အဘိုးအဘြားေတြ ဆုံးၿပီျဖစ္တဲ့အတြက္ မေတာ္တဆေၾကာင့္ ေဆး႐ုံတင္ထားရတဲ့ မိခင္ကို ျပဳစုေစာင့္ေရွာက္ေပးေနရတဲ့ ၃ ႏွစ္အ႐ြယ္ကေလးငယ္

ေလာကႀကီးမွာ ဘယ္သူကမွ ကိုယ့္ကံၾကမၼာကို မေ႐ြးခ်ယ္ႏိုင္ေပမယ့္ အေကာင္းဆုံးျဖစ္ေအာင္ ဘယ္လိုေနထိုင္ရမလဲဆိုတာကို ေ႐ြးခ်ယ္ႏိုင္ပါတယ္ ။ အသက္ ၃ ႏွစ္သာရွိေသးတဲ့ Qianqian အမည္ရွိ ကေလးမေလးရဲ႕ ဘဝအျဖစ္အပ်က္ေလးက လူမ်ားစြာကို မ်က္ရည္က်ေစခဲ့ပါတယ္ ။ ဒီကေလးမရဲ႕မိခင္ အသက္ ၃၀ ႏွစ္ မစၥ Wang Huixian က ယာဥ္မေတာ္တဆမႈေၾကာင့္ ဒဏ္ရာအျပင္းအထန္ရကာ ေဆး႐ုံတင္ထားရပါတယ္ ။ ထိုအခ်ိန္မွာ ခင္ပြန္းျဖစ္သူနဲ႔ ကြာရွင္းၿပီးတဲ့အခ်ိန္ျဖစ္တာေၾကာင့္ သူမရဲ႕ အေျခအေနဟာ အလြန္ခက္ခဲေၾကာင္းသိရွိရၿပီး သူမရဲ႕ မိဘေတြလည္း ကြယ္လြန္သြားခဲ့ၿပီး အခုခ်ိန္မွာေတာ့ မိခင္နဲ႔သမီး တဦးတည္းသာ မွီခိုအားထားေနရတာ ျဖစ္ပါတယ္ ။

သူ႔အေမ ေဆး႐ုံတက္ေနစဥ္အတြင္း ကေလး Qianqian က မိခင္ရဲ႕ ဝတ္ႀကီးစားငယ္မ်ားကို တာဝန္ေက်ပြန္စြာ လုပ္ေဆာင္ခဲ့တာေၾကာင့္ လူအမ်ား ခ်ီးက်ဴးခဲ့ပါတယ္ ။ အထီးက်န္မိသားစုအေျခအေနေၾကာင့္ အသက္ ၃ ႏွစ္သာရွိေသးေသာ္လည္း၊ သူမက မိခင္ကို စိုးရိမ္ေသာမ်က္လုံးမ်ားျဖင့္ ျပဳစုေပးတာဟာ ကေလးရဲ႕ထူးျခားေသာစြမ္းအင္ကို ျပသေနပုံရပါတယ္ ။ ေက်းဇူးရွင္မ်ားစြာက အေျခအေနကိုသိၿပီး ၎တို႔ရဲ႕မိခင္နဲ႔သမီးတို႔ကို သြားေရာက္ၾကည့္ရႈကာ အဝတ္အစားနဲ႔ အစားအေသာက္မ်ား ေပးလႉၾကပါတယ္ ။

လက္ရွိမွာ မိခင္နဲ႔သမီး Qianqian ကို ကူညီရန္ ပရဟိတအဖြဲ႕အစည္းမ်ားနဲ႔ လူပုဂၢိဳလ္မ်ားက အကူညီေပးေနပါတယ္ ။ အြန္လိုင္းအသိုင္းအဝိုင္းနဲ႔ လူတိုင္းက မစၥ Wang ျပန္လည္ေကာင္းမြန္လာေစရန္နဲ႔ ကေလးမေလးလည္း အျခားကေလးငယ္လို႔ လြတ္လပ္စြာ ေပ်ာ္႐ႊင္ႏိုင္ဖို႔ လူတိုင္းက ေမွ်ာ္လင့္ေနၾကပါတယ္ ။

.

.

.

.

JRose (Mckzone daily)

Reference : yan

Unicode

လောကကြီးမှာ ဘယ်သူကမှ ကိုယ့်ကံကြမ္မာကို မရွေးချယ်နိုင်ပေမယ့် အကောင်းဆုံးဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲဆိုတာကို ရွေးချယ်နိုင်ပါတယ် ။ အသက် ၃ နှစ်သာရှိသေးတဲ့ Qianqian အမည်ရှိ ကလေးမလေးရဲ့ ဘဝအဖြစ်အပျက်လေးက လူများစွာကို မျက်ရည်ကျစေခဲ့ပါတယ် ။ ဒီကလေးမရဲ့မိခင် အသက် ၃၀ နှစ် မစ္စ Wang Huixian က ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာအပြင်းအထန်ရကာ ဆေးရုံတင်ထားရပါတယ် ။ ထိုအချိန်မှာ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြီးတဲ့အချိန်ဖြစ်တာကြောင့် သူမရဲ့ အခြေအနေဟာ အလွန်ခက်ခဲကြောင်းသိရှိရပြီး သူမရဲ့ မိဘတွေလည်း ကွယ်လွန်သွားခဲ့ပြီး အခုချိန်မှာတော့ မိခင်နဲ့သမီး တဦးတည်းသာ မှီခိုအားထားနေရတာ ဖြစ်ပါတယ် ။

သူ့အမေ ဆေးရုံတက်နေစဉ်အတွင်း ကလေး Qianqian က မိခင်ရဲ့ ဝတ်ကြီးစားငယ်များကို တာဝန်ကျေပွန်စွာ လုပ်ဆောင်ခဲ့တာကြောင့် လူအများ ချီးကျူးခဲ့ပါတယ် ။ အထီးကျန်မိသားစုအခြေအနေကြောင့် အသက် ၃ နှစ်သာရှိသေးသော်လည်း၊ သူမက မိခင်ကို စိုးရိမ်သောမျက်လုံးများဖြင့် ပြုစုပေးတာဟာ ကလေးရဲ့ထူးခြားသောစွမ်းအင်ကို ပြသနေပုံရပါတယ် ။ ကျေးဇူးရှင်များစွာက အခြေအနေကိုသိပြီး ၎င်းတို့ရဲ့မိခင်နဲ့သမီးတို့ကို သွားရောက်ကြည့်ရှုကာ အဝတ်အစားနဲ့ အစားအသောက်များ ပေးလှူကြပါတယ် ။

လက်ရှိမှာ မိခင်နဲ့သမီး Qianqian ကို ကူညီရန် ပရဟိတအဖွဲ့အစည်းများနဲ့ လူပုဂ္ဂိုလ်များက အကူညီပေးနေပါတယ် ။ အွန်လိုင်းအသိုင်းအဝိုင်းနဲ့ လူတိုင်းက မစ္စ Wang ပြန်လည်ကောင်းမွန်လာစေရန်နဲ့ ကလေးမလေးလည်း အခြားကလေးငယ်လို့ လွတ်လပ်စွာ ပျော်ရွှင်နိုင်ဖို့ လူတိုင်းက မျှော်လင့်နေကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "အဘိုးအဘြားေတြ ဆုံးၿပီျဖစ္တဲ့အတြက္ မေတာ္တဆေၾကာင့္ ေဆး႐ုံတင္ထားရတဲ့ မိခင္ကို ျပဳစုေစာင့္ေရွာက္ေပးေနရတဲ့ ၃ ႏွစ္အ႐ြယ္ကေလးငယ္"

Leave a comment

Your email address will not be published.


*