ခြေဆီချွေးထွက်တတ်တဲ့ Chessy ခြေဖဝါးတွေရှိခြင်းဟာ ရှက်စရာတစ်ခုမဟုတ်ပေမယ့် လူတိုင်းနီးပါး ၎င်းက အနံ့အသက်မကောင်းတာကို သိထားကြပါလိမ့်မယ်။ ဘာလို့ဆို သင့်အရေပြားနှင့် ဖိနပ်တွေမှာ နေထိုင်တဲ့ ဘက်တီးရီးယားများက သင့်ခြေဖဝါးကနေထွက်လာတဲ့ချွေးကိုစားသုံးတဲ့အခါမှာ ရောဂါပိုးများ ဖြစ်ပွါးတတ်ပြီး ရလဒ်အနေနဲ့ အနံ့ဆိုးဆိုးရွားရွားကြီးတွေ ထွက်ပေါ်လာတတ်ပါတယ်။ ဒါပေမဲ့ Google ကနေ ထိုအနံ့ဆိုးအား ရပ်တန့်ရန် အချို့နည်းလမ်းများကို သင့်ကိုယ်တိုင် လုံ့လဝီရိယရှိစွာ လိုက်လုပ်နိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင် သင့်ရဲ့ခြေဖဝါးများက မင်းပတ်ဝန်းကျင်မှာရှိတဲ့သူများကို ထိခိုက်စေမှာ သေချာပါတယ်။ Weibo မှာ ပျံ့နှံ့သွားခဲ့တဲ့ ဗီဒီယိုတစ်ခုမှာ တရုတ်နိုင်ငံရှိ စတိုးဆိုင်တစ်ဆိုင်ရှေ့မှာ အမျိုးသားတစ်စုကို တွေ့မြင်နိုင်ပါတယ်။
.
ဗီဒီယိုထဲမှာ မီးသီးအသစ်တစ်လုံးလဲဖို့လုပ်နေတဲ့ အမျိုးသားတစ်ဦးက သူ့ဖိနပ်ကိုချွတ်ပြီး ကုလားထိုင်ပေါ်သို့တက်ကာ ကျွမ်းနေတဲ့ထိုမီးသီးကို ပြင်နေခဲ့ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အဖြူအမည်းဆက် ခွေးလေးတစ်ကောင်က ထိုအမျိုးသားချွတ်ထားတဲ့ဖိနပ်ဆီ မရောက်ခင် ၎င်းဆိုင်တစ်ဝိုက်မှာ အနံ့ခံထွက်လာခဲ့တာကို မြင်တွေ့ရမှာပါ။
.
နောက်တော့ ထိုခွေးလေးက ထိုအမျိုးသားချွတ်ထားတဲ့ဖိနပ်တစ်ရံဆီသို့ ဦးတည်ပြီး အနံ့ခံကြည့်လိုက်တဲ့အခါမှာတော့ မထင်ထားတဲ့ ဆိုးရွားတဲ့အနံ့အသက်ဆိုးကြောင့် ခွေးလေးက လျင်မြန်စွာ လမ်းဘေးသို့ ပြေးထွက်သွားပြီး ခိက်ချင်း အော့အန်သွားခဲ့ပါတယ်။
.
ထိုအဖြစ်အပျက်ကို ကြည့်ရှုနေသူများက ထိုခွေးလေးထွက်ပြေးသွားတာကို ရယ်မောနေခဲ့ကြပေမဲ့ ထိုခွေးလေးက ရုတ်တရက် ထအန်လာတော့ ထိတ်လန့်သွားခဲ့ရပါတယ်။
ခွေးလေးရဲ့ဆိုးရွားတဲ့တုံ့ပြန့်မှုကိုကြည့်ပြီး သနားစရာ ခွေးလေးအတွက် ၎င်းအနံ့က ဘယ်လောက်တောင်ဆိုးရွားလဲဆိုတာကို တွေးမိကြမှာပါ။ ခြေဖဝါးအနံ့ဆိုးများ (သို့) bromodosis ခြေထောက်တစ်ကိုယ်ရေသန့်ရှင်းရေးကို မြှင့်တင်ရန်အတွက် ရိုးရှင်းတဲ့ ခြေဖဝါးကုသမှုအချို့ကို စမ်းသပ်ခြင်းဖြင့် ကုသနိုင်ပါတယ်။ သို့ပေမဲ့ မကုသဘဲထားခြင်းက နောင်လာမည့်အခြေအနေဆိုးများရဲ့လက္ခဏာတစ်ခုဖြစ်လာနိုင်ပါတယ်။
Mia (Mckzone daily)
Reference : gtgoodtimes
Be the first to comment on "စပ်စုပြီး အမျိုးသားတစ်ဦးရဲ့ဖိနပ်ကို အနံ့ခံကြည့်လိုက်ပြီးတဲ့နောက်မှာ ချက်ချင်းဘဲ အော့အန်သွားခဲ့ရတဲ့ ခွေးလေးတစ်ကောင် (ရုပ်သံ)"