးဆွဲဖန်တီးတဲ့ အနုပညာရှင်တစ်ဦး(ရုပ်သံ)

အသက် 25 နှစ်အရွယ် Aria အမည်ရှိအနုပညာရှင်တစ်ဦးရဲ့ပန်းချီကားများဟာ အစစ်လား ၊ အတုလားဆိုတာကို ခွဲခြားဖို့ ခက်ခဲပါတယ်။ ကိုယ်တိုင် self-taught လုပ်သည့် ၎င်းဂျပန်အနုပညာရှင်ဟာ စာမျက်နှာပေါ်မှ အပြင်လောကကို ရောက်လာတော့မည့် ပုံစံတူ တိရိစ္ဆာန်များနှင့် အရာဝတ္ထုများကို လှည့်စားကာ သရုပ်ဖော်ပုံများ ဖန်တီးခြင်းကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ ကျော်ကြားပါတယ်။ သူမရဲ့ နောက်ဆုံးဖန်တီးမှုဟာ စက္ကူ၏နယ်နိမိတ်မှ သိသိသာသာ လွတ်မြောက်သွားသော ငါးခူတစ်ကောင်ရဲ့ပုံစံကို ပုံဖော်ထားပါတယ်။ ၎င်းရဲ့ သုံးဖက်မြင်သဏ္ဌာန်ရှိပေမဲ့လည်း Aria ရဲ့ဒီငါးခူကောင်အနုပညာလက်ရာဟာ အမှန်တကယ်အားဖြင့် နှစ်ဘက်မြင်သာဖြစ်ပြီး ၊တတ်နိုင်သမျှ ၎င်းသက်ရှိသတ္တဝါနှင့်ဆင်တူအောင် ကျွမ်းကျင်စွာ ရေးဆွဲထားခြင်းဖြစ်ပါတယ်။

.

သူမဟာ ၎င်းအရာဝတ္တုကို ဂရုတစိုက် ရေးဆွဲကာ ၎င်းကို ရောင်စုံခဲတံအလွှာများဖြင့် ဖြည့်ပေးထားပါတယ်။ ဤနည်းပညာက သူမအား အလင်းနှင့် အရိပ်ကို ပြန်လည်ဖန်တီးနိုင်စေပြီး ပုံတစ်ပုံချင်းစီကိုလည်း သုံးဖက်မြင်ပုံပေါက်စေပါတယ်။

ထို့ပြင် Aria ဟာ သူမ၏အနုပညာလက်ရာကို ထင်ယောင်ထင်မှားဖြစ်စေရန်အတွက် နောက်ထပ်လှည့်ကွက်တစ်ခုအဖြစ် ပုံဆွဲပြီးတာနဲ့ ငါးခူရဲ့အမြီးပိုင်းက စက္ကူအပေါ်ပိုင်းကို ဖြတ်တောက်လိုက်ပါသေးတယ်။

ဤသေးငယ်သော အထိအတွေ့ဟာ ကြည့်ရှုသူများရဲ့မျက်လုံးများကို အရူးအမူးဖြစ်စေခဲ့ပြီး သူမရဲ့အခြားသောသရုပ်ဖော်ပုံများကလည်း စက္ကူပေါ်တင်ထားတာ သို့မဟုတ် စက္ကူရွက်ပေါ်ကနေ ခုန်ထွက်လာတဲ့ တကယ့်အရာဝတ္ထုများနှင့် သက်ရှိသတ္တဝါများအလား ဖြစ်ပေါ်လာစေပါတယ်။

.

Aria ရဲ့နောက်ဆုံးအပ်ဒိတ်ပုံများကို စိတ်ဝင်စားရင်တော့ Instagram မှာ ariritia_art ဆိုတဲ့အကောင့်ကိုလည်း follow သွားလုပ်ထားနိုင်ပါတယ်။

Mia (Mckzone daily)

Reference : mymodernmet

Be the first to comment on "သက်ဝင်နေပုံအလား သက်ရှိသတ္တဝါများနှင့် လက်တွေ့ဆန်တဲ့ ပန်းချီကားများကို ရေးဆွဲဖန်တီးတဲ့ အနုပညာရှင်တစ်ဦး(ရုပ်သံ)"

Leave a comment

Your email address will not be published.


*